ပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေးစွာ အရောင်ပြောင်းနိုင်စွမ်းရှိတဲ့ ပုတ်သင်ညို

//s9.kh1.co/c1/c1891da27d49a7bb62aa6c8ed57b4385cc9afd02.jpg
MPT

 ၁၉-ဒီ-၂၀၂၂ ၃pm · လွန်ခဲ့သော ၃ နှစ် က

ပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေးစွာ အရောင်ပြောင်းနိုင်စွမ်းရှိတဲ့ ပုတ်သင်ညို

Chamaeleonidae လို့ခေါ်တဲ့ ပုတ်သင်ညိုကတော့ ကျွန်တော် တွေ့ဖူးသမျှ ပုတ်သင်ညိုတွေထဲမှာ ထူးခြားဆုံးပါပဲ။ သူရဲ့ ကိုယ်ရောင်ကိုယ်သွေးနှင့် ခန္ဓာကိုယ်တည်ဆောက်ပုံကတော့ အခြားမျိုးစိတ်တွေနဲ့ တော်တော်လေးကွဲပြားပါတယ်။ ပိုပြီး စိတ်ဝင်စားစရာကောင်းတာက သူမှာ chromatophores လို့ခေါ်တဲ့ အထူးအရေပြားဆဲလ်များရှိတာကြောင့် ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေး ပြောင်းလဲနိုင်စွမ်းရှိတာ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=433,q=100/fd/fd5ef2a66aa01c0e1875e7f5c6ca814bcbdb1329.jpg

ဘယ်လိုအချိန်တွေမှာ အရောင်ပြောင်းလဲကြလဲဆိုရင် အထူးသဖြင့် သူတို့ရဲ့ နယ်မြေကို ကာကွယ်ဖို့ (ဒါမှမဟုတ်) မိတ်ဖက်များကို ဆွဲဆောင်ရာမှာ ပြောင်းလဲကြတာပါ။ အရောင်အားဖြင့် ပြောင်းလဲရာမှာလည်း အစိမ်းရောင်က ပိုများပေမယ့် အချို့ကတော့ အဝါရောင် ၊ အနီရောင် (သို့မဟုတ်) အနက်ရောင်များဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/06/06b50eb799f2d3760f8b4503060b002d8a54db13.jpg

ဒီလိုအရောင် ပြောင်းနိုင်ခြင်းကလည်း သူတို့အတွက် သားကောင်ကို ဖမ်းရာက ပိုလွယ်ကူလှပါတယ်။ သူတို့တွေဟာ သားကောင်ကို မျက်စိမှောက်အောင် မြွေးတွေ၊ငှက်တွေလိုမျိုး ပုန်းအောင်းပြီး ပတ်ဝန်းကျင်နှင့် ရောနှောနိုင်တဲ့ စွမ်းရည်ကို အသုံးပြုကြပါတယ်။

https://s9.kh1.co/__image/w=650,h=437,q=100/4e/4e8407dd4dbd17b49713c62326c78ac2f727d75f.jpg

ထူးခြားတဲ့ လက္ခဏာရပ်ကတော့ သူတို့မှာ မတူညီတဲ့ လမ်းကြောင်းနှစ်ခုကို တစ်ပြိုင်တက်ထဲ ရွေ့လျားနိုင်တဲ့ မျက်လုံးများရှိပြီး ခြေဖဝါးကတော့ ငှက်ခြေဖဝါးနှင့် ဆင်တူလှပါတယ်။

https://s9.kh1.co/__image/w=480,h=423,q=100/87/879a30c6e4e02c0480b643fe23042e7bfd05edb9.webp

အကောင်အရွယ်စာကတော့ ၁၆ မီလီမီတာ ကနေ ၇၀ စင်တီမီတာ (၂၇ လက်မ) အရှည်အထိ ရှိပြီး မျိုးစိတ်ပေါင်းကတော့ ၂၀၀ ကျော်လောက်ရှိပါတယ်။ သူတို့တွေအားလုံးကိုတော့ မိုးသစ်တောများ ၊ လယ်ကွင်းများနှင့် တောကန္တာရတွေမှာ တွေ့ရနိုင်ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/f3/f3f187feaeb0f92f5ac72ae314fd3b8bf2924bae.jpg
Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T