မျက်မမြင် နားမကြားအဖြစ်နဲ့ မွေးဖွားလာတတ်ကြတဲ့ ခွေးကလေးများ

//s9.kh1.co/af/afb21c96b237a92def9958c7e8dc45aa6224abce.jpg
MPT

 ၀၇-နို-၂၀၂၂ ၅pm · လွန်ခဲ့သော ၄ နှစ် က

မျက်မမြင် နားမကြားအဖြစ်နဲ့ မွေးဖွားလာတတ်ကြတဲ့ ခွေးကလေးများ

ခွေးကလေးတွေဟာ အရမ်းချစ်စရာကောင်းတာကို သင်ငြင်းလို့မရပါဘူး။ ဒါပေမယ့် မွေးစမှာ ခွေးပေါက်များဟာ မျက်စိကွယ်ခြင်း၊ နားမကြားခြင်းနဲ့ နှေးကွေးစွာ တွားသွားနေတတ်ပါတယ်။ မွေးပြီးပြီးချင်း ရက်သတ္တပတ်တွေကြာအောင် သူတို့အမေကို လုံးလုံးမှီခိုနေရတတ်ပါတယ်။

https://s9.kh1.co/__image/w=640,h=428,q=100/77/7791342d9f2a8bda4cdee44295c134db6535149e.webp

ဒါက စိတ်ဝင်စားစရာကောင်းတဲ့ မေးခွန်းတစ်ခု ဖြစ်လာစေပါတယ်။ အဲ့တာကတော့ ခွေးလေးတွေ မျက်လုံးကို ဘယ်အချိန်မှာ အပြည့်အဝ ဖွံ့ဖြိုးပြီး ဖွင့်လာတတ်ကြလဲ။ခွေးပေါက်လေးများဟာ ဆယ်ရက်မှ ဆယ့်လေးရက်ခန့်အရွယ်မှာ မျက်လုံးဖွင့်လေ့ရှိကြပါတယ်။ ပြီးတော့ ဒါက အကြောင်းပြချက်ကောင်းတစ်ခုပါပဲ။ သူ့မျက်လုံးတွေက ကမ္ဘာကြီးအတွက် အဆင်သင့်မဖြစ်သေးပါဘူး။

https://s9.kh1.co/__image/w=640,h=427,q=100/f6/f6373347989c638a6f73a415b4c71f39566ea73a.jpg

ခွေးများအားလုံးမှာ အလင်းကိုလက်ခံနိုင်ပြီး ဦးနှောက်ဆီ အမြင်အာရုံအချက်အလက်များပေးပို့တဲ့ သူတို့ရဲ့ မျက်လုံးများမှာ အာရုံကြောများရှိပါတယ်။ဒါပေမယ့် မွေးကင်းစ ခွေးကလေးရဲ့ မျက်လုံးရှိ အာရုံကြောများဟာ ဖွံ့ဖြိုးမှုနောက်ကျပြီး အလွန်အမင်း ထိခိုက်လွယ်တာကြောင့် မျက်လုံးကို ကာကွယ်ဖို့ မျက်ခွံများကို ပိတ်ထားတတ်ကြပါတယ်။ ဒါကြောင့် သူတို့မွေးလာတဲ့အခါ မျက်လုံးတွေပိတ်ထားကြတာပါ။

https://s9.kh1.co/__image/w=650,h=434,q=100/7d/7d601bed9f217c65fe4d1516c66a6e05c01be36c.jpg

နောက်ဆုံးမှာ ခွေးကလေးက အဆင်သင့်ဖြစ်တဲ့အခါ မျက်လုံးပွင့်လာပြီး တစ်ခါတစ်လေမှာတော့ မျက်လုံးတစ်ဖက်တည်းနဲ့ စတင်ပွင့်တတ်ပါတယ်။မျက်လုံးဖွင့်ပြီး‌ရင်တောင် မွေးကင်းစ ခွေးကလေးရဲ့ အမြင်အာရုံမှာ အလွန်ရှင်းလင်းခြင်းမရှိသေးပါဘူး။ သူရဲ့မျက်လုံးရှိ အာရုံကြောများဟာ ဆက်လက်ဖွံ့ဖြိုးလာပြီး လာမယ့် ရက်သတ္တပတ်များစွာအထိ ဆက်လက် ဖွံ့ဖြိုးတိုးတက်နေပါတယ်။

https://s9.kh1.co/__image/w=510,h=287,q=100/f8/f8c5b212a6d1918560e203a4d1731c095569692d.webp

မကြာခင်မှာ သူ့ပတ်ဝန်းကျင်က အရာတွေ လှုပ်ရှားမှုတွေကို မြင်လာရမှာပါ။ ဒါပေမယ့် အရွယ်ရောက်ပြီးချိန်မှာတောင် ခွေးတစ်ကောင်ရဲ့ အမြင်က လူနဲ့မတူပါဘူး။ လူတွေမှာ အသေးစိတ်အမြင်ပိုကောင်းပေမယ့် ခွေးတွေက အမှောင်ထဲမှာ ပိုမြင်ရပါတယ်။ခွေးပေါက်လေးတွေဟာ မွေးစမှာ နားမကြားဘဲ နားရွက်တွေပွင့်ဖို့ အချိန်ယူရသလို သူတို့ရဲ့ အကြားအာရုံ “ဖွင့်” ဖို့ အချိန်ယူရပါတယ်။ ခွေးလေးတွေဟာ အသံကြားရဖို့ ၂၁ ရက်ခန့် ကြာပါတယ်တဲ့။ ဒါကြောင့် ခွေးလေးတွေ မွေးပြီးချိန်မှာ အနံ့ခံအာရုံကိုပဲ စတင်ခံစားရပြီး ဖွံ့ဖြိုးလာပါတယ်။ အမြင်အာရုံရဲ့နောက်ဆုံးမှာ သူတို့ရဲ့ အကြားအာရုံကို ရရှိစေပါတယ်။ အရွယ်ရောက်တဲ့ခွေးဖြစ်ဖို့ အချိန်ယူရပါတယ်။ ဒါပေမဲ့ အဲဒါက ကြီးကျယ်တဲ့အလုပ်ပါပဲ။

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T