ကမ္ဘာပေါ်က ကုန်းနေသတ္တဝါတွေထဲမှာ အသံအကျယ် ဆုံးဖြစ်ကြတဲ့ မျောက်မျိုးနွယ်

//s9.kh1.co/96/962d2be8846f57b420a51d9b7c2b09ad79c81575.jpg
MPT

 ၂၈-စက်-၂၀၂၂ ၁၀am · လွန်ခဲ့သော ၃ နှစ် က

ကမ္ဘာပေါ်က ကုန်းနေသတ္တဝါတွေထဲမှာ အသံအကျယ်ဆုံးဖြစ်ကြတဲ့ မျောက်မျိုးနွယ်

ခြင်္သေ့လို ဟိန်း သံတွေကြောင့် လူသိများတဲ့ အနက်ရောင်‌အော်သံမျောက်တွေဟာ ကမ္ဘာပေါ်မှာ အသံအကျယ်ဆုံး ကုန်းသတ္တဝါအဖြစ် သတ်မှတ်ခံထားရပါတယ်။ သူတို့ရဲ့ အော်သံများကို သုံးမိုင်အကွာအဝေးအထိက‌နေ ကြားနိုင်ပြီး 140 decibels အထိရောက်ရှိနိုင်ပါတယ်။

https://s9.kh1.co/__image/w=650,h=591,q=100/a8/a8e38fc30226fddd37dec36df080b52a8646afd0.jpg

(လေယာဉ်ပျံတက်ချိန်မှာ ဂျက်အင်ဂျင်ဟာ 150 decibels ခန့်ဖြစ်ပြီး နားစည်များကို ကွဲသွားစေနိုင်တဲ့ထိ အသံကျယ်ပါတယ်။) ဒီမျောက်များဟာ သူတို့ရဲ့ နယ်မြေများ ထူထောင်ဖို့ အော်ဟစ် ညည်းတွားကြပြီး နေထွက်ချိန်မှ စတင်ကာ တစ်နာရီထက် ပိုကြာနိုင်ပါတယ်။အိမ်နီးချင်းမျောက်များဟာ သူတို့ရဲ့ တည်နေရာကို ကြေငြာဖို့ အပြန်ပြန်အလှန်လှန် အော်ဟစ်နေကြပြီး အချင်းချင်း ရှောင်ရှားနိုင်ပါတယ်။

https://s9.kh1.co/__image/w=630,h=504,q=100/4f/4fd6551963d5d5bb9101562da8bc6ceb1ec94150.jpg

မိသားစုအဖွဲ့များဟာ သေးငယ်ပြီး ရှစ်ဦးအထိရှိပါတယ်။ Howler မျောက်များမှာ အမြီးများပါရှိပြီး ဆိုလိုတာကတော့ သူတို့ဟာ သစ်ကိုင်းများကို ဆုပ်ကိုင်ဖို့နှင့် အရာဝတ္ထုများကို ကောက်ယူဖို့အတွက် အပိုကိုယ်လက်အင်္ဂါတစ်ခုလို အသုံးပြုနိုင်ပါတယ်။ မျောက်များဟာ တောင်အမေရိကတိုက်အလယ်ပိုင်း သစ်တောများအတွင်းရှိ သစ်ပင်များရဲ့ အလယ်နှင့် အထက်ပိုင်းများမှာ နေထိုင်ကြပါတယ်။

https://s9.kh1.co/__image/w=650,h=428,q=100/e7/e7f77ade72c0d16465c0ad49787e7120d4a6d453.jpg

တိရစ္ဆာန်ရုံ ဒါမှမဟုတ် တောရိုင်းထဲမှာ သူတို့နဲ့ တွေ့ပါက မတူညီတဲ့မျိုးစိတ်နှစ်ခုကို ကြည့်ရှုနေရတယ်လို့ သင်ထင်ကောင်းထင်နိုင်ပါတယ်။အထီးများဟာ အမျိူးသမီးများထက် ကြီးမားတဲ့အပြင် ဒီမျောက်များဟာ လိင်ပိုင်းဆိုင်ရာ ကွဲပြားကြပါတယ်။

https://s9.kh1.co/__image/w=640,h=427,q=100/8e/8e74187cae34ec509c9934a09c598ce21e5f928c.jpg

ဆိုလိုတာကတော့ လိင်များဟာ အရောင်ကွဲပြားတာပါ။ အထီးများဟာ အနက်ရောင်ဖြစ်ပြီး အမျိုးသမီးနှင့် အရွယ်မရောက်သေးသူများမှာ ရွှေရောင်ဖြစ်ပါတယ်။ အထီးများရဲ့ အမြီးမှာ ၂၄ လက်မ မှ ၂၆ လက်မအထိ ရှည်ပြီး အမများရဲ့ အမြီးဟာ လက်မ 20 ခန့်မှာ အနည်းငယ်တိုပါတယ်။ ကိုယ်အလေးချိန် 15 ပေါင်မှ 30 ပေါင်အထိရှိတတ်ပြီး သူတို့ရဲ့သက်တမ်းက 15-20 နှစ်ဖြစ်ပါတယ်။

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T