ဆလုံလူမျိုးတွေနဲ့ နေထိုင်ပုံခြင်း ဆင်တူတဲ့ ရေပျော်ဘဂျိုးလူမျိုး

//s9.kh1.co/ca/cacd866280ac498d539fa6d38d0990a675c2bd5d.jpg
MPT

 ၀၅-လိုင်-၂၀၂၂ ၃pm · လွန်ခဲ့သော ၄ နှစ် က

ဆလုံလူမျိုးတွေနဲ့ နေထိုင်ပုံခြင်း ဆင်တူတဲ့ ရေပျော်ဘဂျိုးလူမျိုး

ရေပျော် ဘဂျိုးမျိုးနွယ်စုများဟာ ဖိလစ်ပိုင်တောင်ပိုင်း၊ အင်ဒိုနီးရှားနှင့် မလေးရှားတို့မှာ နေထိုင်ကြပြီး အကြမ်းဖျင်း ခန့်မှန်းချက်များအရ လူဦးရေ တစ်သန်းခန့်ရှိပါတယ်။ သူတို့ဟာ ပင်လယ်အတွင်းမှာ ရေငုပ်ငါးရှာပြီး အသက်မွေးဝမ်းကြောင်းပြုကာ ဘဝကို ရှင်သန်နေထိုင်ကြတဲ သူတွေပဲဖြစ်ပါတယ်။

https://s9.kh1.co/__image/w=564,h=833,q=100/5f/5f326bdf3a3e41c65eeb2073acb81b7e6338f878.jpg

ငါးရှာဖို့ ရေငုပ်ရင်လည်း ဘာပစ္စည်း ကိရိယာမှမပါဘဲ ရေအောက်အနက် ပေ ၂၀၀ ဝန်းကျင်လောက်အထိ ရေငုပ်နိုင်စွမ်း ရှိကြပါတယ်။ထူးခြားတာတစ်ခုကတော့ သူတို့တွေရဲ့ ခန္ဓာကိုယ်ထဲက သရက်ရွက်ဟာ သမာန်လူတွေထက် ပိုကြီးသလို အချိန်တော်တော်ကြာကြာ ရေငုတ်နိုင်အောင် အထောက်အပံ့ပေးတဲ့ မျိုးဗီဇပြောင်းလဲမှုတွေလည်း ရှိကြပါတယ်။ ပြီး‌တော့ ဘဂျိုးလူမျိုးတွေက မြို့ပြနှင့်ဝေးရာ အရပ်မှာနေထိုင်ကြတဲ့ သူတွေဖြစ်လို့ သူတို့ရဲ့ နေထိုင်မှုပုံစံ ၊ ဝတ်စားဆင်ယဉ်မှုတွေက ရိုးရှင်းပြီး ကွဲထွက်နေခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=423,q=100/26/268a39a02796c6f5c2ac16c4e147c7a9500f7ffa.jpg

အားလုံးက ရိုးသားကြပေမယ့် စာအ‌ရေး ၊ အဖတ်စတဲ့ ပညာရေးအပိုင်းမှာ အားနည်းကြတဲ့ သူတွေပါ၊။ အများစုကတော့ ဆွန်နီမွတ်စလင်ဖြစ်ပြီး သူတို့လူမျိုးတွေဟာ ပရောဖက်မိုဟာမက်ရဲ့ တိုက်ရိုက်ဆင်းသက်လာသူတွေလို့ ယုံကြည်ကြပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/38/38c216e565b015d28f3ba1c6ac8aca85ed52b23e.jpg

အချို့ကတော့ ဘိုးဘွားစဉ်ဆက် နတ်ကိုးကွယ်သူများလည်း ရှိကြပါတယ်။ လွန်ခဲ့တဲ့ နှစ် ၅၀ လောက်က ဘာဂျိုးမျိုးများဟာ ဖိလစ်ပိုင် ဆာမာ-ဘာဂျာအို ကျွန်းတွေမှာ နေထိုင်ကြပြီး ဒါပေမယ့် မင်ဒါနာအိုမှာ ပဋိပက္ခများဖြစ်လာခဲ့လို့ အိမ်နီးချင်း မလေးရှားနှင့် ဖိလစ်ပိုင် မြောက်ပိုင်း ကျွန်းစုများသို့ ပြောင်းရွှေ့နေထိုင်ကြပါတယ်။

https://s9.kh1.co/__image/w=650,h=470,q=100/32/32da38dded38f96111278576f9f00e986a58879a.jpg

၂၀၁၀ ခုနှစ် စာရင်းများအရ ဘဂျိုးလူမျိုးတို့ဟာ မလေးရှားနိုင်ငံ Sabah ပြည်နယ်မှာ ဒုတိယအကြီးဆုံး လူမျိုးစုလို့ သိရပါတယ်။ ဒီဘဂျိုးလူမျိုးက ကျွန်တော်တို့ မြန်မာနိုင်ငံက မြိတ်ကျွန်းစုမှာနေထိုင်ကြတဲ့ ဆလုံလူမျိုးများနှင့် နေထိုင်မှုပုံစံခြင်းက ဆင်တူပါတယ်။

https://s9.kh1.co/__image/w=650,h=391,q=100/b8/b86c97402a506dfbde201aac0f5cee1c4cb2a262.jpg

ကလေးကနေ လူကြီးအဆုံး ရေထဲမှာ အိမ်လိုနေထိုင်ကြတဲ့သူတွေဖြစ်လို့ ရေငုပ်တဲ့ နေရာမှာ အထူးကျွမ်းကျင်ကြတာ ဖြစ်ပါတယ်။

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T