ခဲဖျက်မပေါ်သေးချိန် လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက စာဖျက်ဖို့အတွက် အသုံးပြုခဲ့တဲ့ အရာ

//s9.kh1.co/90/90932c7ac033c2f596151becfaffb4094afd75ee.jpg
MPT

 ၀၇-စက်-၂၀၂၂ ၁၁am · လွန်ခဲ့သော ၃ နှစ် က

ခဲဖျက်မပေါ်သေးချိန် လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက စာဖျက်ဖို့အတွက် အသုံးပြုခဲ့တဲ့ အရာ

ခဲတံနဲ့ခဲဖျက်ဆိုတာဟာ တစ်ချိန်တည်းမှာ တူတူပေါ်လာတာမျိုးမဟုတ်ပါဘူး။ ပြီးတော့ နှစ်ခုစလုံးကလည်း ယနေ့ထိ လူတိုင်းနီးပါး သုံးနေကြတဲ့ ပစ္စည်းတွေဖြစ်ပါတယ်။ ဆိုတော့ ခဲတံပေါ်ချိန်တုန်းက ခဲဖျက်မရှိတော့ မှားတဲ့အခါကျရင် ဘာနဲ့ဖျက်ကြမလဲ။

https://s9.kh1.co/__image/w=650,h=422,q=100/0f/0f7fe33a86f1af9191e9b19d34126122adace6ed.jpg

၁၇၇၀ ခုနှစ်မတိုင်ခင်ထိ လူတွေဟာ ခဲဖျက်ကို မတွေ့ရှိသေးတာကြောင့် ပေါင်မုန့်နဲ့ပဲ ဖျက်ခဲ့ကြပါတယ်တဲ့။၁၇၇၀ ခုနှစ် တစ်ချိန်မှာ Edward Nairne ဆိုတဲ့လူဟာ ခဲတံနဲ့ စာရေးမှားသွားလို့ မတော်တဆ ပေါင်မုန့်အစား ရော်ဘာကို အသုံးပြုပြီး ဖျက်ခဲ့မိပါတယ်။

https://s9.kh1.co/__image/w=650,h=430,q=100/a9/a96b5032978ecad0f87fd49a223cb6c2ccc7cfe7.jpg

ဒါကြောင့်သူဟာ သူရဲ့ တွေ့ရှိမှုအတွက် ချီးကျူးဂုဏ်ပြုခံခဲ့ရပါတယ်။ သူ့ရဲ့တွေ့ရှိမှုက တကယ်ကို ကံကောင်းပြီး တွေ့ရှိခဲ့တာပါ။ ဆိုတော့ ခဲဖျက်မရှိရင် ပေါင်မုန့်နဲ့ဖျက်ကြပေါ့နော်။

https://s9.kh1.co/__image/w=650,h=581,q=100/59/598537a656f22bbbfd5389eaf91120cfad52d3fd.jpg

တကယ်တော့ Nairne ဟာ ရော်ဘာကို ခဲဖျက်အဖြစ်အသုံးပြုခြင်းကို ပထမဆုံးတွေ့ရှိသူမဟုတ်ပါဘူး။ ဒါပေမယ့်လည်း အခြားသူများက သူ့ကိုပဲ အသိအမှတ်ပြု အရေးစိုက်ခဲ့ကြပါတယ်။

https://s9.kh1.co/__image/w=482,h=582,q=100/37/3766ce5a444fd4a8d18ca73c7744704675542a22.png

1770 ခုနှစ်တုန်းက ဓာတုဗေဒပညာရှင် Joseph Priestley ဟာ ရော်ဘာကို ခဲဖျက်အဖြစ်အသုံးပြုဖို့အတွက် အရင်ကတည်းက ပြုလုပ်နေခဲ့သူဖြစ်ပါတယ်။

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T