ကော်လိုရာဒို အမျိုးသမီးတစ်ယောက်ဟာ မုဒိမ်းကျင့်ခံရတယ်လို့ အိပ်မက်မက်ပြီးနောက် အမျိုးသားတစ်ဦးဟာ ဆယ်စုနှစ် ၃ ခုနီးပါး ထောင်ကျခဲ့ရပါတယ်။ ဒီလူဟာ သူကျူးလွန်တာမဟုတ်ပဲ တခြားသူက ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံပြီးနောက် လွတ်မြောက်ရန် မျှော်လင့်ထားပေမယ့်လည်း စုံစမ်းစစ်ဆေးသူတွေက ဝန်ခံချက်ဟာ လိမ်လည်မှုဖြစ်တယ်လို့ ဆိုပါတယ်။

ကလာရွက်စ် မောရှေအယ်ဟာ ၁၉၈၈ ခုနှစ် ညဘက်မှာ အရက်သောက်ရာမှ အိမ်ပြန်ရောက်လာတဲ့ အမျိုးသမီးတစ်ယောက်ကို အဓမ္မပြုကျင့်မှုဖြင့် ထောင်ဒဏ် 48 နှစ် ချမှတ်ခံခဲ့ရပါတယ်။ အိပ်မက်ထဲမှာ အမျိုးသမီးက သူ့မျက်နှာကို မြင်လိုက်ရတာကြောင့် သူဖြစ်ကြောင်း အခိုင်အမာဆိုပြီး ထောင်ထဲမှာ သူဟာ ၂၈ နှစ်နေခဲ့ရပါတယ်။နှစ်ဆယ့်ငါးနှစ်ကြာပြီးနောက် မုဒိမ်းမှုကျူးလွန်သူ အယ်လ်ဆီ ဂျက်ဆင် ဟာ 2013 ခုနှစ် ဒီဇင်ဘာလမှာ မောရှေအယ်ဆီ ဝန်ခံစာတစ်စောင်ရေးခဲ့ပါတယ်။

"ငါ မင်းကို ဘာပြောရမှန်းကို ငါတကယ်မသိဘူး၊ ဒါပေမယ့် အမှောင်ထဲမှာ လုပ်ခဲ့တာတွေကို အလင်းထဲကို ယူဆောင်လာလိုက်ကြရအောင်။ " လို့ ဂျက်ဆင်ကရေးပို့ခဲ့ပါတယ်။ မုဒိမ်းမှုကျူးလွန်ခံရသူကို ရဲများက စစ်ဆေးမေးမြန်းတဲ့အခါမှာ ဂျက်ဆင်လို့ အမည်ပေးခဲ့တာပါ။

ဒါပေမယ့် ဂျက်ဆင်ဟာ တစ်ခါမှ ဖမ်းဆီးခြင်း မခံရဘဲ ပထမအမျိုးသမီးအိမ်နှင့် တစ်မိုင်ခွဲခန့်အကွာ ၁၉၉၂ ခုနှစ်မှာ အခြားအမျိုးသမီးနဲ့ သူ့ရဲ့ သမီးကို အဓမ္မပြုကျင့်ခဲ့ပါတယ်။ဝန်ခံပြီးနောက်မှာတောင် ဒန်ဗာ ခရိုင်တရားသူကြီး ကန်ဒက်စ် ဂါဒက်ဟာ မောရှေအယ်ရဲ့မိသားစုကို စိတ်ပျက်စေမယ့် ရုံးချိန်းအသစ်ကို အမိန့်မချမီ နောက်ထပ်နှစ်နှစ်ကြာခဲ့ပါသေးတယ်။

မောရှေအယ်ရဲ့ လွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်နေစဉ် ၂၀၁၃ ခုနှစ်မှာ သူ့ရဲ့မိခင်အပါအဝင် မိသားစုဝင်အများအပြား ကွယ်လွန်ခဲ့ပါတယ်။ မောရှေအယ်ဟာ အပြစ်မရှိကြောင်း သက်သေပြနိုင်တဲ့ DNA အထောက်အထားများကို ဒန်ဗာ ရဲများက ဖျက်ဆီးလိုက်တာကြောင့် နှစ် ၃၀ နီးပါး အကျဉ်းထောင်ထဲမှာပဲ ရှိနေခဲ့ရပါတယ်။

စစ်ဆေးမှုအတွက် သက်သေအထောက်အထားများကို ထိန်းသိမ်းထားရန် တရားသူကြီးက အမိန့်ပေးခဲ့ပေမယ့်လည်း ရဲများက ဖျက်ဆီးခဲ့ကြပါတယ်။ အကျဉ်းကျနေစဉ် သူ့ညီမနှစ်ယောက်၊ ညီအစ်ကို နှစ်ယောက်၊ ဦးလေး၊ တူ၊ အမေတို့ အားလုံး ကွယ်လွန်သွားကြကုန်ပါပြီ။ သူလွတ်ခဲ့ရင် သူ့ဇနီး၊ ကလေးနှစ်ယောက်၊ အဖေ၊ ညီအစ်ကိုနှစ်ယောက်နဲ့ သူတူမတို့ရှိတဲ့အိမ်ဆီ သွားမှာပါ။ ဒီလူဟာ ၂၀၁၆ ခုနှစ်မှာ အပြစ်မရှိကြောင်းတွေ့ရှိပြီး ထောင်ထဲကနေထွက်လာနိုင်ခဲ့ပါတယ်။




