လက်တွဲဖော်ရှာတာတောင် သစ်ပင်ပေါ်မှာထိုင်ပြီး အော်ခေါ်ရှာတတ်တဲ့ မျောက်မောင်းမ အမများ

//s9.kh1.co/7c/7cebcb3c53d3a9325714a36f39134667a5570463.jpeg
MPT

 ၂၉-စက်-၂၀၂၂ ၄pm · လွန်ခဲ့သော ၃ နှစ် က

လက်တွဲဖော်ရှာတာတောင် သစ်ပင်ပေါ်မှာထိုင်ပြီး အော်ခေါ်ရှာတတ်တဲ့ မျောက်မောင်းမ အမများ

Zootopia ကားထဲက Flash ဆိုတဲ့နာမည်နဲ့ တိရစ္ဆာန်ကို မှတ်မိကြသေးလား။ သူတို့ဟာ Sloths လို့ခေါ်တဲ့ မျောက်မောင်းမတွေဖြစ်ပြီး ကမ္ဘာ့အနှေးဆုံး တိရစ္ဆာန်ဖြစ်ပါတယ်။ ကမ္ဘာ့အနှေးဆုံး တိရစ္ဆာန်ဆိုသလို ပျင်းတဲ့နေရာမှာလည်း တကယ်ကို လိုက်မမှီပါဘူး။

https://s9.kh1.co/__image/w=650,h=479,q=100/82/82475aa20ad36b039e14e153b525b959b78933a8.jpg

အိမ်ထောင်ဖက်ရှာဖို့တောင် ပျင်းရိလွန်းတာကြောင့် မျောက်မောင်းမ အမတွေဟာ သစ်ပင်မှာ ထိုင်ကာ အထီးတွေအနေနဲ့ သူမနဲ့ လက်တွဲဖို့ ဆုံးဖြတ်တဲ့အထိ မကြာခဏ အော်နေတတ်လေ့ရှိပါတယ်။ လက်တွဲဖော်ရှာတာတောင် ဘာမှမလုပ်ပဲ ထိုင်ပြီးရှာနေကြတာဆိုတော့ မိုက်တော့မိုက်သား။

https://s9.kh1.co/__image/w=650,h=434,q=100/ee/eed8c0a9541b09c6627339c00914d59d95aa2442.webp

Sloth Conservation ရဲ့ ဖော်ပြချက်အရ "လက်သုံးချောင်းရှိတဲ့ ဒီတိရစ္ဆာန်တွေဟာ အနီးနားရှိ အထီးများရဲ့ အာရုံစိုက်မှုကို ဆွဲဆောင်ဖို့အတွက် သူတို့ရဲ့အသံကို ထုတ်လွင့်မှာဖြစ်ပါတယ်။ သူတို့ရဲ့ အသံ သို့မဟုတ် အော်သံဟာ ငှက်အော်သံ ဒါမှမဟုတ် လေချွန်သံနဲ့ တူပါတယ်။

https://s9.kh1.co/__image/w=650,h=465,q=100/75/75bece44e2dec00eea77e0d439a52f834255f5cf.jpg

သူမဟာ 10 မိနစ်မှ 15 မိနစ်တိုင်း ထအော်တဲ့အထိ အကြိမ်ရေတိုးလာတတ်ပြီး တစ်လလျှင် ရှစ်ရက်မှ ဆယ်ရက်အထိ ခုလိုပြုလုပ်တတ်ပါတယ်။ ဒီ‌အသံကိုကြားတဲ့ အထီးတွေက အရမ်းစိတ်လှုပ်ရှားသွားပြီး အမကို လိုက်ရှာပါလိမ့်မယ်” လို့ဖော်ပြထားဖူးပါတယ်။

https://s9.kh1.co/__image/w=650,h=322,q=100/1d/1d8f955c21829783471038e471acecc5d26baaf3.jpg
Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T