အမေဗိုက်ထဲမှာ ကတည်းက အောင်နိုင်သူဖြစ်အောင် ယှဉ်ပြိုင်တိုက်ခိုက်ကြတဲ့ ကျားငါးမန်းများ

//s9.kh1.co/7d/7deaa00696615a77831a83192b6e149a71b56832.jpg
MPT

 ၀၆-စက်-၂၀၂၂ ၁၂pm · လွန်ခဲ့သော ၄ နှစ် က

မမွေးခင် အမေဗိုက်ထဲမှာ ကတည်းက အောင်နိုင်သူဖြစ်အောင် ယှဉ်ပြိုင်တိုက်ခိုက်ကြတဲ့ ကျားငါးမန်းများ

သဲကျားငါးမန်းများဟာ သူတို့တွေအပြင်လောကကို မရောက်ခင်ကတည်းက အမေ့ဗိုက်ထဲမှာတင် တိုက်ခိုက်ပြိုင်ဆိုင်နေကြတာပါ။ သဲကျားငါးမန်းတွေဟာ ဗိုက်ထဲမှာ တစ်ခါဥရင် ၈ ဥ နဲ့ ၉ ဥ ကြားမွေးပါတယ်။

https://s9.kh1.co/__image/w=480,h=360,q=100/e4/e4f512c9168943c5f0b362114392fd551ac87ea8.webp

ဗိုက်ထဲက ဥမှာ အရင်ဆုံးပေါက်လာတဲ့ကောင်ဟာ မောင်နှမအားလုံးကို တိုက်ခိုက်သတ်ဖြတ် ဖျက်ဆီးပစ်ပါတယ်။ ဒီလိုလုပ်လိုက်တာနဲ့ ပိုကြီး၊ ပိုသန်မာလာပြီး ဆာလောင်လာမှာပါ။အဲ့နောက် မိခင်ရဲ့ မျိုးပွားလမ်းကြောင်းရှိ မျိုးမအောင်တဲ့ မျိုးဥများကို စတင်စားပါတာ်။

https://s9.kh1.co/__image/w=650,h=366,q=100/16/161c87233c6a9b8003c60655d1002c94cabcd9c6.jpg

ဒီဖြစ်စဉ်ကို oophagy သို့မဟုတ် ကြက်ဥစားခြင်းလို့ ခေါ်ဆိုကြပြီး မိခင်ဟာ သူ့ရဲ့တစ်ဦး‌တည်းသော အသန်းမာဆုံး ငါးမန်းလေးကို အာဟာရ ထပ်ဖြည့်ပေးပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/6c/6cfbb4fcce6916cbbace191e6981e435636e8e1d.jpg

သိပ္ပံပညာရှင်များဟာ သန္ဓေသားငါးမန်းဟာ ဘာကြောင့် ပထမဆုံးနဲ့ နောက်ဆုံးပေါက်ဖွားလာတယ်ဆိုတာကို သေချာမသိရှိရသေးပါ။အရင်ဆုံး ပေါက်လာရတာက မျိုးဥဆီကို ဦးစွာရောက်ရှိတဲ့ သုတ်ပိုးကြောင့် မဟုတ်တာတော့ သိရှိကြပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/2e/2ece423cc258ea08bdf543dede79ebe5d6b61554.jpg

အသန်မာဆုံးငါးမန်းများဟာ အသန်မာဆုံးသုက်ပိုးကို ထုတ်လုပ်တယ်လို့ ဇီဝဗေဒပညာရှင်များက ယုံကြည်ကြပါတယ်။ ဒါကြောင့် သဲကျားငါးမန်းမိခင်ရဲ့ ဗိုက်ထဲမှာ ငါးမန်းတစ်ကောင်ပဲ ရှိပါတယ်။ ကလေးငယ်များ ပေါက်ဖွားလာတဲ့အခါမှာ သူတို့ဟာ လေးပေနီးပါးရှည်နိုင်ပါတယ်။

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T