သင့်မှာ အပေါက်‌တွေကို ကြောက်တဲ့ရောဂါရှိရင် မကြည့်သင့်တဲ့ ဖားပြုပ်မျိုးစိတ်

//s9.kh1.co/01/01a3131da435497cfe58a0686870e39d9d049230.jpg
MPT

 ၂၆-ဒီ-၂၀၂၂ ၁pm · လွန်ခဲ့သော ၃ နှစ် က

သင့်မှာ အပေါက်‌တွေကို ကြောက်တဲ့ရောဂါရှိရင် မကြည့်သင့်တဲ့ ဖားပြုပ်မျိုးစိတ်

ကာရေဘီယံ ဒါမှမဟုတ် တောင်အမေရိက မိုးသစ်တော‌တွေရဲ့ ရွှံ့ညွန်များနဲ့ စမ်းချောင်းတွေမှာ စူးစမ်းလေ့လာမယ်ဆိုရင် သင်ခြေတစ်လှမ်းတွေကို သတိထားသင့်ပါတယ်။ တကယ်လို့ အညိုရောင် အရွက်တွေ ပေါ်လာမယ်ဆိုရင် ဒါဟာ ဆူရီနမ် ဖားပြုပ် ဖြစ်နိုင်ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/7a/7a19fd326c7c63044148c8a8e6ac70acf2b630a9.webp

ဆူရီနမ် ဖားပြုပ် ရဲ့လက်တင်နာမည်ကတော့ Pipa pipa ဖြစ်ပါတယ်။သူ့မှာ ချောမွတ်တဲ့ အသားအရည်ရှိပေမယ့်လည်း အခြား ဖားပြုပ်တွေနဲ့မတူဘဲ သူတို့ဟာ ပြန့်ကားနေတဲ့ ခန္ဓာကိုယ်အနေအထားရှိပါတယ်။ အရွယ်အစားကတော့ ၄ လက်မကနေ ၅ လက်မထိ ရှိကြပါတယ်။ ဆူရီနမ် ဖားပြုပ်တွေဟာ အသက်ရှုဖို့ ရေမျက်နှာပြင်ပေါ် မရောက်မီ တစ်နာရီအထိ ရေအောက်မှာ ရှိနေနိုင်ပါတယ်

https://s9.kh1.co/__image/w=632,h=622,q=100/97/97962e689c0ec1bc1c985382c429ed11d8dd0865.jpg

။သူတို့ရဲ့ ရှည်လျားတဲ့ ခြေချောင်းများနဲ့ သားကောင်ကို ဖမ်းပြီးရင် ပါးစပ်ထဲကို ထည့်ပြီး တစ်‌ကောင်လုံး မျိုချကြပါတယ်။ သူတို့ရဲ့အစာကတော့ ငါးငယ်များ၊ တီကောင်များနဲ့ အခြားကျောရိုးမဲ့သတ္တဝါတွေ ဖြစ်ကြပါတယ်။ ဆူရီနမ် ဖားပြုပ်တွေမှာ ပုံမှန်မဟုတ်တဲ့ မျိုးပွားမှု အလေ့အထရှိပါတယ်။ မိတ်လိုက်နေစဉ် သူတို့ဟာ ရေထဲမှာ ကျွမ်းပစ်ကြပါတယ်။ ဒီအချိန်မှာ အမတွေဟာ ဥ 100 ခန့် ထုတ်နိုင်ပြီး အထီးများက သူတို့ကို မျိုးအောင်အောင် ပြုလုပ်ကြပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/78/781400448d2caeb970004352981a2ea56037fe37.jpg

ချက်ချင်းဆိုသလို မျိုးအောင်တဲ့ ဥတွေဟာ မိခင်ရဲ့အရေးပြားအိတ်ထဲကနေ လေးလကြာပြီးနောက်မှာ ဖားတစ်ပိုင်းအဖြစ် ထွက်လာကြပါတယ်။ သတိပေးချက် - သင့်မှာ Trypophobia ဆိုတဲ့ အပေါက်‌တွေကိုကြောက်တဲ့ရောဂါရှိရင် ဒီဗီဒီယိုကို မကြည့်ဖို့ အကြံပြုလိုပါတယ်။ ဗီဒီယိုကတော့ သူတို့တွေ ကလေးဘယ်လိုမွေးလဲဆိုတာကို ဖော်ပြထားတာပါ။

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T