ကမ္ဘာတဝှမ်းမှာ တစ်နေ့လျှင် ကလေးဘယ်နှယောက်မွေးလဲ....?

//s9.kh1.co/f0/f0b7f83c10ad19a4a790b6e03b72c498f75948e9.jpg
MPT

 ၁၁-သြ-၂၀၂၂ ၁၀am · လွန်ခဲ့သော ၄ နှစ် က

ကမ္ဘာတဝှမ်းမှာ တစ်နေ့လျှင် ကလေးဘယ်နှယောက်မွေးလဲ....?

ကမ္ဘာတဝှမ်းမှာ စက္ကန့်တိုင်း ၊ မိနစ်တိုင်း ၊ နာရီတိုင်း ကလေးဘယ်နှယောက်မွေးတယ်ဆိုတာ သင်စဉ်းစားဖူးပါသလား။ ပညာရှင်တွေရဲ့ လေ့လာချက်အရဆိုရင် ယူကေ၊ ဥရောပနှင့် အာရှအလယ်ပိုင်းတို့မှာ တစ်နှစ်လျှင် ကလေးဦးရေ သန်း ၁၃၀ ခန့် မွေးဖွားပြီး တစ်စက္ကန့်လျှင် ကလေး ၀.၃၅ ဦး ၊ မိနစ်တိုင်းမှာ ၂၁ ဦးထိရှိတယ်လို့ ဆိုကြပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/b8/b82dcb888647610f606f2fd37bbaffb9432329d4.webp

အလားတူ အာဖရိကဆာဟာရအောက်ပိုင်းမှာလည်း တစ်မိနစ်လျှင် ၇၂ ဦးနှင့် ညီမျှတဲ့ စက္ကန့်တိုင်းမှာ ကလေး ၁.၂၁ ဦး မွေးဖွားပါတယ်။ ၂၀၁၈ ခုနှစ်က ခန့်မှန်းချက်မှာတော့ ကမ္ဘာတစ်ဝှမ်း အကြမ်းဖျင်းကလေး မွေးဖွားနှုန်းဟာ တစ်မိနစ်လျှင် ကလေးမွေးဖွားမှု ၂၅၀ ခန့်၊ တစ်နာရီလျှင် ၁,၅၀၀၀ နှင့် တစ်နေ့လျှင် ၃၆၀,၀၀၀ ခန့်ရှိတယ်လို့ဆိုပါတယ်။

https://s9.kh1.co/__image/w=570,h=380,q=100/14/149dad68f51777453c2d4d044321a24db65ab9de.jpg

ဒါပေမယ့် နေရာဒေသပေါ်လိုက်ပြီး ကလေးမွေးဖွားမှု အရေအတွက်မှာ ကွဲပြားမှုများ ရှိပါတယ်။ အချို့နိုင်ငံတွေမှာဆိုရင် အခြားနိုင်ငံတွေထက် သိသိသာသာ လျော့နည်းတာတွေ့ရပါတယ်။

https://s9.kh1.co/__image/w=650,h=435,q=100/1a/1a770760518e217b5e6ea0148beedc6800499fc4.jpg

ဆိုလိုတာက ဖွံ့ဖြို့ပြီး နိုင်ငံတွေရှိ ကိုယ်ဝန်ဆောင် အမျိုးသမီးအရေအတွက်နှင့် ဖွံ့ဖြိုးမှုနည်းနေတဲ့ နိုင်ငံတွေရှိ ကိုယ်ဝန်ဆောင် အမျိုးသမီး‌အရေအတွက်တို့ အနည်းငယ်ကွာ ဟချက်ရှိတာကို ပြောချင်တာပါ။ သူတို့ရဲ့ ဖော်ပြချက်မှာတော့ ဖွံ့ဖြို့ပြီး နိုင်ငံတွေက မွေးဖွားမှုနှုန်း များတယ်လို့ဖော်ပြထားပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/ad/ad5fc4320e72ffd0205d4fefc66561995bc8832b.jpg

ဒါကလည်း သူတို့ရဲ့တိကျတဲ့ အဖြေတစ်ခုတော့ မဟုတ်ပါဘဲ ခန့်မှန်းချက်များသာ ဖြစ်မယ်လို့ ထင်ပါတယ်။ ကျွန်တော် အထင်ဆိုရင် အထူးသဖြင့် ဆင်းရဲတဲ့ နိုင်ငံတွေမှာ ကလေးမွေးဖွားနှုန်းက သိသာထင်ရှားစွာ ပိုများမယ်လို့ ထင်ပါတယ်။

https://s9.kh1.co/__image/w=293,h=172,q=100/bf/bfd33d40e962a84008f30687193097607162ddfd.jpg

ဘာကြောင့်လဲဆိုတော့ တချို့ဖွံ့ဖြိုးနိုင်ငံတွေမှာ ကလေးမွေးမှုနှုန်း ကန့်သက်တာတွေရှိသလို ၊ ခေတ်မှီတဲ့ ဆေးတွေ ပေါ်ပေါက်လာခြင်းနှင့်အတူ ကလေးမွေးဖွားမှုနှုန်းကိုလည်း အဟန့်အတားဖြစ်တာကြောင့်လို့ ယူဆရပါတယ်။

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T