မြေခွေတွေဟာ လုံးဝရိုင်းစိုင်းတယ်လို့ ထင်ရပေမယ့် တကယ်တမ်းတော့ ကျွန်တော်တို့ လူသားတွေအတွက် ချစ်စရာအကောင်းဆုံးနှင့် အရင်းနှီးဆုံး တိရစ္ဆာန်ဖြစ်ပါတယ်။ မြေခွေတွေမှာ စိတ်ဝင်စားစရာကောင်းတဲ့ ထူးခြားတဲ့ အပြုအမူအချို့ ရှိကြပါတယ်။

အဲ့ဒီထဲမှာ အထူးဆုံးကတော့ သူတို့ဟာ မတူညီတဲ့ အသံတု ၄၀ ကျော်လောက် ဖန်တီးနိုင်စွမ်းရှိကြပါတယ်။အသိသာဆုံး အသံကတော့ အော်ဟစ်လိုက်သလို အူသံဖြစ်ပါတယ်။ တစ်ခါတလေ ခွေသံလိုလို ၊ ကြောင်သံလို၊ ဇီးကွက်အသံလိုလို အူသံပေးတာဖြစ်လို့ မကြာခဏာ လွဲမှားတတ်ကြပါတယ်။

ပြီးတော့ သူတို့တွေ သားကောင်ကို အမဲလိုက်ဖို့ အတွက် ကမ္ဘာရဲ့ သံလိုက်စက်ကွင်းကို အသုံးပြုကြပါတယ်။ဒါ့အပြင် သူတို့ဟာ လျှို့ဝှက်ဆန်းကြယ်ပြီး ရှက်တတ်တဲ့ တိရစ္ဆာန်တွေ ဖြစ်တာကြောင့် အမျိုးမျိုးသော မြေခွေးမျိုးတွေ အများကြီးရှိတယ်ဆိုတာ ကျွန်တော်တို့တွေ မသိနိုင်ပါဘူး။

ဥပမာ - တိဗက်ဒေသတွေမှာ နေထိုင်ကြတဲ့ မြေခွေးများဟာ သူတို့ရဲ့ လှပတဲ့ ပိုးသားမွေးတွေကြောင့် ကျော်ကြားကြပါတယ်။





