ဒူးရင်းသီးစားခြင်းရဲ့ ဆိုးကျိုးများ

//s9.kh1.co/ee/eead49dc09547c36116dc137da48d1bacf946ef1.jpg
ကျန်းမာရေးနှင့် အလှအပရေးရာ

 ၁၉-လိုင်-၂၀၂၂ ၃pm · လွန်ခဲ့သော ၂ နှစ် က

ဒူးရင်းသီးစားခြင်းရဲ့ ဆိုးကျိုးများ

ကမ္ဘာကြီးနှစ်ခြမ်းကွဲသွားရင်တောင် ဒူးရင်းပင်တွေရှိတဲ့ဘက်မှာ နေမယ်ဆိုတဲ့သူတွေအတွက် ဒူးရင်းသီးက ကျန်းမာရေးအတွက် ဘာတွေဆိုးစေလဲဆိုတာ ကို ဖော်ပြပေးလိုက်ပါတယ်။

https://s9.kh1.co/__image/w=650,h=854,q=100/3d/3d896ff650a5644fbb300cf73471c331fc93d82d.jpg

သကြားဓာတ်ပါဝင်မှုမြင့်မားခြင်း

ဆီးချို၊ သွေးချို ဝေဒနာရှင်တွေအနေနဲ့ ဒူးရင်းသီးကို တစ်ထိုင်တည်းနဲ့ အများကြီးစားမိရင် သွေးတွင်း သကြားဓာတ် မြင့်တက်မှု ကြုံရနိုင်ပါတယ်။

https://s9.kh1.co/__image/w=650,h=487,q=100/90/9034a8fad4af5091df117a3fd19ca31baa2cb192.jpg

အပူစာအသီး

တရုတ်ဆေးပညာအလိုအရ ဒူးရင်းသီးကို အပူစာအသီးအုပ်စုထဲမှာ ထည့်ထားပြီး အများကြီးစားရင် လည်ချောင်းနာတာ၊ ခံတွင်းနာတွေဖြစ်တာ၊ ဝမ်းချုပ်တာနဲ့ သလိပ်ထတာတွေဖြစ်စေတတ်တယ်လို ဆိုပါတယ်။

https://s9.kh1.co/__image/w=650,h=341,q=100/e2/e21d977ff66024f508054cc6d61a407c7bf09289.jpg

ကယ်လိုရီပါဝင်မှုမြင့်မားခြင်း

ဒူးရင်းသီး ၆၀၂ ဂရမ် (၃၆ ကျပ်သားခန့်) မှာ ၈၈၅ ကယ်လိုရီပါဝင်ပါတယ်။ ဒါဟာ အရွယ်ရောက်ပြီးသူ တစ်ယောက်အတွက် တစ်နေ့တာစားသုံးသင့်တဲ့ ပျမ်းမျှကယ်လိုရီပမာဏရဲ့ ၄၄ ရာခိုင်နှုန်းထိ စားသုံးပြီး ဖြစ်သွားစေပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/f5/f58f8fe9ceeccf77937816c06f54b3d958b00761.jpg

ဒါပေမဲ့ မနေ နိုင်ဘူး၊ စားကိုစားမယ်ဆိုရင်တော့ ဘေးထွက်ဆိုးကျိုးတွေသက်သာစေဖို့ စားပြီးရင် ရေများများသောက်ပေးဖို လိုပါတယ်နော်။

Photo Credit : Google

Source : Indiaentertainment

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T