မြေငလျင် ဘာကြောင့်လှုပ်တာလဲ.....?

//s9.kh1.co/ea/ea753711710ab0ea7b2c65df43a10471b17300a4.jpg
MPT

 ၂၃-သြ-၂၀၂၂ ၁၁am · လွန်ခဲ့သော ၃ နှစ် က

မြေငလျင် ဘာကြောင့်လှုပ်တာလဲ.....?

မြေငလျင်လှုပ်တာ မကြာခဏကြုံဖူးကြပေမယ့် ဘာကြောင့် လှုပ်တာလဲလို့ သိချင်မိပါတယ်။ အမှန်တော့ ကျွန်တော်တို့နေထိုင်တဲ့ ကမ္ဘာ့မြေထုဟာ အလွှာအထပ်ထပ်ဖြင့် ဖွဲ့စည်းထားတာဖြစ်ပြီး အပေါ်ဆုံးအလွှာကိုတော့ Tectonic Plates ခေါ်ကြပါတယ်။

https://s9.kh1.co/__image/w=275,h=183,q=100/8e/8e0c79c2c98ef5459e3b8c8e8ac172c69e19ff7b.png

အပေါ်ယံလွှာမှာတော့ ကျိုးကြေနေတဲ့ ကျောက်ထုလွှာများဖြင့် ပြည့်နေတာပါ။အဲ့ဒီ ကျောက်ထုလွှာများဟာ အငြိမ်နေကြတာမဟုတ်ဘဲ ပုံမှန် ရွေ့လျားနေကြတာဖြစ်လို့ တစ်ခုနှင့်တစ်ခု ဆုံးကြတဲ့ အခါမှာ ပွတ်တိုက်မှုတွေဖြစ်ပြီး ချိတ်မိနေသလို ဖြစ်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=274,h=184,q=100/c6/c6be0abe2c664da0a75fb9e726280700c00ae0be.jpg

မူလအတိုင်း ရွေ့လျားနေတဲ့ ကျောက်ထုလွှာများဟာ နှစ်ခုချိတ်မိရာကနေ လွတ်ထွက်သွားပါတယ်။ ပြီးတော့ ချိတ်မိတုန်းက ပွတ်မိထားတဲ့ အားတွေဟာ ရုတ်တရက် တုန်ခါလှိုင်းများဖြစ်လာခဲ့ပြီး ကမ္ဘာမြေပတ်ပတ်လည်ကို ပျံ့နှံ့သွားခဲ့တာ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=297,h=164,q=100/8d/8d923bf9789f1a4d75dd7c0f477ed87b20f615b8.jpg

အဲ့ဒီတုန်ခါလှိုင်းများဟာ ကမ္ဘာမြေသားထုကို တုန်ခါစေတာကြောင့် ငလျင်ဆိုပြီး ဖြစ်လာခဲ့တာပါ။ကျောက်ထုလွှာတွေတစ်ခုနှင့်တစ်ခု ဆုံးကြတဲ့ နေရာကတော့ ငလျက်ရဲ့ ဗဟိုချက်လို့ သတ်မှတ်ကြတာ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=318,h=159,q=100/a2/a20ec1c5d0ff56fb9906a374031422b5e7d3f35a.jpg

အဲ့လိုဖြစ်ပေါ်လာတဲ့ ငလျင်အမျိုးအစားကို ကျောက်ထုလွှာပြတ်ရွေ့ ‌ ( Tectonic Earthquake ) ငလျင်လို့ ခေါ်ပါတယ်။ နောက်ပြီး အားပြင်း ငလျင်ဖြစ်ပေါ်လာခြင်းဟာ ကျော်ထုလွှာ တစ်ခုနှင့် တစ်ခု ချိတ်မိတာ ကြာသောကြောင့် တုန်ခါလှိုင်းဟာ ပိုပြီးပြင်းထန်တာ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=310,h=163,q=100/89/894b3b9b830e1d72f9ffcef058d9766adc7ccfae.jpg
Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T