ဒဏ္ဍာရီဆန်ဆန်ရှိနေတဲ့ ရေသူမတွေ အပြင်လောကမှာ တကယ်ရှိတာလား....?

//s9.kh1.co/9f/9f51d2f4424edd8d2183d85b26a69349b02bd5c4.jpg
MPT

 ၂၅-လိုင်-၂၀၂၂ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

ဒဏ္ဍာရီဆန်ဆန်ရှိနေတဲ့ ရေသူမတွေ အပြင်လောကမှာ တကယ်ရှိတာလား....?

ရေသူမတွေရှိတယ်ဆိုတဲ့ ပထမဆုံး ဒဏ္ဍာရီများဟာ ဘီစီ ၁၀၀၀ ခန့်က စတင်ပေါ်ပေါက်လာခဲ့တာပါ။ အချို့သူများကတော့ ရေသူများတွေ အပြင်လောကမှာ တကယ်ရှိနေကြောင်းကို မှတ်ဓာတ်ပုံတွေ ဒါမှမဟုတ် သူတို့ကြုံတွေလာခဲ့ရဲ့ အဖြစ်အပျက်လေးတွေကို ကိုးကားရေးသားဖော်ပြကြတာတွေလည်း ရှိပါတယ်။

https://s9.kh1.co/__image/w=600,h=377,q=100/58/58bad4a40d4407eb60ce1e98d743d58e4d1cf071.webp

ရေသူများဟာ လူတစ်ပိုင်း ငါးတစ်ပိုင်း ရေနေသတ္တဝါတွေဖြစ်ကြောင်း ၊ လူသားမတွေ့နိုင်တဲ့ နေရာတွေမှာ နေထိုင်ကျက်စားကြောင်း အစရှိတဲ့ အကြောင်းအရာတွေကို ရှေးလူကြီးသူမတွေရဲ့ ပြောပြမှုတွေကို ကြားဖူးကြမှာပါ။ ဆီရီးယား ရိုးရာပုံပြင်တစ်ခုမှာ နတ်ဘုရားမတစ်ဦးဟာ ငါးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားအောင် ရေအိုင်ထဲကို ခုန်ချခဲ့သောလည်း သူမရဲ့ အလှတရားတွေက မပြောင်းလဲနိုင်ဘဲ အောက်ပိုင်းသာ ငါးအဖြစ်သို့ ပြောင်းလဲသွားခဲ့ပါတယ်။

https://s9.kh1.co/__image/w=212,h=300,q=100/6a/6a7f7b1924e890c61924c91b346602ed51e3af74.jpg

အဲ့ဒီအချိန်တုန်းက ကမ္ဘာတစ်ဝှမ်းရှိ မတူညီတဲ့ ယဉ်ကျေးမှုများစွာကနေ ရေသူမတွေနဲ့ ပတ်သက်ပြီး ရိုးရာပုံပြင်များစွာထွက်ပေါ်ခဲ့ပါတယ်။ ဥပမာ- အာဖရိကရေနတ်ဖြစ်တဲ့ Mami Wata ဟာ Caribbean ကျွန်းစုများမှာ ရိုးရာပုံပြင်များမှာ ရေပန်းစားခဲ့တဲ့ ရေနတ်ဖြစ်ပြီး သူကလည်း ရေသူမပုံစံမျိုးရှိခဲ့တာပါ။ နောက်ပြီး သမိုင်းတစ်လျှောက်မှာလဲ စူးစမ်းရှာဖွေသူများစွာက ဒဏ္ဍာရီဆန်ဆန်ရှိနေခဲ့တဲ့ ရေသူမတွေကို မြင်တွေ့ခဲ့ကြောင်း မှတ်တမ်းတွေလည်းရှိပါတယ်။

https://s9.kh1.co/__image/w=263,h=191,q=100/3e/3ed480ee963b6aef5d83014a848ab935bafd1495.jpg

၁၄၉၃ ခုနှစ်လောက် ကိုလံဘတ်စ် ဆိုတဲ့ အမျိုးသားတစ်ဦးက ဟေတီအနီးမှာ ရေသူမတစ်ကောင်ကို တွေ့ခဲ့ပြီး အမျိုးသားမျက်နှာနဲ့ ပုံစံတူကာ အရမ်းရုပ်ဆိုးကြောင်း ဖော်ပြခဲ့ပါတယ်။ထို့နည်းအတူ ၁၆၁၄ ခုနှစ်ကလည်း Captain John Smith ဆိုသူဟာ Newfoundland ကမ်းရိုးတန်းမှာ မျက်လုံးကြီးကြီး နှင့် ဆံပင်စိမ်းနေတဲ့ ရေသူမလေးတစ်ကောင်ကို တွေ့ရှိခဲ့ကြောင်း ၁၉၆၇ ခုနှစ် ဇန်နဝါရီလ Dodd Mead မှာ ဖော်ပြထားခဲ့ဖူးပါတယ်။

https://s9.kh1.co/__image/w=225,h=300,q=100/f6/f69e972eb1caefbc77f54927e186ef15f188fa76.jpg

ဒါကတော့ သူတို့တွေ တွေမြင်ခဲ့ရဲ့ အတွေ့အကြုံတွေကို ပြောပြခဲ့ကြတာပါ။ ယနေ့အချိန်ထိတော့ ဘယ်ပညာရှင်တစ်ဦးတစ်ယောက်မျှ အပြင်လောကမှာ ရေသူမများရှိခဲ့တယ်ဆိုတာကို သက်သေပြနိုင်ခြင်းမရှိသေးပါဘူး။ဒါကြောင့် ရေမတွေ တကယ်ရော အပြင်လောကမှာ ရှိတာလာဆိုတာ မေးခွန်းထုတ်စရာပါ။ ကျွန်တော်အထင်ဆို ဒါဟာ ဒဏ္ဍာရီအနေနဲ့သာ ရှိခဲ့တယ်လို့ ထင်ပါတယ်။ ပရိသတ်တွေရော ရေသူမတွေ ကျွန်တော်တို့ အပြင်လောကမှာ တကယ်ရှိမရှိ ထင်မြင်ယူဆချက်လေးတွေကို လွတ်လပ်စွာ မျှဝေပေးခဲ့ပါဦး။

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T