ယုန်ငယ်လို့တောင် ထင်မှားရတဲ့ အထူးခြားဆုံး ပင်လယ်မျှော့

//s9.kh1.co/0a/0a850b39d2db1b3393482ecbfac4155f9e5e267d.jpg
MPT

 ၀၅-စက်-၂၀၂၂ ၁၁am · လွန်ခဲ့သော ၃ နှစ် က

ယုန်ငယ်လို့တောင် ထင်မှားရတဲ့ အထူးခြားဆုံး ပင်လယ်မျှော့

ပျော့ပျောင်းပြီး အရောင်အသွေးစုံလင်စွာ လှပနေတဲ့ 'ယုန်ငှက်' များဟာ အမှန်တကယ် နက်ရှိုင်းသည့် ပင်လယ်နက်များမှာ တွေ့ရတဲ့ ပင်လယ်မျှော့များပါတယ်။

https://s9.kh1.co/__image/w=650,h=492,q=100/74/74f332dc4cc78f622d0e8cefe39bcffea05c0dbd.jpg

သူ့ရဲ့ ပုံစံက ယုန်ငယ်လေးတွေနဲ့ ဆင်တူပါတယ်။ဂျပန်လိုအခေါ်အဝေါ်အားဖြင့် ဂျရုနာ ပါဗား လို့ခေါ်ကြပြီး ထူးခြားလွန်းတဲ့ ပင်လယ်မျှော့များရဲ့ ပုံစံကို ဂျပန် Twitter-sphere မှ ကမ္ဘာကို ပထမဆုံး ပြသခဲ့တာ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=470,q=100/00/00ca15948ec5a0d5af36e96a738bf17bdc3f3ff2.jpg

အဲ့ဒီပင်လယ်မျှော့တွေရဲ့ ဦးခေါင်းတွေမှာ ယုန်နားရွက်လေးတွေလို ထင်ရပေမယ့် တကယ်တမ်းမှာ သူတို့ရဲ့ အစာနဲ့ မိတ်ဖက်တွေကို ရှာဖွေတွေ့ရှိဖို့ အသုံးပြုတဲ့ အာရုံခံကြံ့တွေပါပဲ။

https://s9.kh1.co/__image/w=650,h=513,q=100/3e/3e96cb6a8b700a8a010787481e7ccead704f3d7e.jpg

ကျွန်တော်လည်း ပင်လယ် မျှော့များစွာကို တွေ့ဖူးပေမယ့် ဒီလို ယုန်ငယ်တစ်ကောင်နဲ့ဆင်တူတဲ့ ချစ်စရာ မျှော့ကိုတော့ အခုမှပဲ ဖူးခဲ့တာပါ။

https://s9.kh1.co/__image/w=650,h=487,q=100/fe/fe6aa2de2aa8a30b290c5389091676f61c732ec7.jpg

ဒီမျိုးစိတ်ကလည်း တော်ယုံနဲ့ တွေ့ရဖို့ ခဲရင်းပါတယ်။ နေရာတိုင်းမှာလည်း မရှိပါဘူး။သဘာဝအတိုင်း ပင်လယ်မျှော့တစ်ကောင်ကို ချစ်ဖို့ကောင်းတယ်လို့ ဘယ်သူကမှ မသတ်မှတ်ထားပေမယ့် ဒီမှာတော့ တကယ်ကို ချစ်စရာကောင်းတဲ့ ပင်လယ်မျှော့ ကျွန်တော်လည်း သဘောကျမိပါတယ်။

https://s9.kh1.co/__image/w=650,h=522,q=100/58/58bf7ca7649e890dc588468740a589b0b0388445.jpg

သင်လည်း ဂျရုနာ ပါဗား ပင်လယ်မျှော့လေးကို သဘောကျမယ်လို့ ထင်ပါတယ်။

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T