အဖြူရောင် မင်္ဂလာသတို့သမီးဝတ်စုံနဲ့ မိကျောင်းကို လက်ထပ်ခဲ့တဲ့ မြို့တော်၀န်

//s9.kh1.co/82/821856cadede740664e0109a239f96f810cb73b5.jpg
ဗဟုသုတအဖြာဖြာ

 ၀၂-လိုင်-၂၀၂၂ ၄pm · လွန်ခဲ့သော ၂ နှစ် က

ဒါဟာသူတို့ရဲ့ ထုံးတမ်းစဉ်လာ တစ်စိတ်တစ်ပိုင်းဖြစ်ကာ.......(အပြည့်အစုံဖတ်ရန် ပုံကိုနှိပ်ပါ)

မက္ကဆီကိုနိုင်ငံရှိ တံငါရွာငယ်လေးတစ်ခုရဲ့ မြို့တော်ဝန်ဟာ အဖြူရောင် မင်္ဂလာဝတ်စုံကို ဝတ်ဆင်ထားတဲ့ မိကျောင်းနှင့် လက်ထပ်ခဲ့ပါတယ်။ ဗစ်တာ ဟူဂို ဆိုဆာ နဲ့ သူ့ရဲ့ သွေးအေး အဖော်တို့ဟာ ဆန်ပီဒရို ဝါမလူလာ မှာ ရာစုနှစ်များစွာ သက်တမ်းရှိတဲ့ ထုံးတမ်းစဉ်လာရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် သူတို့ရဲ့ အိမ်ထောင်ရေးကို အနမ်းဖြင့် တံဆိပ်ခတ်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=480,h=270,q=100/54/54d17877ae103b48552a9ecdc15deadc8d5455ce.jpg

မင်းသမီးလေးလို့ ရည်ညွှန်းထားတဲ့ အသက်ခုနစ်နှစ်အရွယ် မိချောင်းဟာ မလိုလားအပ်တဲ့ တိုက်ခိုက်မှုတွေ မဖြစ်ပွားစေဖို့ သူ့ရဲ့ပါးစပ်ကို ပိတ်ထားခဲ့ရပါတယ်။ သူမဟာ အမိမြေကို ကိုယ်စားပြုတဲ့ နတ်ဘုရားဖြစ်ကြောင်း ယုံကြည်ရပြီး လက်ထပ်ခြင်းဟာ နတ်ဘုရားနှင့် လူသားများ ပေါင်းစည်းခြင်းကို ကိုယ်စားပြုကြောင်း ပြောကြပါတယ်။

https://s9.kh1.co/__image/w=480,h=270,q=100/39/395628303a554bad1cd5a36f14629245c240a2ff.jpg
https://s9.kh1.co/__image/w=480,h=270,q=100/16/16f1fdb3f7e30318197a5afdeea82aadfe85612c.jpg

ဒီအယူဟာ မက္ကဆီကိုအနောက်တောင်ပိုင်း၊ ဝါဟာကာ ပြည်နယ်ရှိ ရှန်တုန် နှင့် ဟွာဝေး ဌာနေတိုင်းရင်းသားအသိုင်းအဝိုင်းများအကြား ဟစ်စပိန်ခေတ်မတိုင်မီ ရာစုနှစ်များအထိ ထုံးတမ်းစဉ်လာအဖြစ် ယူဆထားရပါတယ်။ ဝါဟာကာ ဟာ သူတို့ရဲ့ ဘာသာစကားနဲ့ ဓလေ့ထုံးတမ်းများကို ထိန်းသိမ်းရန် စိတ်ပိုင်းဖြတ်ထားတဲ့ ဌာနေတိုင်းရင်းသား အများအပြား နေထိုင်ရာ နေရာဖြစ်ပါတယ်။ ဒေသခံတွေက ရွာလမ်းတွေတစ်လျှောက်မှာ သတို့သမီးကို ပွေ့ချီခဲ့ကြပါတယ်။

https://s9.kh1.co/__image/w=480,h=270,q=100/67/676147fcb908bb6e45b97e16a8cc3211b780cc30.jpg

သတင်း အရင်းအမြစ်Daily Mail

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T