သွားဝါစေတဲ့ အဓိက အကြောင်းအရင်း (၅) မျိုး

//s9.kh1.co/00/00eac924f9981c9c4ef8c7237032eeb14d74e123.jpg
ကျန်းမာရေးနှင့် အလှအပရေးရာ

 ၂၄-လိုင်-၂၀၂၂ ၉pm · လွန်ခဲ့သော ၂ နှစ် က

ဒါတွေကို သိရှိထားခြင်းက ကုသခြင်းအတွက်လည်း အကူအညီဖြစ်စေပါတယ်

လူတွေဟာ သွားတွေ တဖြည်းဖြည်းနဲ့ အဝါရောင် ဖြစ်လာတဲ့အခါမှာ စိုးရိမ်နေတတ်ကြပါတယ်။ တကယ်တော့ သွားတွေအဝါရောင်ဖြစ်တယ်ဆိုတာက ကျန်းမာရေးဆိုးဆိုးဝါးဝါးဖြစ်နေတယ်ဆိုတဲ့ လက္ခဏာရပ်တော့ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း သွားဝါခြင်းက ရုပ်အသွင်အပြင်ပိုင်းဆိုင်ရာကိုတော့ ထိခိုက်စေပါတယ်။ ဒါကြောင့် သွားတွေ ဘာလို့အဝါရောင်ဖြစ်လာရတယ်ဆိုတာကို ပြောပြပေးသွားပါမယ်။

https://s9.kh1.co/__image/w=650,h=418,q=100/10/10bbdb4ae1577ceea7d41a38bd80d49dd78bb0c7.jpg

(၁) မျိုးရိုးဗီဇ

တစ်ခါတရံမှာ သွားတွေဟာ မျိုးရိုးကိုလိုက်ပြီးတော့ အရောင်ထွက်တတ်ပါတယ်။ မိဘတွေရဲ့ သွားဟာ အဝါရောင် ဖြစ်ခဲ့မယ်ဆိုရင် သားသမီးဖြစ်တဲ့သူရဲ့ သွားတွေကလည်း ဆင်တူတဲ့ အရောင်အသွေး ဖြစ်နိုင်ပါတယ်။ နီညိုရောင်၊ နီဝါရောင်၊ မီးခိုးရောင်တို့က သွားတွေရဲ့ သဘာဝ အရိပ်အရောင်တွေဖြစ်ပြီး အရောင်ရဲ့အတိမ်အနက်ကတော့ အလင်းကနေ မှောင်မိုက်တဲ့အထိ ရောင်စဉ်အလိုက် ကွဲပြားနိုင်ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/e1/e12f4bcccb8af3ba4fcef4fecd17711fd39858b4.jpg

(၂) ဆေးလိပ်သောက်ခြင်း

ဆေးလိပ်သောက်ခြင်းက ကျန်းမာရေးနဲ့ မညီညွတ်တဲ့အပြင် ဆေးလိပ်မှာပါဝင်တဲ့ နီကိုတင်းကလည်း သွားတွေရဲ့ မျက်နှာပြင်ပေါ်မှာ အဝါရောင် ဒါမှမဟုတ် နီညိုရောင် အစွန်းအထင်းတွေ ဖြစ်စေပါတယ်။

https://s9.kh1.co/__image/w=600,h=400,q=100/f0/f0dc20fcd077b5bb3d75bb01e2a0c6d4f85e44a8.jpg

(၃) ခံတွင်းသန့်ရှင်းမှု အားနည်းခြင်း

ပါးစပ်ကို မကြာခဏ သွားပွတ်ကြိုးနဲ့ သွားချေးတွေကို ဖယ်ရှားခြင်းနဲ့ ဆေးကြောခြင်းတွေ မပြုလုပ်တဲ့အခါမှာ သွားတွေဟာ အရောင်ပြောင်းလဲလာနိုင်ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/be/be56de63da97e5e2a31bb6737b69addef5c92d49.jpg

(၄) အစားအစာ

အစားအစာတွေကလည်း သွားတွေကို စွန်းထင်းစေနိုင်ပါတယ်။ ခေါက်ဆွဲဆော့စ်၊ ဟင်းခတ်အမွှေးအကြိုင်များနဲ့ ဘယ်ရီသီးတွေထဲက ခရမ်းချဉ်သီးဟာလည်း သွားကြွေလွှာမှာ တွယ်ကပ်ပြီးတော့ စွန်းထင်းစေပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/1b/1be8963f1d026d207027716a1052325c653dd575.jpg

(၅) အချိုရည်

သွားများကို အဝါရောင် ဖြစ်စေတဲ့ အကြောင်းရင်း တွေထဲမှာ ကော်ဖီနဲ့ လက်ဖက်ရည်တွေ ပါဝင်တဲ့အပြင် အပေါ့စား ဆိုဒါများနဲ့အနံ့အတု ပြုလုပ်ထားတဲ့ ဖျော်ရည်တွေလည်း ပါဝင်ပါတယ်။

အခုလို သွားဝါစေတဲ့ အကြောင်းအရင်းတွေကို သိရှိထားခြင်းက ကုသခြင်းနဲ့ ကာကွယ်ခြင်းတို့အတွက်လည်း အကူအညီဖြစ်စေပါတယ်။

source - medicinenet

Rain
Rain

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T