အာကာသဆိုတာ အကျယ်ကြီးပါပဲ။ အဲ့အကျယ်ကြိးထဲမှာထူးဆန်းမှုတွေလည်း အပြည့်ပါပဲ။ ဒါကြောင့် ခုဖော်ပြလိုက်တာကတော့ အာကာသနဲ့ပတ်သက်တဲ့ အချက်တချို့ပဲဖြစ်ပါတယ်။

၁။ နေရဲ့အရွယ်အစားဟာ ကမ္ဘာလုံး တစ်သန်းနဲ့ညီမျှပါတယ်။ ဆိုတော့ နေထဲကို ကမ္ဘာတစ်သန်း ထည့်လို့ရပါတယ်။ နေကို ကြယ်တစ်လုံးရဲ့ ပျှမ်းမျှအရွယ်အစားအဖြစ်သတ်မှတ်ပါတယ်။

၂။ ကမ္ဘာဟာ မိမိတို့ရဲ့ နေအဖွဲ့အစည်းမှာ အရည်ရှိတဲ့ တစ်ခုတည်းသော ဂြိုဟ်ဖြစ်တယ်လို့ နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ကြပါတယ်။ ဒါပေမယ့် မကြာသေးမီက NASA ဟာ အင်္ဂါဂြိုလ်ပေါ်မှာ အဆက်မပြတ်စီးဆင်းနေတဲ့ ရေများရှိကြောင်းကို အခိုင်မာဆုံး အထောက်အထားနဲ့ ထုတ်ဖော်ပြခဲ့ပါတယ်။

၃။ ကြယ်တံခွန်များဟာ လွန်ခဲတဲ့နှစ်ပေါင်း 4.5 ဘီလီယံခန့်က မိမိတို့ရဲ့ နေအဖွဲ့အစည်းကို ဖန်ဆင်းတုန်းက ကျန်ခဲ့တဲ့ အကြွင်းအကျန်များဖြစ်ပြီး သူတို့မှာ သဲ၊ ရေခဲနှင့် ကာဗွန်ဒိုင်အောက်ဆိုဒ်တို့ ပါဝင်ပါတယ်။

၄။ ဂျူပီတာ၊ စနေဂြိုဟ်၊ ယူရေးနပ်စ်ဂြိုလ် သို့မဟုတ် နပ်ပ်ကျူဂြိုလ်တို့ဟာ အစိုင်အခဲမျက်နှာပြင်မရှိတာကြောင့် သင်ဟာ ဒီဂြိုလ်တွေပေါ်မှာ လျှောက်လှမ်းနိုင်မှာ မဟုတ်ပါဘူး။

၅။ သင်ဟာ တကယ်လို့ ပလူတိုဂြိုလ်ကို လေယာဉ်ပျံနဲ့ ပျံသန်းသွားမယ်ဆို ဒီခရီးဟာ နှစ်ပေါင်း ၈၀၀ ကျော်ကြာနိုင်ပါတယ်။

၆။ အာကာသထဲက အမှိုက်များဟာ အသုံးဝင်တဲ့ ရည်ရွယ်ချက် မရှိဘဲ ကမ္ဘာကို လှည့်ပတ်နေတဲ့ လူလုပ်အရာဝတ္တုများဖြစ်ပါတယ်။ ဒုံးပျံများနှင့် ဂြိုလ်တုများမှ အပိုင်းအစများ အပါအဝင် ယနေ့ခေတ်မှာ အာကာသအမှိုက် အပိုင်းအစပေါင်း 500,000 ခန့်ရှိကြောင်း သိပ္ပံပညာရှင်များက ခန့်မှန်းထားပြီး နိုင်ငံတကာ အာကာသစခန်း တည်ဆောက်နေစဉ်အတွင်း ပြုတ်ကျတဲ့ အပိုင်းအစများကဲ့သို့ နေ့စဉ် ပစ္စည်းများလည်း ပြုတ်ကျခဲ့ဖူးပါတယ်။

၇။ ကားအရွယ်အစားလောက်ရှိတဲ့ ဂြိုဟ်သိမ်ဂြိုဟ်မွှားတစ်ခုဟာ တစ်နှစ်မှာ တစ်ကြိမ်လောက် ကမ္ဘာရဲ့လေထုထဲကို ဝင်ရောက်လာပေမယ့် ကျွန်တော်တို့ဆီ မရောက်ခင်မှာပဲ လောင်ကျွမ်းသွားပါတယ်။

၈။ လူတွေသိကြတဲ့ အမြင့်ဆုံးတောင်ဟာ Vesta လို့ခေါ်တဲ့ ဂြိုဟ်သိမ်တစ်ခုပေါ်မှာ တည်ရှိပါတယ်။ အမြင့် ၂၂ ကီလိုမီတာ အတိုင်းအတာရှိပြီး ဧဝရတ်တောင်ထက် သုံးဆမြင့်ပါတယ်။ ဧ၀ရတ်တောင်ဟာ ၂၉,၀၃၁.၇ ပေ သာရှိပြီး ဒီတောင်ကတော့ ၇၂,၁၇၈.၅ ပေရှိပါတယ်။

၉။ ကမ္ဘာပေါ်ရှိ ကမ်းခြေအားလုံးက သဲသောင်များထက် စကြဝဠာက ကြယ်များဟာ ပိုများပါတယ်။ ဒါတောင် အနည်းဆုံး တစ်ဘီလီယံကနေ ထရီလီယံထိရှိပါတယ်။
၁၀။ အင်္ဂါဂြိုလ်ပေါ်က နေဝင်တဲ့အရောင်ဟာ အပြာရောင်ဖြစ်ပါတယ်။




