ရေထဲမှာ မျှောနေတဲ့ ကြက်ဥကြော်လို့ အထင်မှားသွားစေနိုင်မယ့် ဂျယ်လီငါး

//s9.kh1.co/a2/a2001a3762741cfe3f90368aff289c061996873b.jpg
MPT

 ၁၁-ဒီ-၂၀၂၂ ၉am · လွန်ခဲ့သော ၃ နှစ် က

ရေထဲမှာ မျှောနေတဲ့ ကြက်ဥကြော်လို့ အထင်မှားသွားစေနိုင်မယ့် ဂျယ်လီငါး

Fried Egg Jellyfish တခါတရံ Egg-yolk Jellies လို့လည်း ခေါ်တဲ့ ဂျယ်လီငါးတွေဟာ အလယ်ဗဟိုမှာ ချောမွေ့ပြီး တောက်ပတဲ့ ကြက်ဥအနှစ်လို အဝါရောင်အဝိုင်းပါရှိတဲ့ ဂျယ်လီငါးတွေပါ။ ဒီထူးခြားတဲ့ အသွင်ကြောင့်ပဲ ရေထဲမှာ မျှောနေတဲ့ ကွဲနေတဲ့ကြက်ဥနဲ့ တူတာကြောင့် ခုလို Fried Egg Jellyfish လို့ပေးထားကြတာပါ။

https://s9.kh1.co/__image/w=650,h=520,q=100/21/21238f2c92982ad0d37354a6b2b3dc01d4284a09.jpg

ဒီဂျယ်လီငါးဟာ ရွေ့လျားနေချိန်မှာ အလယ်က သူ့ရဲ့အလုံးကို ဖြည်းညှင်းစွာ လှုပ်ယမ်း‌နေတတ်ပြီး အချိန်များစွာကိုတော့ မလှုပ်မယှက် ကုန်ဆုံးစေပါတယ်။ သူတို့ရဲ့လက်တွေကို ဆန့်ထုတ်နိုင်ပြီး သားကောင်တွေကို ထောင်ဖမ်းကာ လက်မှာပါတဲ့ ပါးစပ်တွေနဲ့ အစား စားနိုင်ကြပါတယ်။

https://s9.kh1.co/__image/w=650,h=435,q=100/66/66e0c1e39a1549ced04ed641a3a7c94998accae6.jpg

သူတို့ရဲ့ အဓိက သားကောင်တွေကတော့ ရေမကူးနိုင်တဲ့ ရေနေသတ္တဝါတွေနဲ့ တခြား ဂျယ်လီငါးတွေပဲ ဖြစ်ကြပါတယ်။သူတို့ရဲ့ အရောင်ဟာ အများစုအနေနဲ့တော့ ခရမ်းနက်ရောင်ရှိပြီး stingers များရှိနေချိန်မှာ sting ဟာ လူများအပေါ် သက်ရောက်မှုအနည်းငယ်သာရှိပါတယ်။ သူတို့ရဲ့ အချိန်အများစုကို မလှုပ်မယှက် ဖြုန်းတီးနေ‌ပေမယ့်လည်း ဂျယ်လီငါးတွေဟာ တက်ကြွစွာ ကူးခတ်နိုင်ကြပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/46/46140cdb6916154f057d6565ad4561a9bedb7950.jpg

Cotylorhiza tuberculata ဟာ Fried Egg Jellyfish လို့ခေါ်တဲ့ စုံတွဲမျိုးစိတ်များထဲမှ တစ်ခုဖြစ်ပြီး မြေထဲပင်လယ်မှာ အတွေ့ရများဆုံးဖြစ်ပါတယ်။ နောက်တစ်မျိုးကတော့ ကမ္ဘာတစ်ဝှမ်းမှာ တွေ့ရှိနိုင်တဲ့ ပိုကြီးတဲ့ ဂျယ်လီငါးမျိုးဖြစ်တဲ့ Phacellophora camtschatica ဖြစ်ပါတယ်။

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T