ငြိမ်းချမ်းရေး နိုဘယ်ဆုအတွက် အမည်စာရင်းတင်သွင်းခံရဖူးတဲ့ အဒေါ့ဖ်ဟစ်တလာ

//s9.kh1.co/e7/e7197baf3befb543a14d4d21ea67ce1071eb86df.jpg
ဗဟုသုတအဖြာဖြာ

 ၀၁-လိုင်-၂၀၂၂ ၄pm · လွန်ခဲ့သော ၂ နှစ် က

အဒေါ့ဖ်ဟစ်တလာလို လူမျိုးတောင် နိုဘယ်ဆု တင်းသွင်းခံရပါတယ်......(အပြည့်အစုံဖတ်ရန် ပုံကိုနှိပ်ပါ)

အဒေါ့ဖ်ဟစ်တလာဟာ 1939 ခုနှစ်မှာ ငြိမ်းချမ်းရေးနိုဘယ်ဆုအတွက် အမည်စာရင်းတင်သွင်းခံခဲ့ရပါတယ်။ ၁၉၃၇ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့မှာ ဆွီဒင်ပါလီမန်အမတ် ၁၂ ဦးဟာ နိုဘယ်ငြိမ်းချမ်းရေးဆုအတွက် ဗြိတိန်ဝန်ကြီးချုပ် နဗီးချိန်ဘာလိန် ကို အမည်စာရင်းတင်သွင်းခဲ့ပါတယ်။ ဒီအတွက် အငြင်းအခုံမှာ ချိန်ဘာလိန်ဟာ ၁၉၃၈ ခုနှစ် စက်တင်ဘာလမှာ ဟစ်တလာနှင့် မြူးနစ်သဘောတူညီချက်ဖြင့် ကမ္ဘာ့ငြိမ်းချမ်းရေးကို ကယ်တင်ခဲ့ပြီး ချက်ကိုစလိုဗက်ကီးယားနယ်မြေ ဆူဒီတန်လန်းအား ဂျာမနီလက်ကို လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=423,q=100/f5/f5a608ee53c94f699e6e0d3e8c2cf17e1536e8ce.jpg

ချိန်ဘာလိန်ဟာ စာရင်းတင်သွင်းလွှာမှာ ရေးထားတဲ့ ” ဒီအန္တရာယ်ကြီးတဲ့အချိန်ကိုဖြတ်ပြီး ကျွန်ုပ်တို့ကမ္ဘာကြီးရဲ့ ဆိုးရွားတဲ့ ကပ်ဆိုးဘေးမှကယ်တင်ခဲ့သူ ” ဆိုတဲ့လူသား ဖြစ်ခဲ့ပါတယ်။ ချိန်ဘာလိန်ကို ဆွီဒင်ပါလီမန်အမတ်နှင့် ဆိုရှယ်ဒီမိုကရက်တစ်အမတ် အဲရစ် ဘရန်းက တင်သွင်းပြီး သုံးရက်အကြာမှာ နော်ဝေနိုဘယ်ကော်မတီထံ စာတစ်စောင်ပေးပို့ကာ ဂျာမန်အဓိပတိ အဒေါ့ဖ် ဟစ်တလာကို ငြိမ်းချမ်းရေးနိုဘယ်ဆုအတွက် အမည်စာရင်းကို အောက်မှာဖော်ပြထားတဲ့အတိုင်း တင်သွင်းခဲ့ပါတယ်။

