Philippine Eagle ဟာ ကမ္ဘာ့အကြီးဆုံး သားရဲတွေထဲက တစ်ကောင်ဖြစ်ပါတယ်။ သူ့ကို အရင်က မျောက်စားသိမ်းငှက်လို့ လူသိများကြပါတယ်။ အကြောင်းမှာ သူတို့ဟာ မျောက်များကို သီးသန့် လုယက်ခဲ့ကြတယ်လို့ ဒေသခံတွေက ပြောကြားခဲ့ဖူးလို့ပါပဲ။ ဒါပေမယ့် ဒီငှက်တွေဟာ ကြွက်နဲ့ ပုတ်သင်ညိုုမျိုးနွယ်တွေကိုပဲ အမဲလိုက်တတ်ကြောင်း လေ့လာတွေ့ရှိပြီးနောက်မှာ ဒီမျောက်စားသိမ်းငှက်ဆိုတာ မှားနေကြောင်း ဖော်ပြခဲ့ကြပါတယ်။

သူတို့ဟာ ကိုယ့်ရဲ့တွဲဖက်မသေမချင်း အဲ့ဒီတွဲဖက်နဲ့ပဲ သေတဲ့ထိ နေတတ် မိတ်လိုက်တတ်ပြီး သူတို့မှာ နှစ်နှစ်လောက်ထိ ရှည်လျားတဲ့ မျိုးပွားစက်ဝန်းရှိပါတယ်။ မွေးလာတဲ့ကလေးကို မိဘနှစ်ပါးလုံးဟာ လ ၂၀ ကြာ ပြုစုစောင့်ရှောက်ကြပါတယ်။

ါပေမယ့် ဒီဖိလစ်ပိုင် သိမ်းငှက်အရေအတွက်ဟာ လွန်ခဲ့တဲ့ နှစ် ၄၀ အတွင်း တဖြည်းဖြည်း ကျဆင်းလျက်ရှိပြီး မျိုးသုဉ်းဖို့ နီးကပ်လာမှာကို ပညာရှင်တွေဟာ စိုးရိမ်လျက်ရှိပါတယ်။ နေရပ်ပျောက်ခြင်း၊ ၂၀၁၃ တုန်းကလို တိုင်ဖွန်းမုန်တိုင်းလို ပြင်းထန်တဲ့ ရာသီဥတု ဖောက်ပြန်မှုကြောင့် ဘေးအန္တရာယ် ကျရောက်ခြင်း၊ သစ်ထုတ်ယူခြင်း စတဲ့ ကွဲပြားတဲ့နေရာ အမျိုးမျိုးမှာ ခြိမ်းခြောက်မှု အမျိုးမျိုးကြုံတွေ့နေတဲ့ တိရစ္ဆာန်တွေ ဖြစ်ပါတယ်။ဒီမျိုးစိတ်များဟာ အစုလိုက်ဖြစ်ပြီး ဖိလစ်ပိုင်ရှိ လေးတဲ၊ လူဇုန်၊ မင်ဒါနာအိုနှင့် ဆာမာကျွန်းတွေမှာပဲ တွေ့ရှိရပါတယ်။

အများစုကိုတော့ မင်ဒါနာအိုမှာ တွေ့ရှိနိုင်ပါတယ်။ ဖိလစ်ပိုင်သိမ်းငှက်ဟာ မတ်စောက်ပြီး ကြမ်းတမ်းတဲ့ တောင်တန်းတွေမှာ နေထိုင်ကြပါတယ်။ မတူညီတဲ့ ကျွန်းများမှာ သားကောင်ရရှိမှုအပေါ် မူတည်ပြီး သူတို့ရဲ့ အစားအစာဟာ ကွဲပြားပါတယ်။ သူတို့ဟာ စွန်ပလွံ၊ မျောက်များ၊ မြွေများ၊ ပုတ်သင်ညိုများနဲ့ တစ်ခါတစ်လေ အခြား သားကောင်များကို အမဲလိုက်ကြပေမယ့်လည်း အဓိက သားကောင်မျိုးစိတ်မှာ ဖိလစ်ပိုင်က ပျံတတ်တဲ့ လီမာတွေပဲဖြစ်ပါတယ်။





