ကြက်တွေဘာလို့ သူတို့ရဲ့တွန်သံကြောင့် နားမကန်းရတာလဲဆိုတာ သင်သိပါသလား

//s9.kh1.co/17/17638994a54a329c0f2c067baffdba7ac933af5a.jpg
MPT

 ၂၆-စက်-၂၀၂၂ ၂pm · လွန်ခဲ့သော ၃ နှစ် က

ကြက်တွေဘာလို့ သူတို့ရဲ့တွန်သံကြောင့် နားမကန်းရတာလဲဆိုတာ သင်သိပါသလား

ကြက်အော်သံဟာ မနက်ခင်းတိုင်းလိုလို ကြားရတတ်ပါတယ်။ ပတ်ဝန်းကျင်မှာ ကြက်ရှိ‌ရင်တော့ ကြားရမှာပေါ့။ သူတို့ရဲ့ ဒီ‌ကျယ်လောက်လှတဲ့ အော်သံ‌ကြောင့် သူတို့တွေ နားမကန်းကြဘူးလားလို့ တွေးဖူးပါသလား။

https://s9.kh1.co/__image/w=650,h=427,q=100/8b/8b82ca5cf1e8122255e48f4088759f401a12630d.jpg

ဘယ်လ်ဂျီယံရှိ University of Antwerp နဲ့ University of Ghent တို့မှ သုတေသီအဖွဲ့တစ်ဖွဲ့ဟာ ကြက်တွေ အော်သံနဲ့ ပတ်သက်ပြီး ‌လေ့လာခဲ့ပါတယ်။ လေ့လာရင်းနဲ့ ကြက်တွေဟာ သူတို့အော်သံ‌ကြောင့် သူတို့ကိုယ်သူတို နားမကန်စေဖို့ ကာကွယ်နိုင်တဲ့ နည်းလမ်းကို ပညာရှင်တွေဟာ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ခြံတစ်ခြံမှာ နေထိုင်ဖူးသူတိုင်းဟာ ကြက်တွန်သံ (ကြက်အထီး) ရဲ့ အသံကို ကြားဖူးမှာပါ။

https://s9.kh1.co/__image/w=640,h=360,q=100/ad/ad50a5cd7128baea707e8a043016917a00b51f92.webp

တချို့လူအနည်းငယ်ဟာ ဒီတွန်သံက ဘယ်လောက်တောင်ကျယ်လောင်လဲဆိုတာ သိရှိနားလည်ကြပါတယ်။ ဒါကြောင့် သုတေသီများဟာ တွန်သံဘယ်‌လောက် ကျယ်လောင်တာကို တိုင်းတာဖို့နဲ့ ကြက်ဟာ နံနက်တိုင်း သူ့အလိုလို သူ့တွန်သံကို မကြားရအောင် ဘယ်လို‌ ရှောင်ရှားနိုင်လဲဆိုတာ ရှာဖွေခဲ့ကြပါတယ်။အဖွဲ့ဟာ ကြက်တွန်သံ ဘယ်လောက်ကျယ်လောင်တာကို တိုင်းတာဖို့ သေးငယ်တဲ့ မိုက်ခရိုဖုန်းတစ်လုံးကို အဖွဲ့ဟာ ကြက်ဖများနားမှာ ထားလိုက်ပါတယ်။အသံဟာ ထင်ထားတာထက် ပိုမိုကျယ်လောင်တာကို သူတို့တွေ့ရှိခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/70/70e0d0dd0f0083f9f0969efd669c0bd355fee344.jpg

အသံဟာ လွှစက်နဲ့ အကြမ်းဖျင်းတူပါတယ်။ ကျယ်လောင်တာကို ပြောတာပါ။ နားအတွင်း အကာအကွယ်မပါဘဲ လွှစက်ကို ပုံမှန်အသုံးပြုသူများဟာ နားအတွင်းပိုင်းရှိ အမွှေးအမျှင်သေးသေးလေးများ ပျက်စီးခြင်းကြောင့် အချိန်ကြာလာတာနှင့်အမျှ နားပင်းသွားတတ်တာကို သတိပြုသင့်ပါတယ်။ ကြက်ထီးရော ကြက်မရောဟာ နားထဲမှာ အဲ့ဒီလို အလားတူ အမွေးများ ပါနေတာမို့ အဖွဲ့ဟာ ဘာကြောင့် ဒါတွေ မပျက်စီးသွားတာကို အံ့ဩသွားကြပါတယ်။

https://s9.kh1.co/__image/w=650,h=423,q=100/c7/c7453130fdd2a86f3195b30c830f1e589e9fa6f6.webp

သိရှိဖို့အတွင် သူတို့ရဲ့ ကြက်တွေရဲ့ ဦးခေါင်းခွံများပေါ်မှာ မိုက်ခရိုကွန်ပြူတာဓာတ်မှန်ရိုက်ခြင်းကို ပြုလုပ်ခဲ့ပါတယ်။ကြက်တွေရဲ့ နားစည် တစ်ဝက်ကို ဝင်လာတဲ့ ဆူညံသံများကို စိုစွတ်စေတဲ့ တစ်ရှူးပျော့များဖြင့် ဖုံးအုပ်ထားတာကို တွေ့ရှိခဲ့ပါတယ်။ အဲ့ဒီအပြင် ကြက်တွေ တွန်ဖို့လုပ်တဲ့အခါ ခေါင်းစောင်းရင် အဲ့ဒီတစ်ရှူးလေးတွေဟာ အပြည့်ဖုံးကာပေးတာကိုပါ တွေ့ရှိခဲ့ကြပါတယ်။ အဲ့တာကဘာနဲ့တူလဲဆိုတော့ သူတို့ တွန်တဲ့အခါ သူတို့ကို တခြားတစ်ယောက်က နားထဲလက်ထိုးထည့်ပိတ်ပေးထားသလိုပါပဲ။ ပညာရှင်တွေဟာ နောက်ထပ် စိတ်ဝင်စားစရာတစ်ခုကို ထပ်‌တွေ့ခဲ့ပါတယ်။ အဲ့တာကတော့ သူတို့ရဲ့နားထဲက ပျက်စီးသွားတဲ့ အမွှေးအမျှင်တွေကို ပြန်ပေါက်စေတာပါပဲ။ ကြက်မတွေကတော့ ကြက်ထီးတွေလို နားထဲက အမွှေးတွေမပျက်စီးကြပါဘူး။ ဒါကိုတော့ လေ့လာတွေ့ရှိမှုအရ သိကြပြီးသားပါ။

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T