လင်းနို့တစ်ကောင်က တစ်နာရီလျှင် အင်းဆက်အကောင်‌ရေ ၁,၀၀၀ အထိ စားနိုင်တယ်ဆိုတာ သင်သိပါသလား...?

//s9.kh1.co/59/59799af4ce6b47cfed09197a15c7a2192cecabfe.jpg
ဗဟုသုတအဖြာဖြာ

 ၀၈-သြ-၂၀၂၂ ၁၁am · လွန်ခဲ့သော ၂ နှစ် က

.

လင်းနို့အားလုံးဟာ အင်းဆက်လေးတွေကို စားသုံးပြီး ရှင်သန်နေထိုင်ကြတဲ့ နို့တိုက်သတ္တဝါမျိုးစိတ်ပဲ ဖြစ်ပါတယ်။ သူတို့ဟာ ချောင်ကျနေတဲ့ နေရာမျိုးတွေမှာ နေထိုင်အိပ်စက်ခြင်း ၊ အမှောင်းကို နှစ်သက်သူများဖြစ်လို့ အမဲလိုက်ခြင်းကို ညဘက်တွေမှာသာ လုပ်ဆောင်ကြတာ ဖြစ်ပါတယ်။

Photo Credit - From Google
Photo Credit - From Google

ပညာရှင်များရဲ့ လေ့လာချက်အရ လင်းနို့တစ်ကောင် ညဘက် အမဲလိုက်ထွက်တဲ့ တစ်နာရီလျှင် အင်းဆက်အကောင်‌ရေ ၁,၀၀၀ မှ ၁,၅၀၀ ကြားအထိစားနိုင်တာကြောင့် တစ်နာရီကို ပိုးကောင်ပေါင်း ၁၀၀၀ စားနိုင်မယ်ဆိုရင် တစ်ညလုံးကို ပိုးကောင်ရေ ၆၀၀၀ နှင့် ၈၀၀၀ ကြားထိ စားနိုင်ပါတယ်။

Photo Credit - From Google
Photo Credit - From Google

တစ်နှစ်ပတ်လုံး တွက်ဆကြည့်မယ်ဆိုရင်တော့ လင်းနို့တစ်ကောင်မှာ အင်းဆက် ၃.၄ သန်းထိ စားနိုင်ကြောင်း ဆိုထားပါတယ်။

Photo Credit - From Google
Photo Credit - From Google

ဒါကြောင့် လင်းနို့များကို ပိုးကောင် အများဆုံးထွက်တဲ့ ညဘက်အခါမျိုးတွေမှာ အမဲလိုက်ကြတာကို တွေ့ကြရတာ ဖြစ်ပါတယ်။ ( မှတ်ချက် - အင်းဆက်ပိုးကောင် ဒီလောက်မြောက်များစွာ စားနိုင်တာက လင်းနို့မျိုးစိတ်ပေါ်လည်း မူတည်နိူင်ပါတယ် )။

Photo Credit - From Google
Photo Credit - From Google

သူတို့ ကြိုက်နှစ်သတ်တဲ့ အင်းဆက်တွေကတော့ ခြင် ၊ သီးနှံဖျက်ပိုးမွှား၊ သခွားပိုးမွှားနှင့် ယင်ကောင်များ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်က သုတေသနတစ်ခုမှာ လင်းနို့မျိုးကွဲပေါင်း ၁၀၀၀ နီးပါရှိပြီး သူတို့ဟာ သဘာဝတရားမှာ အရေးပါတဲ့အခန်းကဏ္ဍမှပါဝင်နေပြီး ကမ္ဘာတစ်ဝှမ်းရှိ လူသားများအတွက်လည်း အကျိုးပြုပါတယ်။

Photo Credit - From Google
Photo Credit - From Google

သတင်း အရင်းအမြစ်Source - aaanimalcontro

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T