နှာချေခြင်းကြောင့် နံရိုးကျိုးနိုင်တယ်ဆိုတာ သင်သိပါသလား

//s9.kh1.co/4a/4a4f5547ea0f6deda87fcd8de3e8d1176813396e.jpg
MPT

 ၀၆-သြ-၂၀၂၂ ၁၂pm · လွန်ခဲ့သော ၂ နှစ် က

နှာချေခြင်းကြောင့် နံရိုးကျိုးနိုင်တယ်ဆိုတာ သင်သိပါသလား

နှာချေခြင်းဟာ ချွဲနှင့် အခြား ယားယံခြင်းများကို ဖယ်ရှားရှင်းလင်းပေးတဲ့ တုံ့ပြန်မှုတစ်ခုဖြစ်ပါတယ်။ ဒါဟာ အများအားဖြင့်‌တော့ လျင်မြန်ပြီး အန္တရာယ်ကင်းတဲ့ လုပ်ရပ်ဖြစ်‌ပေမယ့်လည်း နှာချေရုံနဲ့ နံရိုး ကျိုးနိုင်မယ်လို့ သင်ထင်ပါသလား။ ဒါကြောင့်ပဲ ခုတစ်ခါမှာ နှာချေခြင်းကြောင့် နံရိုးကျိုးနိုင်တဲ့နည်းနဲ့ ကာကွယ်နည်းအချို့ကို ဖော်ပြပေးမှာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=580,h=330,q=100/27/273c637c6d796f19f4120807923e8f0c54b71b1d.webp

နှာချေခြင်းက နံရိုးကျိုးနိုင်ပါသလား။

နှာချေခြင်းကြောင့် နံရိုးကျိုးစေနိုင်တဲ့ နည်းလမ်းအချို့ရှိပါတယ်။ ဒီနည်းလမ်းများတွေကတော့....

- လုံလောက်တဲ့ အငအားနဲ့ နှာချေတာက နံရိုးတွေကို လှုပ်ရှားစေပြီး ကျိုးထွက်စေပါတယ်။

- သင့်မှာ အရိုးပွရောဂါ သို့မဟုတ် သင့်အရိုးများကို အားနည်းစေတဲ့ အခြားအခြေအနေများ ရှိနေစဉ် နှာချေခြင်း။

https://s9.kh1.co/__image/w=650,h=434,q=100/e7/e7ec0155501134ee3e582901fe16921972c9e72b.jpg

- နှာချေပြီး ပြုတ်ကျချော်လဲခြင်းတို့ကြောင့် နံရိုးများကို ပြင်းထန်စွာ ထိမှန်ပြီး ကျိုးသွားနိုင်ပါတယ်။

- ကိုယ်ဝန်ရှိခြင်း စတဲ့ နည်းတွေဟာ နှာချေပြီး နံရိုးကျိုးနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်အမျိုးသမီးများဟာ ရင်ဘတ်ပေါ်မှာ အလေးချိန်နှင့် ဖိအားများတိုးလာတာကြောင့် သူတို့ရဲ့ နံရိုးပြဿနာများ ပိုမိုဖြစ်ပွားနိုင်ချေ ပိုများပါတယ်။

နှာချေခြင်းမှ နံရိုးကျိုးခြင်းကို ဘယ်လိုကာကွယ်နိုင်မလဲ။

https://s9.kh1.co/__image/w=650,h=341,q=100/94/94770e77739f9b8c4359d407aea6661dc826f2a8.jpg

နှာချေခြင်းမှ နံရိုးကျိုးခြင်းကို ကာကွယ်ရန် သင်လုပ်ဆောင်နိုင်တဲ့ အရာအချို့ရှိပါတယ်။ အဲ့တာတွေကတော့.....

- အရမ်းကြီး နှာချေဖို့ မကြိုးစားပါနဲ့။ နှာချေချင်သလို ခံစားရပါက တံတောင်ဆစ်အတွင်း နှာချေပါ မဟုတ်တောင် အနည်းဆုံး နှာချေမှုဒဏ်ကို သက်သာစေရန် ခဏလောက်ရပ်တန့်နိုင်အောင် ကြိုးစားပါ။

- သင့်မှာ အရိုးပွရောဂါ သို့မဟုတ် သင့်အရိုးများကို အားနည်းစေတဲ့ အခြားအခြေအနေများရှိပါက အထူးဂရုစိုက်ရန်သေချာပြီး နှာချေခြင်းကိုပင် လုံးဝရှောင်ကြဉ်သင့်ပါတယ်။

- အကယ်၍ သင်ဟာ ကိုယ်ဝန်ရှိနေပါက နံရိုးကျိုးခြင်းကို ကာကွယ်ရန် နည်းလမ်းများအကြောင်း သင့်ဆရာဝန်နှင့် သေချာဆွေးနွေးပါ။

https://s9.kh1.co/__image/w=650,h=367,q=100/23/2316d4149158818ff4ff4190bbdee307715d9de7.jpg

ချောင်းဆိုးခြင်း သို့မဟုတ် နှာချေခြင်းကြောင့် နံရိုးကျိုးခြင်း ဘယ်လောက် အဖြစ်များသလဲ။

ချောင်းဆိုးခြင်း သို့မဟုတ် နှာချေခြင်းမှ နံရိုးကျိုးခြင်းဟာ အမှန်တကယ် ရှားပါးပါတယ်။ အချိန်အများစုမှာ ကားမတော်တဆမှု သို့မဟုတ် ပြုတ်ကျခြင်းကဲ့သို့သော ပြင်းထန်တဲ့ အကျိုးသက်ရောက်မှုများကြောင့် နံရိုးများကျိုးသွားတတ်ပါတယ်။ ဒါပေမယ့် သင့်မှာ အရိုးတွေကို အားနည်းစေနိုင်တဲ့ အခြေအနေတချို့ရှိနေရင် အရိုးကျိုးနိုင်ခြေ ပိုများနိုင်ပါတယ်။

ထိန်းမရတဲ့ နှာချေခြင်းကို ဘယ်လို ရပ်တန့်မလဲ။

အထိန်းအကွပ်မဲ့ နှာချေနေရင်၊ ရပ်တန့်ဖို့ ကြိုးစားလုပ်ဆောင်နိုင်တဲ့ အချက်တချို့ ရှိပါတယ်။ ဒါတွေကတော့....

- နှာခေါင်းကိုပိတ်ပြီး စက္ကန့်အနည်းငယ်ကြာအောင် အသက်ရှုသွင်းလိုက်ပါ။ ဒါက တုံ့ပြန်မှုကို ရပ်တန့်ဖို့ ကူညီပေးပါလိမ့်မယ်။

https://s9.kh1.co/__image/w=650,h=342,q=100/4a/4a4f5547ea0f6deda87fcd8de3e8d1176813396e.jpg

- ရေအေးသောက်ပါ သို့မဟုတ် ရေခဲချောင်းစားပါ။ အေးတဲ့အပူချိန်က ယားယံတာကို သက်သာစေပါတယ်။

- နှာခေါင်းအစား သင့်ပါးစပ်ကို ရှူပါ။ ဒါက ယားယံခြင်းတွေကို ဖယ်ရှားဖို့ ကူညီပေးပါလိမ့်မယ်။

- တစ်ခုခုနဲ့ ဓါတ်မတည့်ဘူးဆိုရင်တော့ ဝေးဝေးရှောင်ပါ။ မရှောင်နိုင်ရင် ဓာတ်မတည့်တဲ့ ဆေးတချို့ကို ကြိုသောက်ပါ။

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T