မိကျောင်းများဟာ သက်ရှိတိရိစ္ဆာန်များအတွက် တိုင်းတာဖူးသမျှထဲမှာ ကိုက်အားအပြင်းဆုံးဖြစ်ပါတယ်။ သူတို့တွေရဲ့ ကိုက်အားဟာ ဘယ်လောက်ထိပြင်းလဲဆိုရင် ကမ္ဘာပေါ်မှာ မရှိတော့တဲ့ အသားစား ဂေါ်ဇီလာမျိုးနွယ်ဖြစ်တဲ့ T. rex နဲ့ အပြိုင်ဖြစ်နိုင်ပါတယ်။ မိကျောင်းထဲမှာတောင် နိုင်းမိကျောင်းတွေက ပိုပြီး ကိုက်အားပြင်းပါတယ်။

သုတေသီများဟာ ငါးမန်းဖြူကြီး (Carcharodon carcharias) ရဲ့ကိုက်တဲ့အားကို ခန့်မှန်းဖို့အတွက် ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်း (CT) စကင်နာနဲ့ ထုတ်လုပ်ထားတဲ့ ဓာတ်မှန်ပုံများကို အခြေခံပြီး ကွန်ပျူတာပုံစံများကို အသုံးပြုခဲ့ပါတယ်။ ငါးမန်းရဲ့အရွယ်အစားပေါ်မူတည်ပြီး အကိုက်ခံနိုင်အား 4,000psi နီးပါးရှိမယ်လို့ ခန့်မှန်းထားပြီး Great White ဆိုတဲ့ ငါးမန်းကို အပြင်းထန်ဆုံးကိုက်နိုင်တဲ့စွမ်းအားအတွက် ဒုတိယနေရာမှာ ထားထားကြပါတယ်။ ဒါဆို ကိုက်အားအပြင်းဆုံး တိရစ္ဆာန်ဟာ ဘယ်သားရဲဖြစ်နိုင်မလဲ။

နိုင်းမိချောင်းဟာ သူတို့ရဲ့သားကောင်ကို မျိုမချခင် အရင်ဆုံးကိုက်ပါတယ်။ ကိုက်အားက ပြင်းလှတဲ့အတွက် သားကောင်ဟာ အရိုးတွေပါ ကြေကုန်တာမို့ သူတို့တွေအတွက် မျိုချရတာလွယ်ပါတယ်။ နိုင်းမိကျောင်းများဟာ ရေငန်မိကျောင်းများထက် သေးငယ်ပေမယ့်လည်း သူတို့ဟာ အစွမ်းအထက်ဆုံး ကိုက်နိုင်အားရှိကြပါတယ်။

ရန်လိုတာမို့ နိုင်းမိကျောင်းများဟာ သူတို့ရဲ့ ရေအနီးမှာ စွန့်စားပြီး ရောက်လာတဲ့ သားကောင်မှန်သမျှကို ချေမှုန်းတတ်ကြပေမယ့်လည်း သူတို့ရဲ့ အဓိက အစားအစာမှာ ငါးဖြစ်ပါတယ်။
