ပင်ပန်းနွမ်းနယ်တာတွေ သက်သာစေဖို့ နည်းလမ်းကောင်းများ

//s9.kh1.co/27/27d813f188128b52752f2815c5bfd45ceee09f24.jpg
ကျန်းမာရေးနှင့် အလှအပရေးရာ

 ၁၆-လိုင်-၂၀၂၂ ၁၀pm · လွန်ခဲ့သော ၂ နှစ် က

.

အသက်အရွယ်ကြီးလာတာနဲ့အမျှ ပင်ပန်းခြင်း၊ နွမ်းနယ်ခြင်းတွေ ခံစားလာရပါတယ်။ လူလတ်ပိုင်းအရွယ်လောက် ရောက်လာပြီ ဆိုတာနဲ့ ပင်ပန်းနွမ်းနယ်ခြင်းတွေ အဖြစ်များလေ့ရှိပါတယ်။ ဒါပေမယ့်လည်း ပင်ပန်းနွမ်းနယ်ခြင်း တွေ သက်သာစေပြီး အားပြန်လည် ပြည့်ဝစေမယ့် နည်းလမ်းကောင်းတွေ ရှိနေပါတယ်။ ဒီနည်းလမ်းတွေက ပင်ပန်းခြင်းကို သက်သာစေမယ့်အပြင် အိုမင်းခြင်းကိုလည်း နှေးကွေးစေပါတယ်။

https://s9.kh1.co/__image/w=650,h=326,q=100/92/92436f769d0e9f46c0a7e20b1c1b741ad0bce272.jpg

ရေများများသောက်ပါ

ရေဓာတ်ခမ်းခြောက်ခြင်းသည် စွမ်းအင်ကို ဆုံးရှုံးစေတဲ့အပြင် ရုပ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကိုလည်း ထိခိုက်စေပါတယ်။ ဒါ့အပြင် ရေဓာတ်ခမ်းခြောက်ခြင်းက နိုးကြားမှုနဲ့ အာရုံစူးစိုက်မှုတို့ကို လျော့ကျစေပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/72/72891ac1d323aeb37c73ec297a1331b44ecce359.jpg

အိပ်ရေးဝဝအိပ်ပါ

အိပ်ရေးမဝခြင်းက မတော်တဆဖြစ်နိုင်ခြေတွေကို တိုးစေပြီး ပင်ပန်းနွမ်းနယ်မှုကို ဖြစ်စေတဲ့ အကြောင်းရင်းတစ်ခုဖြစ်ပါတယ်။ လုံလုံလောက်လောက် အိပ်စက်တဲ့ အလေ့အထက ခန္ဓာကိုယ်ကို ကျန်းမာရေး ကောင်းမွန်စေမှာပါ။

https://s9.kh1.co/__image/w=650,h=434,q=100/2c/2c1ee3c0a4d9d570aaaaee73118279710bedcbbb.jpeg

မကြာခဏ စားပါ

နေ့ဘက်မှာ ပေါ့ပေါ့ပါးပါး အစားအစာတွေကို မကြာခဏ စားသုံးခြင်းကလည်း ခန္ဓာကိုယ်ကို ပင်ပန်းမှုဒဏ်ကနေ ကာကွယ်ပေးကာ ကောင်းကျိုးဖြစ်စေပါတယ်။ ဒီလိုစားပေးခြင်းက သွေးတွင်းသကြားဓာတ်အဆင့်ကို တည်ငြိမ်အောင်လည်း ကူညီပေးနိုင်ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/81/81915b868fc211b7d5c20601d8c75e28f7022daf.jpg

ကိုယ်အလေးချိန်ချပါ

ကိုယ်အလေးချိန်ကို လျှော့ချခြင်းက စွမ်းအင်ကို မြှင့်တင်ပေးနိုင်ပါတယ်။ ခန္ဓာကိုယ်တွင်း အဆီအနည်းငယ်ကို လျှော့ချလိုက်တာက စိတ်ပိုင်းဆိုင်ရာ သန်စွမ်းမှုနဲ့ ရုပ်ပိုင်းဆိုင်ရာအရည်အသွေးကို တိုးတက်စေမှာပါ။ ခန္ဓာကိုယ်အရွယ်အစားကို လျှော့ချခြင်း၊ မျှတတဲ့ အစားအစာစားခြင်းနဲ့ ကိုယ်လက်လှုပ်ရှားမှုကို တိုးမြှင့်ခြင်းတို့က ခွန်အားတွေပြည့်စေပါတယ်။

source - betterhealth

Rain
Rain

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T