မြန်မာ့ရာဇဝင်တွေထဲက ညံ သတ္တဝါရှာပုံတော်

//s9.kh1.co/fa/fac217c8159222cc8a18bee148042dd9320f1242.jpg
MPT

 ၀၆-စက်-၂၀၂၂ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

မြန်မာ့ရာဇဝင်တွေထဲက ညံ သတ္တဝါရှာပုံတော်

ကျနော်တိုရဲ့ယနေ့ ကမ္ဘာကြီးဟာ အလွန်ခေတ်မှီပြီး ကမ္ဘာအနှံနေရာစုံကို အလွယ်တကူသွားရောက်၊ ဆက်သွယ်နိုင်ပေမယ့် ကျနော်တိုမသိရှိသေးတာတွေတစ်ပုံကြီးဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ရှာဖွေ‌လေ့လာမှုတွေကို လွန်ခဲ့တဲ့ရာစုနှစ်ပေါင်းများစွာကစပြီးလုပ်ခဲ့ပေမယ့် လူတွေမသိရှိသေးတာတွေ၊ ‌မသေချာသေးတဲ့အရာတွေအများကြီး ကျန်ရှိနေပါသေးတယ်။

https://s9.kh1.co/__image/w=251,h=201,q=100/06/062bde3be74c2f93cea5bed298a89efc36e7cec9.jpg

အဲ့ဒီထဲကတစ်ခုကိုပြောရမယ်ဆိုရင် မြန်မာ့ဒဏ္ဍာရီလာသတ္တဝါ 'ညံ' အကြောင်းပဲဖြစ်ပါတယ်။

ညံဆိုတာမြန်မာ့ ဒဏ္ဍာရီထဲက ရေသတ္တဝါတစ်ကောင်ဖြစ်ပြီး ဒဏ္ဍာရီဆိုတာထက် သမိုင်းမှတ်တမ်းတချိုမှာ ရှာဖွေတွေ့ရှိနိုင်ပါတယ်။ မြန်မာ့ရာဇဝင်တွေမှာတော့ ညံဆိုတာအလွန်ကြီးမားတဲ့အရွယ်အစားရှိတဲ့ ကြောစရာကောင်းတဲ့ ရေသတ္တဝါကြီးတစ်ကောင်အဖြစ် ဖော်ပြပါရှိပါတယ်။

https://s9.kh1.co/__image/w=296,h=170,q=100/87/8772e2a4d311ec08eb2b048274d89d79e14004ed.jpg

အချိုကတော့ ညံဟာရေဘဝဲလို လက်အများကြီးပါတယ်လိုပြောကြပေမယ့် တော်တော်များများကတော့ ညံဟာမြွေနဲ့တူပြီး အလျား ၉ပေကျော်ရှည်တဲ့ ပင်လယ်မြွေကြီးတစ်မျိုးဖြစ်တယ်လို ပြောကြပြန်ပါတယ်။မြန်မာ့ရာဇဝင်‌တွေမှာတော့ ကုန်းဘောင်ခေတ်ရွှေနန်းလက်သုံး ပုရိပိုက်မှာ ဒုတ္ထဝဒီ မြစ်အတွင်းညံသတ္တဝါပေါ်ပေါက်ခဲ့တယ်လို မှတ်တမ်းတင်ထားခဲ့ပါတယ်။

https://s9.kh1.co/__image/w=576,h=720,q=100/b5/b5e3cb829ed2cfab3fda646280d39d0515f587cc.jpg

အလောင်းမင်းတရား လက်ထက် အယုဒ္ဒယမြိုကိုစစ်ချီအသွား မုတ္တမမြစ်ထဲမှာ ဆင်နှစ်ကောင်ကို ညံသတ္တဝါကမြစ်ထဲချီသွားတယိလိုလဲ မှတ်တမ်းတင်ခဲ့ပါတယ်။ပြီးတော့လည်း ကမ္ဘာပတ်ပြီးနယ်မြေသစ်ရှာဖွေကြတဲ့ နယ်သာလန်၊ ပေါ်တူဂီ၊ စပိန်တိုလို အနောက်နိုင်ငံသားတွေကလည်း သူတိုရွက်လွှင့်ချိန် ညံသတ္တဝါတွေကို တွေ့ရတတ်တယ်လိုမှတ်တမ်းတွေအရ သိရပါတယ်။

https://s9.kh1.co/__image/w=650,h=546,q=100/22/22ac17d017393362c1c42121763f414ca1eb9b6f.jpg

ညံဟာ ဆင်လိုအားကြီးတဲ့ကောင်ကိုတောင် ရေထဲဆွဲချစားသောက်နိုင်ပြီး ပင်လဲထဲကလှေကြီးလှေငယ်တွေကို ဒုက္ခပေးနိုင်ပေမယ့် အခုထိတော့လူတွေကိုအန္တရာယ်ပြုတယ်ဆိုတဲ့ မှတ်တမ်းမျိုးမတွေ့ရသေးပါဘူး။ ပြီးတော့ညံဟာ မှတ်တမ်းရာဇဝင်တွေထဲကသတ္တဝါသာဖြစ်ပြီး တကယ်ပဲရှိခဲ့တာလား၊ ဘယ်လိုမျိုးစိတ်ထဲကဖြစ်ပြီး အခုထိရောရှိသေးလားဆိုတာကတော့ လေလာနေကြဆဲဖြစ်ပါတယ်။

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T