သူမရဲ့ အချိန်တွေအားလုံးကို ချစ်ဖို့ကောင်းတဲ့ သမီးလေးနဲ့ ဖြတ်သန်းနေတဲ့ ထိုင်းမင်းသမီး Mew Nittha

//s9.kh1.co/f3/f33fe9b0f5395cfa743124f524dd072be1363b19.jpg
အနုပညာရှင်များ

 ၁၅-သြ-၂၀၂၂ ၁၁am · လွန်ခဲ့သော ၂ နှစ် က

ခင်ပွန်းကလည်း ကျိကျိတက်အောင်ချမ်းသာ .. သမီးလေးကလည်း ချစ်ဖို့ကောင်းချက် .. လုံးဝကို ပြည့်စုံတဲ့ ဘဝလေးကို ပိုင်ဆိုင်ထားတဲ့ ကောင်မလေး ..

ထိုင်းနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးတစ်ယောက်ဖြစ်တဲ့ မင်းသမီးချော Mew Nittha ကတော့ 2013ခုနှစ်မှာ အနုပညာလောကထဲ စတင်ဝင်ရောက်ခဲ့တာဖြစ်ပြီး အခုဆို အနုပညာသက်တမ်း ဆယ်နှစ်ပြည့်တော့မှာလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလာရောက် ရိုက်ကူးခဲ့တဲ့ My Husband In Law ဇာတ်ကားထဲမှာ အဓိက မင်းသမီးနေရာကနေ ပါဝင်ရင်းကနေ မြန်မာပရိသတ်တွေရဲ့ အားပေးမှုကို ရခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit : Google 
Photo Credit : Google 
Photo Credit : Google 
Photo Credit : Google 

Mew က 10.1.2020 နေ့မှာ အနုပညာလောက မဟုတ်တဲ့ Saint Tharaphuk ဆိုတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်နဲ့ လက်ထပ်ခဲ့ပါတယ်။ ခင်ပွန်းက အရမ်းကို ကျိကျိတက်ချမ်းသာတဲ့အပြင် အခုဆိုရင် ချစ်ဖို့ကောင်းတဲ့သမီးလေးတစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားပြီး သာယာတဲ့ မိသားစုဘဝလေး ကို တည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။

Photo Credit : Mew Nittha's IG Acc
Photo Credit : Mew Nittha's IG Acc
Photo Credit : Mew Nittha's IG Acc
Photo Credit : Mew Nittha's IG Acc

လက်ရှိမှာ Mew က အနုပညာအလုပ်တွေကို ရပ်နားထားပြီး သူမရဲ့အချိန်တွေအားလုံးကို မိသားစုကို ပေးထားတာဖြစ်ပါတယ်။ Mew က သမီးလေးနဲ့အတူ သူမတို့မိသားစုရဲ့ လှုပ်ရှားမှုပုံလေးတွေကို အမြဲမျှဝေပေးလေ့ရှိပြီး အခုတစ်ခါမှာဆိုရင်လည်း အမေများနေ့မှာ သမီးလေးနဲ့ ရိုက်ထားတဲ့ ပုံလေးတွေကို သူမရဲ့ Instagram မှာ တင်ထားတာပဲ ဖြစ်ပါတယ်။ ပုံလေးတွေထဲမှာဆိုရင်လည်း Mew က သူမရဲ့သမီးလေးနဲ့အတူ ကြည်နူးပျော်ရွှင်နေကြပြီး သမီးလေးကလည်း တစ်နေ့တစ်ခြား ချစ်ဖို့ပိုပိုကောင်းနေခဲ့တာလည်း ဖြစ်ပါတယ်။

Photo Credit : Mew Nittha's IG Acc
Photo Credit : Mew Nittha's IG Acc
Photo Credit : Mew Nittha's IG Acc
Photo Credit : Mew Nittha's IG Acc
Photo Credit : Mew Nittha's IG Acc
Photo Credit : Mew Nittha's IG Acc

Source: Mew Nittha's IG Acc

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T