လန်ဒန်အရှေ့တောင်ပိုင်း Orpington မြို့က Flossie ဆိုတဲ့ ကြောင်လေးဟာ အသက် ၂၇ နှစ်မပြည့်မီ ကမ္ဘာ့အသက်အကြီးဆုံးကြောင်အဖြစ် ဂင်းနစ်စံချိန်ချိုးနိုင်ခဲ့ပြီး ဖြစ်ပါတယ်။ တိရစ္ဆာန်ဆေးကုဆရာဝန်များရဲ့ မှတ်တမ်းတွေအရ ကြောင်းလေး Flossie ဟာ ၁၉၉၅ ခုနှစ်နှစ်မှာ မွေးဖွားခဲ့တာကြောင့် ကမ္ဘာ့အသက်အကြီးဆုံး ကြောင်အဖြစ်မှတ်တမ်းတင်ခဲ့တာ ဖြစ်ပါတယ်။

Guinness World Records ရဲ့ အယ်ဒီတာချုပ် Craig Glenday က "ချစ်စရာကောင်းတဲ့ Flossie အကြောင်း ကြားရတာ အရမ်းအံ့သြမိခဲ့ပါတယ်...ပြီးတော့ သူ့ရဲ့ဘဝမှာ ရထိုက်တဲ့ စိတ်ချမ်းသာမှုတွေနဲ့ ပျော်ရွှင်စွာ အခြေချနေထိုင်နေတာတွေ့ရတော့ ပျော်ရွှင်မိပါတယ်" လို့ ဆိုပါတယ်။ ဒါ့အပြင် ဒီကြောင်လေးရဲ့ အသက်ဟာ နှစ်ပေါင်း ၁၂၀ ကျော် လူ့သက်တမ်းနှင့် ညီမျှတယ်လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။

ကြောင်လေး Flossie ဟာ Merseyside ဆေးရုံအနီးမှာ အလုပ်သမားတစ်ဦးမှ သူ့ကို ခေါ်ဆောင်သွားပြီး မွေးထားရာကနေ အဲ့ဒီမိသားစုမှာပဲ ၂၄ နှစ်ကြာနေထိုင်ခဲ့ပါတယ်။ သူ့ကို မွေးခဲ့တဲ့ ပိုင်ရှင်ဟာ သေဆုံးသွားခဲ့လို့ အသက် ၂၇ နှစ်အရွယ် Vicki Green ဆိုတဲ့ အမျိုးသမီးကို ထပ်မံမွေးစားဖို့ ပေးအပ်ခဲ့ပါတယ်။

သူက နားမကြားသလို မျက်စိလည်းမှုန်ပေမယ့် သူ့ကို အနှောင့်အယှက်ဖြစ်စေတဲ့ပုံမပေါ်ဘူး။ ပြီးတော့ အစားအစာဆိုရင်လည်း အရမ်းစားချင်စိတ်ရှိတယ်။ သူ့ရဲ့အကြိုက်ဆုံးအဝါရောင်စောင်ပေါ် တိုးဝှေ့ပြီး အိပ်နေတဲ့အချိန်ကလွဲလို့ အစားအသောက်ကောင်းကောင်းဆို ဘယ်တော့မှ မငြင်းဘူးလို့သိရပါတယ်။

သတင်း အရင်းအမြစ်៖ Source - dailymail