စွန်ပလွန်သီးက လူသားတွေအတွက် ဘယ်လောက်ထိအကျိုးပြုလဲ...?

//s9.kh1.co/00/00dc50f57247438a42dc1a132e97f98992eca97b.jpg
MPT

 ၂၃-စက်-၂၀၂၂ ၂pm · လွန်ခဲ့သော ၄ နှစ် က

စွန်ပလွန်သီးက လူသားတွေအတွက် ဘယ်လောက်ထိအကျိုးပြုလဲ...?

စွန်ပလွန်သီး(ခေါ်) Date Palm ဟာ အရသာရှိတဲ့အပြင် လူသားတွေအတွက် ထူးထူးခြားခြားကျန်းမာရေး အကျိုးဇူးများရရှိစေတဲ့ အသီးဖြစ်ပါတယ်။ အချို့သောသူများက စွန်ပလွန်သီးကို အစိမ်းလတ်လတ်ဆတ်ဆတ် စာကြသလို အချို့က ယိုထိုးပြီး စားသောက်ကြပါတယ်။

https://s9.kh1.co/__image/w=600,h=600,q=100/28/287da25762dc68cd9a45dd320c880706b705a1fd.jpg

အများအားဖြင့် ရောင်းချသူများကတော့ စွန်ပလွန်သီးအစိမ်းတွေကို နေခြောက်လှမ်းပြီးမှသာ ရောင်းချကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စွန်ပလွန်သီး အခြောက်က နှစ်လကြာရှည်အထားခံလို့ပါ။စွန်ပလွန်သီးရဲ့ အသားပဲ အကျိုးရှိတာ မဟုတ်ပါဘူး။ သူ့ရဲ့ အဆီ နှင့် အစေ့ကလည်း အလွန်အသုံးဝင်ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/8c/8ccc39f69e921fd835f68f582ea65f6b0fe1da75.jpg

အချို့သော နိုင်ငံတွေမှာတော့ စွန်ပလွန်သီးရဲ့ အစေ့ကို တိရစ္ဆာန်အစာအနေနဲ့ အသုံးပြုကြပြီး အဆီများကိုတော့ အလှကုန်ပစ္စည်းများထုတ်လုပ်ရာမှာ ကုမ္ပဏီများက ယခုနောက်ပိုင်း သုံးစွဲလာကြပါတယ်။စွန်ပလွန်ပင်များကို အပူပိုင်းဒေသတွေမှာပဲ အလျင်အမြန်ကြီးထွားနိုင်ပြီး အပင်ရဲ့အမြင့်ဟာ ပေ ၇၀ ထိမြင့်မားပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/7d/7d6bc87b2678d9f7286775395ae645cc65dceec5.jpg

အပင်ရဲ့ အရွက်‌ကတော့ ‌အုန်းလက်လိုမျိုး ‌၁၅ ပေမှ ပေ ၂၀ ထိရှည်ပြီ အရိုးတံမှာ အဆူးများပါရှိပါတယ်။ စွန်ပလွန်သီးရဲ့ ပုံစံ သင်တို့လည်တွေ့ဖူးကြမှာ မသိရင် ဘဲဥပုံသဏ္ဍာန်လိုမျိုး လုံးလုံးရှည်ရှည်လေးဖြစ်ပြီး အရွယ်အစားက အချင်း ၁ လက်မ ၊ အရှည် ၁ လက်မခွဲ ကနေ ၂ လက်မထိရှိတယ်လို့ ထင်ပါတယ်။အရှေးအလယ်ပိုင်းနိုင်ငံများမှာတော့ အလွန်ရေပန်းစားတဲ့ အသီးတစ်မျိုးလို့ ပြောလို့ရပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/69/69dff13e34fa22736f4ad75d1c24133e8a5e2e21.webp

ကျွန်တော်တို့ နိုင်ငံမှာတော့ အချို့ နေရာတွေမှာ အလေ့အကျပေါက်ရောက်ပြီး သီးပွင့်ကြတာ‌ကို တွေ့မြင်ရပါတယ်။ မြောက်အာဖရိကနိုင်ငံမှာတော့ ယနေ့အထိ စွန်ပလွန်ကဏ္ဍမှာ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုရရှိအောင် ကြိုးပမ်းနေကြပါတယ်။ အီဂျစ်မှာတော့ တရားဝင်စာရင်းဇယားများအရ နှစ်စဉ် တန်ချိန် ၁.၇ သန်းကျော် ထုတ်လုပ်နေပြီး အပင်ပေါင်းမှာ ၁၄ သန်းထိရှိပါတယ်။

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T