တစ်ချိန်က သမုဒ္ဒရာမှာ ကြီးစိုးခဲ့တဲ့ ဧရာမ megalodon ငါးမန်းကြီးတွေရဲ့ နောက်ကြောင်းရာဇဝင်ကို ဖော်ထုတ်

//s9.kh1.co/94/94666fffadf874782050ed759ac212985d49068d.jpg
MPT

 ၀၂-စက်-၂၀၂၂ ၁၀am · လွန်ခဲ့သော ၄ နှစ် က

တစ်ချိန်က သမုဒ္ဒရာမှာ ကြီးစိုးခဲ့တဲ့ ဧရာမ megalodon ငါးမန်းကြီးတွေရဲ့ နောက်ကြောင်းရာဇဝင်ကို ဖော်ထုတ်

လွန်ခဲ့သည့် နှစ်သန်းပေါင်းများစွာက သမုဒ္ဒရာများမှာ ကျင်လည်ကျက်စားခဲ့သည့် ဧရာမငါးမန်းတစ်ကောင်ဟာ လူသတ်ဝေလငါးအရွယ် အကောင်တစ်ကောင်ကို ကိုက်စားနိုင်တယ်လို့ သုတေသနအသစ်မှာ ဖော်ပြခဲ့ပါတယ်။

https://s9.kh1.co/__image/w=602,h=519,q=100/86/86358dcb0c8afa9ae6ea61bdf0dfd411cc3936ad.jfif

သုတေသီများရဲ့လေ့လာမှုတစ်ခုမှာ အကြီးဆုံး ရုပ်ကြွင်းအကျန်များကို အသုံးပြုပြီး megalodon 3D ပုံစံကို ဖန်တီးကာ သူ့ရဲ့ ဘဝအကြောင်း သဲလွန်စများကို ရှာဖွေခဲ့ကြပါတယ်။ နှာခေါင်းမှ အမြီးထိ ၁၆ မီတာခန့် အတိုင်းအတာရှိတဲ့ megalodon ဟာ ကျောင်းကားထက် ပိုကြီးတယ်လို့ ဆိုပါတယ်။

https://s9.kh1.co/__image/w=600,h=449,q=100/54/5471ffbf2f560f46b901f8b91c1143abf825bde2.jpg

ယနေ့ခေတ် ငါးမန်းဖြူကြီးရဲ့ အရွယ်အစားနဲ့ ယှဥ်ကြည့်မယ်ဆိုရင် နှစ်ဆမှ သုံးဆခန့် ပိုကြီးတာ တွေ့ရပါတယ်။ သုတေသီများရဲ့ အကြံပြုချက်မှာ megalodon များဟာ သားကောင်များကို တစ်ကြိမ် အမဲလိုက်ပြီးသည်နှင့် သမုဒ္ဒရာထဲမှာ လအတော်ကြာ သွားလာနိုင်တယ်လို့ ဆိုကြပါတယ်။

https://s9.kh1.co/__image/w=600,h=449,q=100/08/08f1ae7e7a931c72d98f03158d991f31f77f0115.jpg

ဒါအပြင် သူ့ရဲ့ ပုံမှန်ကူးခတ်သွားနှုန်းဟာ ယနေ့ငါးမန်းများထက် ပိုမိုမြန်ဆန်တာကြောင့် သမုဒ္ဒရာများစွာကို လွယ်ကူစွာ ဖြတ်ကျော်သွားနိုင်တယ်လို့ တွက်ဆထားပါတယ်။Megalodon ငါးမန်းများဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း 2.6 သန်းမှ 23 သန်းအထိ နေထိုင်ခဲ့ကြတဲ့ ဧရာမသတ္တဝါကြီးတွေ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=600,h=399,q=100/f9/f96fe1e82d9c292a150cf4c0f6a5fc1f699060ea.jpg

သူ့ရဲ့ ဘဝအကြောင်း သဲလွန်စများကို ရှာဖွေယခုလို့ megalodon 3D ပုံစံဖန်တီးရာမှာ အရိုးစုများဟာ မပြည့်စုံတာကြောင့် ၁၈၆၀ ခုနှစ်များကတည်းက ဘယ်လ်ဂျီယံပြတိုက်တွင်ရှိခဲ့သော ရှားပါးကျောရိုးအစုအဝေးတစ်ခုအပါအဝင် ရရှိနိုင်သောကျောက်ဖြစ်ရုပ်ကြွင်းအနည်းငယ်ကို အသုံးပြုခဲ့တာ ဖြစ်ပါတယ်။

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T