ဝံပုလွေ နှင့် မြေခွေး ဘယ်လို ကွာခြားလဲ...?

//s9.kh1.co/77/7791b3c375c9ad76d3c46e8db8946f5aea8d0f61.jpg
MPT

 ၂၅-သြ-၂၀၂၂ ၁၀am · လွန်ခဲ့သော ၄ နှစ် က

ဝံပုလွေ နှင့် မြေခွေး ဘယ်လို ကွာခြားလဲ...?

ပုံမှန်အားဖြင့် ဝံပုလွေ နှင့် မြေခွေး တို့အကြောင်း ပြောလိုက်တာနဲ့ ကျွန်တော်တို့တွေကြားမှာ အမြဲတမ်း ရှုပ်ထွေးခဲ့ပါတယ်။ ဝံပုလွေနှင့် မြေခွေးနှစ်ကောင်စလုံးဟာ တူကြတယ်လို့ လူအများက မကြာခဏလည်း ကောက်ချက်ချကြပါတယ်။

https://s9.kh1.co/__image/w=650,h=975,q=100/42/428702407ca5269d064819819827127871be21ec.webp

တကယ်တော့ ဝံပုလွေ နှင့် မြေခွေးက မတူကြပါဘူး။ အရင်ဆုံး အကောင်အရွယ်စားကို နှိုင်ယှဉ်ကြည့်မယ်ဆိုရင် ဝံပုလွေက မြေးခွေးထက်ပိုပြီးကြီးပါတယ်။ ပြီးတော့ ဝံပုလွေတွေဟာ တစ်ချိန်လုံး စည်းစည်းလုံးလုံးနဲ့ အုပ်စုဖွဲ့နေကြတာကို ပိုပြီးနှစ်သက်ကြပေမယ့် မြေခွေးများကတော့ အုပ်စုဖွဲ့နေတာထက် တစ်ကောင်တည်းနေရတာကို ပိုနှစ်သက်ပါတယ်။

https://s9.kh1.co/__image/w=333,h=500,q=100/d9/d9ec1fb3e6e63c1f0c6b563d04a45592a21db5c4.jpg

ဝံပုလွေ နှင့် မြေခွေး တို့ရဲ့ အဓိက ကွာခြားချက်က ဝံပုလွေများဟာ ကြီးမားတဲ့ ခန္ဓာကိုယ်ရှိပြီး ရှည်လျားတဲ့ နှာခေါင်း၊ သေးငယ်ပြီး ချွန်ထက်တဲ့ နားများရှိပါတယ်။

https://s9.kh1.co/__image/w=300,h=219,q=100/8d/8de6c0735ec27915474afc83978efcd77c37dab8.jpg

မြေခွေးများကတော့ ဝံပုလွေများထက် အလေးချိန်နည်းပြီး နှာခေါင်းချွန်ချွန်၊ နားရွက်က ဒေါင်လိုက်နှင့် တြိဂံပုံဖြစ်ပြီး ပါးသိုင်းမွှေးရှည်များနှင့် အမြီးများပါရှိပါတယ်။

https://s9.kh1.co/__image/w=258,h=196,q=100/85/858253f968a474988df43951be9ead2ab220d649.jpg

နောက်တစ်ခု ကွာခြားတာက ဝံပုလွေတွေက အမဲလိုက်ရာမှာ သူတို့ရဲ့သားကောင်ကို အလွန်တကျစွာခွဲခြားနိုင်ကြပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/89/8917a5b266250b9a5aaa4b0a68f7238d3c7ac32f.webp

နယ်မြေသစ်တစ်ခုကို ရောက်တာနဲ့ လေးစားမှုနှင့် သစ္စာစောင့်သိမှုက ဝံပုလွေများရဲ့ အထင်ရှားဆုံး အင်္ဂါရပ်ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=333,h=499,q=100/d7/d77868360a56a2441f183176f58678e1a99cedf4.jpg

ပြီးတော့ ကပ်ပါးပိုးများနှင့် ရောဂါပိုးများကို အလွယ်တကူ ကူးစက်နိုင်ပြီး ခွေးရူးပြန်ရောဂါ ဖြစ်နိုင်ခြေများပါတယ်။

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T