လင်းပိုင်များနှင့်အတူနေထိုင်တဲ့ Killer Whale ဆိုတဲ့ ဝေလငါးများဟာ သူတို့ရဲ့ အသံများကို ပြုပြင်နိုင်တာမျိုး ဒါမှမဟုတ် အသံအသစ်များကို သင်ယူနိုင်တဲ့ သီးသန့်မျိုးစိတ်စာရင်းမှာ ပါဝင်ကာ သူတို့ရဲ့ အသံများကို တုပနိုင်တယ်လို့သိရပါတယ်။

ဒါဟာ ထူးခြားတဲ့မျိုးစိတ်စာရင်းတွေထဲက တစ်မျိုးလို့ ပြောလို့ရပါတယ်။သုတေသီများဟာ Killer Whale ၁၀ ကောင်ထဲမှာ အခြား Killer Whale များနှင့်အတူနေထိုင်တဲ့ ဝေလငါး ၇ ကောင်နှင့် လင်းပိုင်များနဲ့ နေထိုင်သူ သုံးကောင်ဆိုပြီး ခွဲခြမ်းစိတ်ဖြာခဲ့ပါတယ်။

လင်းပိုင်များနှင့်အတူ နေထိုင်တဲ့ ဝေလငါး သုံးကောင်ဟာ လင်းပိုင်လိုမျိုး ဝီစီများနှင့် အသံမြည်ခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ အခြား ဝေလငါး ခုနစ်ကောင်ဟာ သာမန်ဝေလငါးမျိုးများနှင့် လုံးလုံးနီးပါး ဆက်သွယ်ထားကြောင်း ပညာရှင်တွေက တွေ့ရှိခဲ့ပါတယ်။

ဒီနှစ်နှစ်ကြာ သုတေသနပြုထားတဲ့ သုတေသန တွေ့ရှိချက်အရ လင်းပိုင်များဟာ ဝေလငါးနှင့် အခြားတိရစ္ဆာန်များရဲ့ အသံများကို တုပနိုင်တယ်လို့ သိရှိရပါတယ်။

Killer Whale တွေဟာလည်း လင်းပိုင်တွေရဲ့ အသံကိုတုပနိုင်ပါတယ်။ ဒါကြောင့်ခုတစ်ခါမှာတော့ အသံကိုလေ့လာသင်ယူနိုင်တဲ့ အုပ်စုထဲမှာ လူ၊ ငှက်၊ ဆင်၊ လင်းနို့၊ ဖျံ၊ လင်းပိုင်နဲ့ Killer Whale ဆိုတဲ့ ဝေလငါးပါ ပါဝင်လာပြီဖြစ်ပါတယ်။