လက်မှတ်ထိုးပြီး 2နှစ် အကြာမှ သတို့သားကို အိမ်နဲ့မိတ်ဆက်ပေးခဲ့တဲ့ မင်းသမီး...

//s9.kh1.co/55/552e45f69be01443768f68e80f519cf3007e4eb2.jpg
အနုပညာရှင်များ

 ၀၇-သြ-၂၀၂၂ ၇pm · လွန်ခဲ့သော ၂ နှစ် က

လက်မှတ်ထိုးပြီး 2နှစ် အကြာမှ သတို့သားကို အိမ်နဲ့မိတ်ဆက်ပေးခဲ့တဲ့ မင်းသမီး...

မင်းသမီး Jin Seo-yeon က သူမခင်ပွန်းကို သူ့မိဘတွေနဲ့ နောက်ကျမှ မိတ်ဆက်ပေးရတဲ့အကြောင်း ပြောပြခဲ့ပါတယ်။

https://s9.kh1.co/__image/w=560,h=647,q=100/83/83a6e785c7c6ad422fd62165bc688305e32a368a.webp

Jin Seo-yeon ဟာ ဇူလိုင်လ 31 ရက်နေ့က ထုတ်လွှင့်တဲ့ SBS ရဲ့ “My Little Old Boy” မှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး သူမရဲ့ အိမ်ထောင်ရေးနောက်ကွယ်မှ လျှို့ဝှက်ဇာတ်လမ်းကို ထုတ်ဖော်ပြောပြခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=552,q=100/f1/f16defd1c6e4cd930b669e5b441415b7045e017d.jpg

Jin Seo-yeon က “ကျွန်မခင်ပွန်းနဲ့တွေ့ပြီး ၃ လအကြာမှာ လက်ထပ်ဖို့ မှတ်ပုံတင်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=965,q=100/bb/bb7498d15520df426866402b83aa885b924b0f2b.jpg

မင်းရဲ့အိမ်ထောင်ဖက်ဖြစ်လာမယ့်သူကို မင်းမြင်တဲ့အခါ မင်းရင်ထဲမှာ ကြိုပြီးသိနေသလို ခံစားချက်တွေ ခံစားလာရတယ်။

https://s9.kh1.co/__image/w=650,h=341,q=100/1e/1e95fe5a863f5e28b986b762805074e350388113.webp

" လို့စပြောထားပြီးခင်ပွန်းဖြစ်သူနှင့် ပထမဆုံးတွေ့ဆုံမှုမှာ သူမက “ကျွန်မ ခံစားချက်ကို ရခဲ့တယ်၊ ကျန်တဲ့ အခြေအနေတွေကိုမသိပေမယ့် သူကကျမခင်ပွန်းဖြစ်မယ်လို့ ထင်ခဲ့ပါတယ်။

" လို့ပြောပြခဲ့ပါတယ်။Jin Seo-yeon က ဆက်လက်ပြီး “ထက်မြက်ပြီး ပေါက်ပေါက်ရောက်‌ရောက် ရှိတဲ့သူ့ကို ကျမသဘောကျခဲ့ပါတယ်။ ဘာလို့လဲဆို​တော့ ကျွန်မ​က ​ထက်မြက်တဲ့လူမဟုတ်​လို့လေ" ဆိုပြီး အရွှန်းဖောက် ပြောခဲ့ပါသေးတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/d8/d812216578c8287807fe2c2eda8abbab8ccb9607.jpg

Jin Seo-yeon က “လက်ထပ်ပြီး ၂ နှစ်အကြာမှာ ကျွန်မခင်ပွန်းကို မိဘတွေနဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။ ကိစ္စလေးတွေရှင်းပြီးမှ သူ့ကိုမိတ်ဆက်ပေးရင် ခွင့်ပြုချက်ရမယ်ထင်တယ်။

https://s9.kh1.co/__image/w=540,h=475,q=100/ea/ea36e032493435ad7885a2c113278654f943869a.png

လက်မှက်ထိုးတဲ့ အချိန်မှာသာ သူ့ကို မိတ်ဆက်ပေးခဲ့မယ်ဆိုရင် ရှုပ်ထွေးသွားလိမ့်မယ်။” လို့ပြောပြပါတယ်။Seo Jang-hoon က "မင်းရဲ့မိဘတွေက မင်းလက်ထပ်ပြီးတာနဲ့ သူ့ကို မိတ်ဆက်ပေးတယ်ဆိုတာ မင်းမိဘတွေသိရင် သူတို့ အံ့သြသွားလိမ့်မယ်" လို့ပြောတာကို Jin Seo-yeon က လူတိုင်းကို အံ့အားသင့်စေတယ်လို့ ပြန်ဖြေပြီး “ကျမ သူတို့ကို မပြောရသေးပါဘူး။ ဒီရှိုးကြည့်တဲ့အခါ သူတို့သိမှာပါ” လို့ပြန်‌ဖြေခဲ့ပါသေးတယ်ခင်ဗျာ။

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T