ချိုးငှက်က ကမ္ဘာပေါ်မှာ အကောင်‌ရေ အများဆုံး ငှက်မျိုးစိတ်ဖြစ်တယ်တာ သင်သိပါသလား ...?

//s9.kh1.co/7f/7fd97577ff55a202587708d8b86ddc381463f375.jpg
MPT

 ၁၆-သြ-၂၀၂၂ ၁၀am · လွန်ခဲ့သော ၄ နှစ် က

ချိုးငှက်က ကမ္ဘာပေါ်မှာ အကောင်‌ရေ အများဆုံး ငှက်မျိုးစိတ်ဖြစ်တယ်တာ သင်သိပါသလား ...?

ကမ္ဘာပေါ်မှာ ကျက်စားနေထိုင်ကြတဲ့ ငှက်မျိုးစိတ်များစွာထဲမှာ ဘယ်ငှက်မျိုးစိတ်က အကောင်ရေအများဆုံးလို့ စဥ်းစားဖူးပါသလား...? ။ ပညာရှင်များရဲ့ လေ့လာတွေ့ရှိချက်အရ ကမ္ဘာပေါ်မှာ အကောင်အရေအများဆုံး ငှက်မျိုးစိတ်ကတော့ Mourning Dove ငှက်ပါ။ ကမ္ဘာတစ်ဝှမ်းမှာ သူတို့ရဲ့ အကောင်ရေက ခန့်မှန်းခြေအားဖြင့် ၄၇၅ သန်းရှိပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/e3/e3cd32573fa9afdee9dc8c59f9a75f0a92ac8a64.jpg

ဒီငှက်ကို အချို့နေရာတွေမှာ ချိုးငှက်လို့လည်း ခေါ်ကြပါတယ်။ အများဆုံးတွေ့နိုင်တာကတော့ မြောက်အမေရိက တစ်လွှားမှာ တွေ့ရှိရပြီး ဆောင်းရာသီမှာ တိုက်ကြီးရဲ့ မြောက်ဘက်မှ တောင်ဘက်ကို ရွှေ့ပြောင်းနေထိုင်ကြတာ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=340,q=100/d0/d0abf581d97b0bb6ea958e95d665f2b34795f251.jpg

ငှက်ရဲ့အရောင်က မီးခိုးရောင်ရှိကြီး အနက်ရောင် အစက်အပြောက်များ ရှိကြပါတယ်။ ကမ္ဘာ့တစ်တစ်ဝှမ်းကတော့ ချိုးငှက်ကို ငြိမ်းချမ်းရေငှက်လို့လည်း သတ်မှတ်ကြပါတယ်။

https://s9.kh1.co/__image/w=650,h=431,q=100/07/0719ecf6cb881e42d0dff2c5769a897699eca3b3.jfif

ကျွန်တော်တို့ မြန်မာနိုင်ငံမှာဆိုရင် အပင်အမြင့်တွေမှာ အများဆုံးတွေ့ရတဲ့ ငှက်လေးတွေ ဖြစ်ပါတယ်။ သူတို့က ပိုးကောင်လေးတွေကို စားကြပေမယ့် အဓိက အစားစာကတော့ အစေ့များပဲဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/61/619fbfea435d86313025211fd8aff2253eb75ad6.webp

ကမ္ဘာပေါ်မှာ အကောင်‌ရေ အများဆုံးငှက် Mourning Dove ပြီးရင်တော့ ဒုတိယအများဆုံးငှက်က American Robin ငှက်ပါ သူက အကောင်ရေ ၃၁၀ သန်းရှိပါတယ်။

https://s9.kh1.co/__image/w=650,h=433,q=100/1f/1f46511d91baa70a1c8a899978af78d53618243b.jpg

တတိယအများဆုံးငှက်ကတော့ Red winged blackbird ပါ သူက ကမ္ဘာတစ်ဝှမ်းမှာ ၂၁၀ သန်းရှိတယ်လို့ ဆိုကြပါတယ်။

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T