ဗြိတိန်ဝန်ကြီးချုပ် နဗီးချိန်ဘာလိန်
ဗြိတိန်ဝန်ကြီးချုပ် နဗီးချိန်ဘာလိန်

နော်ဝေနိုဘယ်ကော်မတီထံသို့

၁၉၃၉ ခုနှစ်အတွက် ငြိမ်းချမ်းရေးဆုကို ဂျာမန်အဓိပတိက ချီးမြှင့်ကြောင်း နှိမ့်ချစွာ အကြံပြုအပ်ပါတယ်။ လူသန်းပေါင်းများစွာရဲ့ အမြင်မှာ Führer Adolf Hitler ဟာ ကမ္ဘာပေါ်ရှိ မည်သူမဆိုထက် ပိုပြီးလေးစားထိုက်သူဖြစ်‌ကြောင်းကို နှိမ့်ချစွာ အကြံပြုအပ်ပါတယ်။ ၁၉၃၈ ခုနှစ် စက်တင်ဘာလတွင် ကမ္ဘာ့ငြိမ်းချမ်းရေးဟာ ကြီးစွာအန္တရာယ်ရှိကြောင်း စစ်မှန်တဲ့ စာရွက်စာတမ်းများက ဖော်ပြထားပါတယ်။ ဥရောပ စစ်ပွဲအသစ် မဖြစ်ပွားမီ နာရီပိုင်းမျှသာ လိုတော့ပါတယ်။ ဒီအန္တရာယ်ရှိတဲ့အချိန်အတွင်း ကျွန်‌တော်တို့ရဲ့ကမ္ဘာကြီးကို ဒီဆိုးရွားတဲ့ ကပ်ဆိုးဘေးမှ ကယ်တင်ခဲ့သူမှာ ဂျာမန်လူမျိုးရဲ့ ခေါင်းဆောင်ကြီးဖြစ်ကြောင်း သေချာပါတယ်။ အရေးကြီးတဲ့အခိုက်အတန့်မှာ သူဟာ ကမ္ဘာစစ်ကိုစတင်ရန် စွမ်းအားရှိ‌ပေမယ့်လည်း လက်နက်များကို စေတနာအလျောက် ခွင့်မပြုခဲ့ပါဘူး။

https://s9.kh1.co/__image/w=650,h=342,q=100/b3/b31c50b05f19f4032a9f172f3d90f5dd9ee43c1e.webp

အစောပိုင်းက သူရဲ့ ကျော်ကြားတဲ့ စာအုပ် Mein Kampf မှာ တောက်ပတဲ့ ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးခြင်းဖြင့် မှတ်တမ်းတင်ခဲ့ပါတယ်။ သမ္မာကျမ်းစာပြီးရင် ကမ္ဘာပေါ်က အကောင်းဆုံးနှင့် အကျော်ကြားဆုံး စာပေများဖြစ်နိုင်ပါတယ်။ ငြိမ်းချမ်းစွာ အောင်မြင်မှုနှင့်အတူ ဩစတေးယျကို သိမ်းပိုက်ခဲ့ပါတယ်။ သိမ်းပိုက်မှုမှာ အဒေါ့ဖ်ဟစ်တလာက ဆူဒီတန်လန်းရှိ သူ့ရဲ့ နိုင်ငံသူနိုင်ငံသားများကို လွှတ်ပေးကာ ဖခင်နိုင်ငံကို ကြီးမားပြီး အားကောင်းစေခြင်းဖြင့် အင်အားအသုံးပြုမှုကို ရှောင်ရှားခဲ့ပါတယ်။ ဟစ်တလာဟာ စစ်မက်များရဲ့ အနှောက်အယှက်ကင်းကင်းနဲ့ ငြိမ်းချမ်းစွာ ကျန်ရစ်ခဲ့မယ်ဆိုရင် ဥရောပနဲ့ တစ်ကမ္ဘာလုံးကို ငြိမ်းချမ်းစေနိုင်ပါတယ်။ ဝမ်းနည်းစရာမှာ အဒေါ့ဖ် ဟစ်တလာရဲ့ ငြိမ်းချမ်းရေးကြိုးပမ်းမှုကို မမြင်နိုင်သူ အများအပြား ရှိနေပါသေးတယ်။

https://s9.kh1.co/__image/w=640,h=400,q=100/93/934d0f37cfbf8bd940b4a92c2d6bd0df1824944c.jpg

