တစ်သက်မှာ တစ်ခါတောင် မြင်တွေ့ရဖို့မလွယ်ကူတဲ့ နဂါးမျိုးနွယ် ရှားပါးပုတ်သင်ညို

//s9.kh1.co/96/969c2866d8d80697f0156eb6af1d37f2cddc99a4.jpg
MPT

 ၁၄-နို-၂၀၂၂ ၁pm · လွန်ခဲ့သော ၄ နှစ် က

တစ်သက်မှာ တစ်ခါတောင် မြင်တွေ့ရဖို့မလွယ်ကူတဲ့ နဂါးမျိုးနွယ် ရှားပါးပုတ်သင်ညို

Hydrosaurus ဆိုတဲ့ သတ္တဝါက ရွက်ဖျင်နဂါး (သို့မဟုတ်) Silfin ပုတ်သင်ညိုလို့လည်း လူသိများပါတယ်။ ဒီအကောင်တွေက အတော်လေးကို ကြီးမားပါတယ်။ ပြီးတော့ သူတို့ရဲ့ ရုပ်အသွင်အပြင်က ရုပ်ရှင်ဇာတ်ကားတွေထဲက ဇာတ်ကောင်ဂေါ်စီလာကြီးတွေနဲ့တူပြီး အမြီးမှာလည်း ရှည်လျားတဲ့ အရွက်ကြီးတစ်ခုကလည်း ပါပါသေးတယ်။

https://s9.kh1.co/__image/w=612,h=408,q=100/a6/a650c269533ddff5553728540bac8cef4838dbf9.jpg

ဒါ့အပြင် သူတို့ရဲ့ခြေလက်တွေမှာလည်း ရန်သူကို တိုက်ခိုက်နိုင်စွမ်းရှိတဲ့ လက်သည်းကြီးတွေလည်း ရှိကြပါတယ်။ ဒီကောင်ကြီးတွေကို လက်နဲ့ သွားထိဖို့မပြောနဲ့ ကျွန်တော်တို့တွေ သူ့အနီးအနားကပ်ဖို့တောင် မတွေးဝံ့စရာပါ။

https://s9.kh1.co/__image/w=650,h=398,q=100/87/873b1507e2e6f22177276b56f130f88103ea3e0b.jpg

Silfin ပုတ်သင်ညိုကြီးတွေဟာ ကျွန်တော်တို့ တစ်သက်မှာတစ်ခါ မြင်ရဖို့မလွယ်တဲ့ သတ္တဝါလို့တောင် ပြောလို့ရပါတယ်။သုတေသန မှတ်တမ်းတွေအရဆိုရင် Silfin ပုတ်သင်ညိုကြီးတွေရဲ့ မျိုးစိတ်က အင်ဒိုနီးရှား (မျိုးစိတ် ၄ မျိုး) နှင့် ဖိလစ်ပိုင် (မျိုးစိတ် ၁ မျိုး) ယေဘူယျအားဖြင့် သိထားရပြီး သူတို့က မြစ်များ နှင့် ဒီရေတောများ ကဲ့သို့သော ရေများအနီးမှာ တွေ့လေ့ရှိပါတယ်။

https://s9.kh1.co/__image/w=650,h=506,q=100/c2/c29488c2964202fa11e43d51aa0fbd7341ecfa66.jpg

Silfin ပုတ်သင်ညိုတွေက ရေကိုဖြတ်ကူးမယ်ဆိုရင် သူတို့ရဲ့ ခြေနှင့်အမြီးကို အသုံးပြုပြီး အလျင်အမြန် ကူးခတ်နိုင်ကြပါတယ်။ မျိုးပွားရာမှာလည်း တစ်နှစ်လျှင်တစ်ကြိမ် လိင်တွေလို မျိုးပွားကြပေမယ့် ဥ ၂ လုံးမှ ၈ ဥကြားပဲ ဥကြပြီး အဆိုပါဥများကို သားပေါက်မပေါက်မီ နှစ်လခန့် မြေကြီးထဲမှာ မြှုပ်နှံထားကြပါတယ်။

https://s9.kh1.co/__image/w=650,h=433,q=100/83/838abd209e1f83388b3e45d6896609366cbfab9e.webp

လက်ရှိမှာတော့ Silfin ပုတ်သင်ညိုတွေဟာ တောရိုင်းတိရိစ္ဆာန်များ ရောင်းဝယ်ဖောက်ကားမှုတွေရဲ့ ခြိမ်းခြောက်ခြင်းကို ကောင်းစွာခံနေရပါတယ်။

https://s9.kh1.co/__image/w=650,h=926,q=100/85/8529aa3d81c9d85216ce115327726a45f9bfe82a.jpg
Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T