သင်တို့မသိသေးတဲ့ အမေရိကန် သမ္မတကြီး အေဘရာဟန် လင်ကွန်းရဲ့ အကြောင်းများ

//s9.kh1.co/f5/f59743e4a9e6f472320fa2986090e9acb4d40bbf.jpg
MPT

 ၀၁-လိုင်-၂၀၂၂ ၂pm · လွန်ခဲ့သော ၂ နှစ် က

သင်တို့မသိသေးတဲ့ အမေရိကန် သမ္မတကြီး အေဘရာဟန် လင်ကွန်းရဲ့ အကြောင်းများ

စာဖတ်သူတို့ အနေနဲ့ အမေရိကန်သမ္မတကြီး အေဘရာဟန် လင်ကွန်း ကိုသိရှိကြမှာပါ။ ဒါကြောင့် သင်မသိသေးတဲ့ သမ္မတကြီး လင်ကွန်းအကြောင်းအချို့ကို ဖော်ပြပေးလိုက်ပါတယ်။

https://s9.kh1.co/__image/w=650,h=387,q=100/2a/2a60b50630dd8f0b6098b41f32561eee04ec9b4c.jpg

၁။ လင်ကွန်းဟာ နပန်းသမား တစ်ယောက်ပါသမ္မတကြီး လင်ကွန်းဟာ သူ့ရဲ့‌ရှည်လျားတဲ့ ခြေလက်များကြောင့် ငယ်စဉ်ကတည်းက ‌အောင်မြင်တဲ့ နပန်းသမားတစ်ယောက်ဖြစ်ခဲ့ပါတယ်။ ပွဲပေါင်း ၃၀၀ မှာ တစ်ပွဲသာရှုံးခဲ့ပြီး လင်ကွန်းက ပွဲထဲမှာဆို ကြမ်းတယ်လို့ သိရပါတယ်။၂။ လင်းကွန်ဟာ လုပ်ကြံမခံရခင် နာရီပိုင်း အလိုမှာ လျှို့ဝှက်အဖွဲ့အစည်းကို တည်ထောင်နေတာပါ။

https://s9.kh1.co/__image/w=650,h=434,q=100/4c/4c090f7156bab0cc3786890d5d921165d3928c65.jpg

1865 ခုနှစ် ဧပြီလ 14 ရက်နေ့တွင် လင်ကွန်းဟာ U.S. Secret Service ကို ဖန်တီးရန် ဥပဒေကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ အဲဒီညနေက Ford's Theatre မှာ သူဟာ အပစ်ခံလိုက်ရပါတယ်။ Secret Service ကို အရင်ကတည်းက ဖွဲ့စည်းခဲ့မယ်ဆိုရင်တောင် သူ့ကိုကယ်တင်နိုင်ခဲ့မှာမဟုတ်ပါဘူး။ သမ္မတနှစ်ယောက်လုပ်ကြံခံရပြီး ၁၉၀၁ ခုနှစ်မှ စစ်ဦးစီးချုပ် ကိုကာကွယ်ပေးဖို့ လက်မှတ်ထိုးခဲ့တာပါ။ တစ်နည်းအားဖြင့် နိုင်ငံခေါင်းဆောင်ကို ကာကွယ်ဖို့နဲ့အတူတူပါပဲ။

https://s9.kh1.co/__image/w=650,h=533,q=100/6d/6da41db4a48ba43b24b8c9918562ac6ceb8d6b63.jpg

၃။ သင်္ချိုင့်ဖောက်သူများဟာ လင်ကွန်းအလောင်းကို ခိုးဖို့ကြိုးစားခဲ့ဖူးပါတယ်။

လျှို့ဝှက်အဖွဲ့အစည်းဟာ လင်ကွန်းသေမှပဲ ကာကွယ်ဖို့ ရောက်လာခဲ့ပါတယ်။ 1876 ခုနှစ်တွင် ချီကာဂိုက ဂိုဏ်းတစ်ဖွဲ့ဟာ သော့ခလောက်တစ်ခုတည်းနဲ့ ကာကွယ်ထားတဲ့ လင်ကွန်းရဲ့ အလောင်းကို အုတ်ဂူကနေ ခိုးဖို့ကြိုးပမ်းခဲ့ကြပါတယ်။ သူတို့ရဲ့အကြံကတော့ အလောင်းကို ဒေါ်လာ ၂ သိန်းနဲ့ပြန်ရွှေးခိုင်းပြီး ထောင်ထဲကနေ သူတို့ဂိုဏ်းရဲ့အကောင်းဆုံး လူကိုပြန်ထုတ်ပေးဖို့ပါပဲ။ ဒါပေမယ့်လည်း လျှို့ဝှက်အေဂျင်စီအဖွဲ့ဟာ သူတို့ရဲ့အကြံအစည်ကို ဝင်ရောက်နှောင့်ယှက်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/4f/4fadb39ff5909c6ce2165461109920af601a468b.jpg

