ထိုင်းတော်ဝင်မျိုးရိုးထဲက ကောင်မလေးနဲ့ Weir တို့ လက်ထပ်ပြီးပြီလို့ အတည်ပြုလိုက်တဲ့ Weir ရဲ့မိခင်

//s9.kh1.co/1d/1dfcede358a355c8d779c941699dba4aca222c5c.jpg
အနုပညာရှင်များ

 ၀၂-လိုင်-၂၀၂၂ ၂pm · လွန်ခဲ့သော ၂ နှစ် က

Bella နဲ့ (၁၀) နှစ်နီးပါးတွဲလာပြီးတော့ အခုကျတော့ အမေပြောတာနဲ့ပဲ လပိုင်းလောက်ပဲ တွဲပြီး ယူသွားပြီတဲ့

Weir Sukollawat ဟာ ချစ်သူသစ်ဖြစ်တဲ့ ကျိကျိတက်ချမ်းသာတဲ့ ထိုင်းတော်ဝင်မျိုးရိုးထဲက ကောင်မလေးဖြစ်တဲ့ Vicky နဲ့ လက်ထပ်ပြီးပြီလို့ Weir ရဲ့ မိခင်က အတည်ပြုလိုက်တဲ့အခါမှာတော့ ပရိသတ်တွေက အံ့ဩခဲ့ရပါတယ်။ နှစ်ဖက်မိဘတွေ တွေ့ဆုံပြီး ခရီးတွေ တူတူထွက်ခဲ့တဲ့ ပုံတွေထွက်လာခဲ့ပြီးနောက်မှာ မိခင်ဖြစ်သူက သူ့သားအိမ်ထောင်ကျသွားပြီလို့ ဆိုလာခဲ့ပါတယ်။

Photo Credit : ThaiUpdate 
Photo Credit : ThaiUpdate 
Photo Credit : ThaiUpdate 
Photo Credit : ThaiUpdate 

Weir ဟာ သူနဲ့ (၁၀) နှစ်နီးပါးတွဲလာခဲ့တဲ့ Bella ကို သူရဲ့ အမေ သဘောမတူတာကြောင့် လမ်းခွဲလိုက်ရတာဖြစ်ပြီး အခုလည်းမိခင်ဖြစ်သူရဲ့ သဘောဆန္ဒအရ နှစ်ဦးသဘောတူ အိမ်ထောင်တစ်ခုကို တည်ဆောက်ထားတာပဲဖြစ်ပါတယ်။ Weir ဟာ ဇူလိုင်လ 01 ရက်နေ့က ပွဲတစ်ခုကို တက်ရောက်ခဲ့ပြီး ရည်းစားဖြစ်သူ Vicky နဲ့ ဇူလိုင်လ 17 ရက်နေ့မှာ တရားဝင် လက်ထပ်တော့မယ်လို့ အတည်ပြုခဲ့ပါတယ်။

Photo Credit : ThaiUpdate 
Photo Credit : ThaiUpdate 
Photo Credit : ThaiUpdate 
Photo Credit : ThaiUpdate 

Weir Sukollawat က ဘန်ကောက်မှာ သူ့ရဲ့ ချစ်သူနဲ့ သီးသန့်မင်္ဂလာပွဲ ကျင်းပမယ်လို့ ပြောပါတယ်။သတင်းထောက်တွေက "ခင်ပွန်းနဲ့ ဖခင်ဖြစ်ဖို့ အဆင်သင့်ဖြစ်ပြီလားလို့ မေးတဲ့အခါမှာတော့" Weir က "အရာအားလုံးအတွက် အဆင်သင့်ဖြစ်နေပါပြီ" လို့ ရယ်ရယ်မောမောနဲ့ ပြန်ဖြေခဲ့ပါတယ်။

Photo Credit : ThaiUpdate 
Photo Credit : ThaiUpdate 
Photo Credit : ThaiUpdate 
Photo Credit : ThaiUpdate 

သတင်း အရင်းအမြစ်ThaiUpdate

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T