သင်းခွေချပ်မှာ မျိုးစိတ် ဘယ်နှမျိုးရှိလဲ...?

//s9.kh1.co/1f/1ffb1ee1b4d8b0cb4bb7ce3be790db8b5bfe6dd6.jpg
MPT

 ၁၉-စက်-၂၀၂၂ ၃pm · လွန်ခဲ့သော ၃ နှစ် က

သင်းခွေချပ်မှာ မျိုးစိတ် ဘယ်နှမျိုးရှိလဲ...?

သင်းခွေချပ်များဟာ ကမ္ဘာပေါ်မှာ ဦးခေါင်းမှ ခြေဖျားအထိ အကြေးခွံများဖြင့် ဖုံးအုပ်ထားသည့် တစ်ခုတည်းသော နို့တိုက်သတ္တဝါဖြစ်ပါတယ်။ အကြေးခွံတွေက ဘယ်လောက်ထိများလဲဆိုရင် ခန္ဓာကိုယ်တစ်ခုလုံးပေါ်မှာ ၂၀ ရာခိုင်နှုန်းလောက် ကြေးခွံများဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ သင်းခွေချပ်မျိုးစိတ်က (၈) မျိုးအထိရှိပါတယ်။ ကျွန်တော်တို့ အာရှတိုက်မှာတော့ တရုတ် ၊ မလေးယန်း ၊ အိန္ဒိယနှင့် ပလ္လင်သင်းခွေချပ် ဆိုပြီး အမျိုးစိတ် (၄) မျိုးလောက် တွေ့ရနိုင်ပါတယ်။

https://s9.kh1.co/__image/w=650,h=453,q=100/e4/e4808364c0174234faf9f66ee61b4458aa6931c1.jpg

နောက်ထပ် (၄) မျိုးဖြစ်တဲ့ ဧရာမမြေပြင်သင်းခွေချပ်၊ ကိပ်သင်းခွေချပ် ၊ မြီးရှည်သင်းခွေချပ် နှင့် သင်းခွေချပ်လေး မျိုးစိတ်တို့က အာဖရိကတိုက်မှာပဲ အများဆုံး ကျက်စားနေထိုင်ကြတာပါ။ သင်းခွေချပ်အများစုကတော့ အပူပိုင်းသစ်တောများ နှင့် ဆာဗားနားတို့မှာ နေထိုင်ကြပြီး အချို့က သစ်ပင်တွေပေါ်မှာပဲ အချိန်ဖြုန်းကြပေမယ့် အချို့မှာ မြေအောက်မြေတွင်းများမှာပဲ အိပ်ကြတာ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=620,h=387,q=100/c0/c06a6b7b9c92ff3cd1dada6907ccefd3cf9c8d38.jpg

သူတို့ရဲ့ လျှာတွေက သစ်ကုလားအုတ် လျှာလိုမျိုး ၄၀ စင်တီမီတာအထိ ရှည်တဲ့ လျှာများရှိကြပါတယ်။ ပြောရမယ်ဆိုရင်တော့ သူတို့ရဲ့ လျှာက အင်းဆက်တွေကို အမဲလိုက်ရာမှာ အကောင်းဆုံး လက်နက်တစ်ခုဖြစ်လို့ တစ်နှစ်လျှင် အင်းဆက်ပေါင်း သန်း ၇၀ လောက်ဖမ်းစားနိုင်မယ်လို့ ပညာရှင်များက ခန့်မှန်းထားခဲ့ကြပါတယ်။ နောက်ထပ် စိတ်ဝင်စားစရာက သင်းခွေချပ်တွေမှာ သွားများမပါရှိပါဘူး ။

https://s9.kh1.co/__image/w=650,h=520,q=100/5a/5abb7ca12f7cc047adcb91f5e9584077dc663666.webp

ဒါကြောင့် အင်းဆက်တွေကို စားသောက်ရာမှာ ဝါးမစားနိုင် အတွက် သူတို့ရဲ့ လျှာကနေအစာအိမ်ထဲအထိ တိုက်ရိုက်ပို့ဆောင်ပေးပါတယ်။ မှောင်မိုက်တဲ့ ညအခါမျိုးတွေမှာ သူတို့အတွက် ခက်ခဲတာကြောင့် အားလုံးကို မြင်တွေ့နိုင်တဲ့ နေ့ဘက်တွေမှာပဲ တက်တက်ကြွကြွနဲ့ လှုပ်ရှားကြပါတယ်။

https://s9.kh1.co/__image/w=600,h=400,q=100/f5/f5117fd964a1bd43f2945badebd817a4cb2c9984.jpg

ချစ်ဖို့ကောင်းတဲ့ သင်းခွေချပ် ခွေးလေးတွေကတော့ သူတို့ရဲ့ မိခင်ရဲ့ အမြီးကို သုံးလကြာ စီးနင်းပြီး တစ်ယောက်တည်း မရပ်တည်နိုင်တဲ့ အချိန်ထိ ငါးလကြာ မိခင်ရဲ့ ပြုစုစောင့်ရှောက်မှုအောက် နေကြရပါတယ်။

https://s9.kh1.co/__image/w=600,h=400,q=100/89/891d5dd30b234e2c55f57f381d7ca3d74ecd0f12.jpg

အရင်တုန်းက သင်းခွေချပ်မျိုးစိတ်တွေက ခြောက်သွေ့တဲ့ တောတောင်တွေမှာ များစွာတွေ့ရပေမယ့် လက်ရှိမှာ ဝိသမလောဘသားတွေကြောင့် မျိုးသုဉ်းမှုအန္တရာယ်ကို ကြုံတွေ့နေရပါတယ်။

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T