ခရုတွေနဲ့ပတ်သက်လို့ သိသင့်သိထိုက်သော အချက်များ

//s9.kh1.co/67/6755999d8083b9ad5f2b735a32254449b91c6042.jpg
MPT

 ၁၈-သြ-၂၀၂၂ ၂pm · လွန်ခဲ့သော ၃ နှစ် က

ခရုတွေနဲ့ပတ်သက်လို့ သိသင့်သိထိုက်သော အချက်များ

ခရုတွေဟာ ကျောရိုးမဲ့တိရစ္ဆာန်တွေဖြစ်ကြပါတယ်။ သူတို့တွေဟာ ကြွက်သား (ခြေထောက်) တစ်ခုတည်းနဲ့သာ ရွှေ့လျားပြီး သူတို့ရဲ့အိမ် (ကျော်ပေါ်က အခွံ) ကိုသယ်ယူသွားလာကြပါတယ်။ သူတို့တွေဟာ အန္တရာယ်ကို ခံစားမိတာနဲ့ အခွံထဲကို ၀င်သွားတတ်ကြပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/8e/8e7db420c9b45353a17bbc46afb7770bc5585c71.jpg

ခရုတွေကို ကုန်ပေါ်မှာရော ရေထဲမှာပါ တွေ့နိုင်ပါတယ်။ ခရုခွံတွေကိုတော့ တစ်ကမ္ဘာလုံးက ကမ်းခြေတွေမှာ တွေ့နိုင်ပြီး အများဆုံး တွေ့ရှိနိုင်တာကတော့ ပင်လယ်ခရုခွံတွေပါပဲ။

https://s9.kh1.co/__image/w=650,h=379,q=100/ee/eea5983d01395ff473d7a51b62a68ebb222c276f.jpg

တချို့ပင်လယ်ထဲမှာနေတဲ့ ခရုတွေဟာ ပဟပ်တွေပါပြီး သူတို့ကိုအသက်ရှုဖို့အတွက် အထောက်အကူပေးနိုင်သလို တချို့ကတော့ ကုန်ပေါ်မှာ အသက်ရှုဖို့အတွက် အဆုပ်ပါ ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/9b/9b32a0899eb401184500914a35c9918333724ed8.jpeg

ဘာကြောင့်လဲဆိုတော့ ကုန်းနေခရုတွေဟာ ရွှံထဲမှာ အသက်ရှင်နိုင်ဖို့အတွက် လိုအပ်လို့ပါပဲ။ သူတို့တွေဟာ များသောအားဖြင့် ညဘက်တွေမှာ သို့မဟုတ် တိမ်ထူးတဲ့နေ့ သို့မဟုတ် မိုးရွာတဲ့နေ့တွေမှာ မြင်တွေ့ရများပါတယ်။

https://s9.kh1.co/__image/w=650,h=401,q=100/f4/f4cf4ee72fb319b5d8a5e1c3932e6bbf1b856b44.jpg

ခြောက်သွေ့လှတဲ့ အခြေအနေတွေမှာ ခရုတွေဟာ အခွံထဲ၀င်ပြီး မလှုပ်ပဲ အချိန်အကြာကြီး နေနိုင်ပါတယ်။ တစ်ခါတုန်းက ပြတိုက်ထဲမှာ သေပြီထင်လို့ ပြသထားတဲ့ ခရုဟာ လှုပ်လာပြီး အခွံထဲကနေ နှစ်ပေါင်းများစွာကြာပြီးမှ ထွက်လာဖူးပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/ce/ce93f1c51c71941e46c774d2d1b6dd845f70604f.jpg

ပြီးတော့ ခရုတွေဟာ တစခါမှေးရင် ၃ နှစ်လောက်ထိကို ကြာမြင့်တတ်ပါတယ်။ သူတို့မျက်လုံးတွေဟာလည်း ပြတ်သွားရင် ပြန်ဖွံ့ဖြိုးလာနိုင်ပါတယ်တဲ့။

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T