သွားကိုက်ခြင်းကို ပျောက်ကင်းစေမယ့် အရာများ

//s9.kh1.co/75/75ce820d0e82431deda421ee36e35e17206dd9f5.jpeg
ဗဟုသုတအဖြာဖြာ

 ၂၇-လိုင်-၂၀၂၂ ၆pm · လွန်ခဲ့သော ၂ နှစ် က

သွားကိုက်နေလား .. ဒါတွေကို သုံးလိုက်ပါ ...


သွားကိုက်တာ၊ သွားဖုံးနာတာတွေက တော်တော်လေး ခံရခက်စေပြီး အစားအစာရတာ၊ စကားပြောရတာ၊ အလုပ်အာရုံစိုက်ရတာတွေတောင် အခက်အခဲဖြစ်စေပါတယ်။ နာကျင်မှုကိုသည်းမခံနိုင်တဲ့အဆုံး သွားဆရာဝန်နဲ့ သွားပြရပါတယ်။ ဒါပေမဲ့ သွားကိုက်တာ၊ သွားဖုံးနာတာ အရမ်းမပြင်းထန်ဘူးဆိုရင် အိမ်မှာပဲ ဒီနည်းလမ်းလေးတွေနဲ့ အလွယ်တကူကုသနိုင်ပါတယ်။

ကြက်သွန်ဖြူ

https://s9.kh1.co/__image/w=650,h=434,q=100/ca/ca266c41d9d6fe7f870c3c3ce58510b39a482946.jpeg

ကြက်သွန်ဖြူက ဆေးဝါးဆိုင်ရာဂုဏ်သတ္တိများစွာနဲ့အစွမ်းထက်အစားအစာဖြစ်ပါတယ်။ အအေးမိဖျားနာခြင်းအတွက် အသုံးများတဲ့ ကြက်သွန်ဖြူက ဘတ်တီးရီးယားတွေကိုတိုက်ဖျက်ပေးတဲ့ အယ်လီဆင် (Allicin) ဓာတ်တွေ ပါဝင်ပြီးသွားကိုက်တာ၊ သွားဖုံးနာတာတွေကို ကုသတဲ့နေရာမှာ အတော်လေးထိရောက်ပါတယ်။

ရှားစောင်းလတ်ပက်

https://s9.kh1.co/__image/w=650,h=479,q=100/c2/c2e6341ea116f628a1e08401f7cd74f7625f29af.jpeg

ရှားစောင်းလတ်ပက်ကလည်း ရောဂါပိုးမွှားတွေကို ဖျက်စီးပစ်နိုင်တဲ့ သဘာဝဂုဏ်သတ္တိတွေရှိပြီး သွားယိုယွင်းပျက်စီးခြင်းကနေ ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။ ဒါကြောင့်သွားကိုက်တာ၊ သွားဖုံးနာတာတွေခံစားရတဲ့အခါ ရှားစောင်းလတ်ပက်ကို အသုံးပြုလိုရပါတယ်။

လေးညှင်းပွင့်ဆီ

https://s9.kh1.co/__image/w=650,h=325,q=100/e8/e878bbb2c4d74cc72a9ef33ddd4b47b8c681aed7.png

သွားတွေ တဒုတ်ဒုတ်ကိုက်ခဲနေပါက နည်းလမ်းတစ်ခုက သွားပေါ် လေးညှင်းပွင့်ဆီတွေ လိမ်းပေးဖိုပါပဲ။ လေးညှင်းပွင့်ဆီမှာ ဘက်တီးရီးယားပိုသေစေနိုင်တဲ့သတ္တိတွေပါဝင်ပြီးအကိုက်အခဲပျောက်ကင်းစေတဲ့ အစွမ်းသတ္တိအတွက် လူသိများပါတယ်။ စစလိမ်းချင်းမှာ နာကျင်ပေမယ့် နောက်ပိုင်းမှာသက်သာစေပါတယ်။

ဆားရည်

https://s9.kh1.co/__image/w=650,h=432,q=100/e0/e02ccf6e6881e814786138950ebf579889630b6e.jpeg

ဆားရည်က ဘတ်တီးရီးယားပိုးမွှားတွေကို သဘာဝအလျောက်သတ်ပေးနိုင်တဲ့ ဂုဏ်သတ္တိရှိပြီး သွားကြားမှာညက်နေတဲ့ အစားအစာအမှုန့်အမွှားတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ဆားရည်နဲ့ ပလုတ်ကျင်းပေးခြင်းကလည်း နီမြန်းရောင်ရမ်းခြင်းကို ပြေလျော့စေတဲ့အပြင် သွားဖုံးမှာရှိနေတဲ့အန္တရာယ်ဖြစ်စေတဲ့ဘတ်တီးရီးယားပိုးတွေကို သတ်ပေးနိုင်ပါတယ်။

Source: Wellnessbin  

Photo Credit: Google

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T