တခါတစ်လေ အိပ်ပျော်တော့မလို့ မှေးခနဲဖြစ်သွားချိန်မှာ အမြင့်တစ်နေရာကနေ ပြုတ်ကျသလိုခံစားရတာ ခလုတ်တိုက်သလိုဖြစ်ပြီး လန့်နိုးလာတာကြုံဖူးကြမယ်ထင်ပါတယ်။ ဒါကိုမြန်မာအများစုက ထမင်းလုံးတစ္ဆေခြောက်တယ်လို့ ပြောကြပါတယ်။ ညဖက်အိပ်ယာဝင်ချိန် ခြေထောက်မှာ ထမင်းလုံးကပ်နေတာကြောင့် ထမင်းလုံးတစ္ဆေကလာခြောက်တာလို့ ဆိုပါတယ်။

တကယ်တော့အဲ့ဒီလိုဖြစ်စဉ်မျိုးကို Hypnogogic jerk or Hypnic jerks လို့ခေါ်ပြီး ကြွက်သားတွေနဲ့ ဦးနှောက်တို့ကြားနားလည်မှုလွဲကြတဲ့ ဖြစ်စဉ်တစ်မျိုးဖြစ်ပါတယ်။ အိပ်ပျော်ခါနီးအချိန် တစ်ကိုယ်လုံးမှာရှိတဲ့ ကြွက်သားတွေပြေလျော့သွားပြီး အနားယူသွားတာကို ဦးနှောက်ကနားလည်မှုလွဲသွားပြီး ပြုတ်ကျသွားတယ်လို့မှတ်ယူကာ ပြုတ်ကျသလိုကြွက်သားတွေကို တုံ့ပြန်ခိုင်းတာကြောင့် ခန္ဓာကိုယ်ကအဲ့ဒီလိုခံစားရတာဖြစ်ပါတယ်။

70% သောလူတွေမှာဖြစ်လေ့ရှိပြီး ပြင်းပြင်းထန်ထန်အလုပ်လုပ်ရသူတွေ၊ မအိပ်ခင်လေ့ကျင့်ခန်းလုပ်တတ်သူတွေ၊ ကော်ဖီ၊ လက်ဖက် စတဲ့ကဖိန်းဓာတ်သုံးသူတွေနဲ့ မူးယစ်ဆေးသုံးသူတွေမှာ ပိုပြီးဖြစ်လေ့ရှိပါတယ်။

Hypnic jerks ဖြစ်တတ်သူတွေဟာ အိပ်ပျော်ခါနီး ဆတ်ခနဲ လန့်နိုးလာတာ၊ လန့်နိုးပြီးပြန်အိပ်ရခက်ခဲတာတွေကြောင့် အချို့တွေမှာတော့ အိပ်မပျော်တော့တာတွေဖြစ်ပြီး ကျန်းမာရေးထိခိုက်နိုင်ပါတယ်။ ဒါပေမယ့်လည်း Hypnic Jerk ဟာရောဂါမဟုတ်တာကြောင့် ကိုယ်ရဲ့အပြုအမူကိုဆင်ခြင်ပြီး စိတ်ဖိစီးမှုကိုလျော့ချနိုင်မယ်ဆိုရင်တော့ သက်သာသွားနိုင်ပါတယ်။