လူသေအပုပ်နံ့ကြောင့် လူသိများတဲ့ ကမ္ဘာ့အကြီးဆုံး ရှားပါး ပန်းမျိုးစိတ်

//s9.kh1.co/43/43db6a375576efcb3334e16c7f8eb26f398e0f26.jpg
MPT

 ၂၁-လိုင်-၂၀၂၂ ၂pm · လွန်ခဲ့သော ၃ နှစ် က

လူသေအပုပ်နံ့ကြောင့် လူသိများတဲ့ ကမ္ဘာ့အကြီးဆုံး ရှားပါး ပန်းမျိုးစိတ်

ကမ္ဘာပေါ်မှာ ပွင့်ဖူးနေတဲ့ ပန်းတွေထဲမှာ တိုက်တန် အာရမ် ပန်းမျိုးစိတ်ဟာ လူသိများပြီး အကြီးဆုံးနဲ့ အရှားပါးဆုံး ပန်းမျိုးစိတ်တစ်မျိုးပဲ ဖြစ်ပါတယ်။ သူဟာ Araceae မျိုးစိတ်မိသားစုဝင်ထဲမှာ ပါဝင်တဲ့ ပန်းပွင့်သောအပင်ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=313,h=503,q=100/69/69098074c5e46047b9e272bcb95d485d93d9985a.jpg

ဒီပန်းပင်ရဲ့ ထူးခြားချက်ကတော့ အခြားပန်းပွင့်တဲ့အပင်တွေလို အကိုင်းအခက်မရှိဘဲ ပန်းပွင့်ကြီးမားစွာ ပွင့်ဖူးတဲ့ မျိုးစိတ်ပါ။ အများသောအားဖြင့် တိုက်တေ အာရမ် ပန်းကို အင်ဒိုနီးရှား ဆူမားတြားကျွန်းမှာ တွေ့ရပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/22/226e90bb9e6e8a61effad2b5e7b6c5d342ab460c.jpg

သူ့ရဲ့အနံ့က ဆိုးရွားတဲ့ ရုပ်အလောင်း ပုပ်ပွတဲ့အနံ့ရှိတာကြောင့် carrion flower (အလောင်းပန်း) လို့လည်း လူသိများခဲ့ပါတယ်။ ပန်းပွင့်လာပြီဆိုရင်လည်း အမြင့်ပေး ၃ မိတာ (၁၀ ပေ) အထိရောက်ရှိနိုင်ပါတယ်။ တိုက်တေ အာရမ် ပန်းပွင့်ရဲ့ အပြင်ဘက်မှာ နက်ရှိုင်းတဲ့ အစိမ်းရောင်ရှိသလို အတွင်းဘက်မှာလည်း အနက်ရောင် burgundy အနီရောင်ဖြစ်ပြီး နက်ရှိုင်းစွာ ကန့်လန့်ဖြတ်ထားတဲ့ texture လည်းရှိပါတယ်။

https://s9.kh1.co/__image/w=650,h=867,q=100/1a/1aabe9071264e50ee997fbe2f6ba098e555db7da.jpg

အထီးနှင့်အမ အပွင့်နှစ်မျိုးလုံးကတော့ တူညီတဲ့ပုံစံဖြစ်ပေမယ့် အမပန်းပွင့်များက ပထမဆုံးပွင့်ပြီး နောက်တစ်ရက်နှစ်ရက်ကြာလောက်မှ အထီးပန်းများပွင့်ကြတာပါ။ ပန်းပွင့်လာချိန်မှာလည်း အပွင့်ရဲ့အဖျားဟာ အကြမ်းဖျင်းအားဖြင့် လူ့ခန္ဓာကိုယ်အပူချိန်လောက်ရှိပါတယ်။

https://s9.kh1.co/__image/w=494,h=758,q=100/46/468b0cbd204e89cdd5588c54d16e6d3416fa0ff8.jpg

ပန်းပွင့်ချိန်ကတော့ ဆယ်နှစ်မှ တစ်ကြိမ်ပဲပွင့်တာဖြစ်ပေမယ့် အပွင့်က ၃ ရက်မှ ၄ ရက်အထိသာ ခံပါတယ်။ပန်းပွင့်ပြန်သေပြီးနောက်မှာလည်း အပင်ငယ်တစ်ပင်ရဲ့ အရွယ်ရောက်ရှိလာတဲ့အရွက်ဟာ မြေအောက်ကော်မင်ကနေ ပြန်လည်ပေါက်လာတာပါ။

https://s9.kh1.co/__image/w=650,h=650,q=100/96/966d062eb73036ad1fec0c5b92c6573115bfc152.jpg

အရွက်ဖွဲ့စည်းပုံမှာလည်း အမြင့် ၆ မီတာ (၂၀ ပေ) နှင့် အလျား ၅ မီတာ (၁၆ ပေ) အထိ ရောက်ရှိနိုင်ပါတယ်။ နှစ်စဉ်နှစ်တိုင်း အရွက်ဟောင်းတွေသေပြီး ပြန်ထွက်လာရင်လည်း အဲ့နေရာကပင် ထွက်လာခဲ့တာပါ။ ၂၀၀၆ ခုနှစ် မေလလောက်မှာ တိုက်တန် အာရမ်ပန်းဟာ ရုက္ခဗေဒဥယျာဉ် Bonn မှာ သုံးပွင့်တစ်ပြိုင်နက်ထဲ ပွင့်ခဲ့ကြောင်း မှတ်တမ်းများအရ သိရပါတယ်။

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T