ရွှေငါးတစ်ကောင်ကို အမှောင်ခန်းထဲမှာ ထားရင် ဘာဖြစ်သွားမလဲ..?

//s9.kh1.co/e3/e3637a3ec6c76a7cc2651ca37c387b40893a1d61.jpg
MPT

 ၁၉-နို-၂၀၂၂ ၉am · လွန်ခဲ့သော ၃ နှစ် က

ရွှေငါးတစ်ကောင်ကို အမှောင်ခန်းထဲမှာ ထားရင် ဘာဖြစ်သွားမလဲ..?

ရွှေငါးဟာ လူကြိုက်များတဲ့ အိမ်မွေးတိရစ္ဆာန်တွေထဲမှာ ပါဝင်ပါတယ်။ ဒါပေမယ့် ရွှေငါးများက ခပ်ကြမ်းကြမ်း ကိုင်တွယ်ခံရတာတွေအပြင် ဘက်တီးရီးယားပိုးမွှားများကူးစက်ခံရမှာကိုလည်း ကြောက်ကြပါတယ်။

https://s9.kh1.co/__image/w=500,h=350,q=100/d0/d0b16a2b254ea8416c81ba3d75bfff31f42d5c18.jpg

နောက်ထပ်စိတ်ဝင်စားစရာက ရွှေငါးတွေကို အလင်းရောင်မရှိတဲ့ အမှောင်ထဲမှာ ထားရင် သူတို့ရဲ့ အရောင်က ဖျော့သွားပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ငါးကနေထွက်ရှိတဲ့ ရောင်ခြည်ထွက်ရှိမှုဟာ အလင်းရဲ့ အပေါ်မှာပဲ မူတည်တာကြောင့်ပါ။

https://s9.kh1.co/__image/w=650,h=366,q=100/66/665c6275b6503904b61906ae6474fb8a3d5deba5.webp

အလင်းမရတဲ့ အခါမှာ ရွှေငါးရဲ့ အရေပြားဟာ ရောင်ခြည်ပစ္စည်းထုတ်လုပ်တာကို ရပ်တန့်သွားပါတယ်။ ပြီးတော့ chromatophores လို့ခေါ်တဲ့ ဆဲလ်များဟာ အလင်းရောင်ပြန်ဟပ်ပြီး အရောင်ထွက်တဲ့ အရောင်ခြယ်ပစ္စည်းကို ထုတ်လုပ်ပါတယ်။ chromatophores ဆဲလ်က ရွှေငါးအပြင် အခြားကုန်းနေရေနေ တိရစ္ဆာန်တွေမှာလည်း ရှိကြပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/b7/b715a09528d57122a731e07df2e13f7f844681a3.jpg

အဆိုပါ အထူးဆဲလ်များရှိတဲ့ အထင်ရှားဆုံး ပိုင်ရှင်တွေကတော့ ရေဘဝဲ၊ ပြည်ကြီးငါး နှင့် ကင်းမွန်များမှာရှိပြီး အဲ့ဒီဆဲလ်များက သားကောင်တွေမမြင်အောင် ဖုံးကွယ်တဲ့ နေရာမှာ ချက်ချင်း အရောင်ပြောင်းနိုင်ကြပါတယ်။ အကယ်၍ သင့်အိမ်မှာ ရွှေငါးရှိမယ်ဆိုရင် သူတို့ရဲ့ အရောင်ပြောင်းမပြောင်း အမှောင်ထဲမှာ ထားပြီး စမ်းကြည့်ပါဦး။

https://s9.kh1.co/__image/w=630,h=945,q=100/45/4539ecebc8b13ac7f2a4c2fa922b5da78a9b1670.webp
https://s9.kh1.co/__image/w=600,h=400,q=100/7d/7d469656dd9007100682892da73c21e1887c9538.jpg
Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T