ဒီအချက်ကို အခြေခံပြီး ငြိမ်းချမ်းရေးနိုဘယ်ဆုအတွက် ဟစ်တလာကို ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းဖို့ အချိန်ကို မတွေ့ခဲ့ရပါဘူး။ ဆွီဒင်ပါလီမန်အမတ်များကတော့ ဗြိတိန်ဝန်ကြီးချုပ် နဗီးချိန်ဘာလိန်ကို အမည်စာရင်းတင်သွင်းခဲ့ကြပါတယ်။ ဒီအမည်စာရင်းတင်သွင်းခြင်းမှာ မှားယွင်းနေပုံပါပဲ။ ချိန်ဘာလိန်ဟာ ဟစ်တလာရဲ့ ငြိမ်းချမ်းမှုရရှိရေး ကြိုးပမ်းမှုကို ရက်ရက်ရောရော နားလည်ခြင်းဖြင့် ကမ္ဘာ့ငြိမ်းချမ်းရေးကို ကယ်တင်ရန် အထောက်အကူဖြစ်စေဲ့တာဟာ မှန်ပေမယ့်လည်း နောက်ဆုံး ဆုံးဖြတ်ချက်က ဟစ်တလာပဲ ဖြစ်ပြီး ချိန်ဘာလိန်မဟုတ်ပါဘူး။ ဟစ်တလာအပြင် ဥရောပရဲ့ ကြီးမြတ်တဲ့ အစိတ်အပိုင်းမှာ လွှမ်းမိုးနေဆဲ ငြိမ်းချမ်းရေးအတွက် ကျေးဇူးတင်ရမယ့်သူမှာ အခြားမည်သူမျှ မရှိပါဘူး။ ဒီလူဟာ အနာဂတ်ငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက်လည်း ဖြစ်နိုင်ပါတယ်။

ဗြိတိန်ဝန်ကြီးချုပ် နဗီးချိန်ဘာလိန် နဲ့ ဟစ်တလာတို့ တွေ့ဆုံချိန်<br>
ဗြိတိန်ဝန်ကြီးချုပ် နဗီးချိန်ဘာလိန် နဲ့ ဟစ်တလာတို့ တွေ့ဆုံချိန်

ချိန်းဘာလိန် ကတော့ ငြိမ်းချမ်းရေးဖော်ဆောင်မှု တစ်စိတ်တစ်ပိုင်းကို ပြုလုပ်ပေးခဲ့တဲ့အတွက် ငြိမ်းချမ်းရေးဆုရဲ့ သေးငယ်တဲ့ အစိတ်အပိုင်းတစ်ခုကို ရရှိနိုင်ပါတယ်။ ဒါပေမယ့် အမှန်ကန်ဆုံးလုပ်ရမှာက အဒေါ့ဖ်ဟစ်တလာရဲ့ နာမည်ဘေးမှာ တခြားနာမည်မထည့်သင့်တာပါဘူး။ အဒေါ့ဖ် ဟစ်တလာဟာ ငြိမ်းချမ်းရေးအတွက် စစ်မှန်ပါတယ်။ သူဟာ ဘုရားပေး တော်လှန်တဲ့ တိုက်ခိုက်ရေးသမားဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းရှိ သန်းပေါင်းများစွာ လူများက သူ့ကို ကမ္ဘာမြေကြီးပေါ်ရှိ ငြိမ်းချမ်းရေးမင်းသားအဖြစ် မျှော်လင့်ချက်ထားကြပါတယ်။ စတော့ဟုမ်း၊ ဇန်နဝါရီ ၂၇၊ ၁၉၃၉ လို့ရေးပြီး အဆုံးသတ်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=360,q=100/50/50f4ed14f486e197f018d70a6f418e2261c7f94e.jpg

သတင်း အရင်းအမြစ်nobelpeacecenter

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T