ပင်အပ်ခေါင်းရဲ့ ငါးပုံတစ်ပုံသာရှိတဲ့ ကမ္ဘာ့အသေးဆုံး ပင့်ကူများ

//s9.kh1.co/76/76d14641bd7159045b38fcbe7f1a0210460fdeb2.jpg
MPT

 ၂၅-နို-၂၀၂၂ ၃pm · လွန်ခဲ့သော ၃ နှစ် က

ပင်အပ်ခေါင်းရဲ့ ငါးပုံတစ်ပုံသာရှိတဲ့ ကမ္ဘာ့အသေးဆုံး ပင့်ကူများ

အသေးငယ်ဆုံး ပင့်ကူများဟာ အန္တာတိကမှလွဲပြီး တိုက်တိုင်းမှာရှိတဲ့ Symphytognathidae မျိုးရိုးမှဖြစ်ပါတယ်။ ဒီမျိုးနွယ်ထဲမှာ ဘယ်မျိုးနွယ်ဟာ အသေးဆုံးဆိုလဲဆိုတာကို ငြင်းခုံလျက်ရှိပါတယ်။

https://s9.kh1.co/__image/w=650,h=650,q=100/c5/c562c0223877ec22c2914c148c25e07a533ff685.jpg

ကိုလံဘီယာ Patu digua ရဲ့ အထီးများဟာ ကိုယ်ထည်အရှည် 0.37 မီလီမီတာ (0.014 လက်မ) ရှိပြီး Samoan moss ပင့်ကူ (P. marplesi) ဟာ 0.4 မီလီမီတာ (0.011 လက်မ) ရှည်နိုင်ပါတယ်။ နှစ်မျိုးလုံးက Patu မျိုးနွယ်တွေဖြစ်ပါတယ်။အသေးဆုံးပင့်ကူမျိုးနွယ်အတွက် သတ်မှတ်ချက်ပြည့်မီတဲ့ အခြားမျိုးစိတ်မှာ Anapistula ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/d4/d40689ad02b0aad1d99de493624113a633372e8b.webp

အမ Frade ဂူပင့်ကူ Anapistula ataecina ဟာ ပေါ်တူဂီနိုင်ငံရှိ လှိုဏ်ဂူတွေထဲမှာ တည်ရှိပြီး မျိုးသုဉ်းလုနီးပါးမျိုးစိတ်ဖြစ်ပါတယ်။ ခန္ဓာကိုယ်အရှည် 0.43 မီလီမီတာ (0.016 လက်မ) ရှိပါတယ်။ဒီမျိုးစိတ်များ၏ အထီးများကို ရှာဖွေတွေ့ရှိခြင်းမရှိသေးပေမယ့်လည်း အထီးတွေဟာ မမြင်တွေ့ရအောင် သေးလွန်နေတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

https://s9.kh1.co/__image/w=528,h=314,q=100/43/43e677fd389efa38f9a5f3aa2acf024b12235d6c.jpg

နောက်ထပ်မျိုးနွယ်ကတော့ အိုင်ဗရီကို့စ်မှ Anapistula caecula အမများဖြစ်ပြီး 0.48 မီလီမီတာ (0.018 လက်မ) ရှည်လျားပါတယ်။ ပင့်ကူတွေမှာ အမြဲတမ်း အမများဟာ အထီးတွေထက်ကြီးပါတယ်။ ဒါပေယ့် ဒီလိုပင့်ကူတွေမှာတော့ အမတွေက အဲ့လောက်ပဲရှိနေမယ်ဆို အထီးတွေရဲ့ အရွယ်အစားကို မြင်နိုင်မယ်လို့တောင် မထင်ပါဘူး။

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T