အဲ့ကိစ္စဖြစ်ပြီးနောက် လင်ကွန်းရဲ့ ရုပ်အလောင်းအား အမှတ်အသားမရှိတဲ့ သင်္ချိုင်းတစ်ခုဆီ လျင်မြန်စွာ ရွှေ့ပြောင်းခဲ့ပြီး နောက်ဆုံးမှာ သံမဏိလှောင်အိမ်တစ်ခုထဲ မြှုပ်နှံကာ ကွန်ကရစ် ၁၀ ပေအောက်တွင် မြှုပ်နှံထားခဲ့ကြပါတယ်။

https://s9.kh1.co/__image/w=650,h=368,q=100/ed/ed25121d12a614408f1f650f372b447f361c5e90.webp

၄။ လင်ကွန်းဟာ မူပိုင်ခွင့်ရထားတဲ့ တစ်ယောက်တည်းသော သမ္မတဖြစ်ပါတယ်။

ဘန်ဂျမင်း ဖရက်ကလင်းဟာ တီထွင်ဖန်တီးမှုကို ပြသခဲ့တဲ့ တစ်ဦးတည်းသော အမေရိကန် နိုင်ငံရေး ခေါင်ဆောင်မဟုတ်ပါဘူး။ သင်္ဘောတွေကို သတ္တုလေဝင်ခန်းသုံးပြီး ရေပေါ်မျှော်စေဖို့ ပြုလုပ်ခဲ့တဲ့ ဒီဇိုင်းအတွက် သူဟာ မူပိုင်ခွင့်ရခဲ့တာဖြစ်ပါတယ်။ လင်ကွန်းဟာ ၁၈၄၉ ခုနှစ်တွင် မူပိုင်ခွင့်အမှတ် ၆၄၆၉ ရရှိခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/95/95526ae2ca5533f9c79dfaa6f67fdc777cc12f04.jpg

၅။ လင်ကွန်းဟာ ပြည်တွင်းစစ် စစ်မြေပြင်မှာ ရန်သူရဲ့ ပစ်ခတ်မှုကို ခံခဲ့ရပါတယ်။

၁၈၆၄ ခုနှစ် ဇူလိုင်လတွင် ကွန်ဖက်ဒရိတ်တပ်များက ဝါရှင်တန်ဒီစီကို တိုက်ခိုက်တဲ့အခါ လင်ကွန်းဟာ တိုက်ပွဲပြီး နှစ်ရက်မှာ Fort Stevens ရှေ့တန်းကို သွားရောက်ခဲ့ပြီး ပြည်ထောင်စုဟာ နောက်ဆုံး အနိုင်ရခဲ့ပါတယ်။ တစ်ချိန်တည်းမှာ ကျည်ဆံဟာ သမ္မတကြီး နားကနေ ဖြတ်သွားခဲ့ပါတယ်။ ဒဏ္ဍာရီအရတော့ ဗိုလ်မှူးကြီး Oliver Wendell Holmes Jr. အနာဂတ်မှာ တရားလွှတ်တော်ချုပ်ဖြစ်လာသူဟာ " အရူးရဲ့ ငုံ့စမ်းဟ " လို့ပြောခဲ့ပါတယ်တဲ့။ လင်ကွန်းဟာ ခံတပ်ရဲ့ ကြမ်းပြင်ပေါ်မှ ဆင်းကာ စစ်မြေပြင်ကနေ ဒဏ်ရာမရပဲ ထွက်ခွာသွားခဲ့ပါတယ်။

https://s9.kh1.co/__image/w=631,h=300,q=100/0d/0d8a50c120617438180aaefd5cad4a8286225d42.jpg

၆။ လင်ကွန်းဟာ လင်ကွန်းအိပ်ခန်းထဲမှာ တစ်ခါမှ မအိပ်ဖူးပါဘူး။အိမ်ဖြူတော်ကို ရောက်ရှိတဲ့အခါ ၁၆ ယောက်မြောက် သမ္မတလင်ကွန်းက လက်ရှိလင်ကွန်းအိပ်ခန်းကို ကိုယ်ပိုင်ရုံးခန်းအဖြစ် အသုံးပြုခဲ့ပါတယ်။ အဲ့နေရာမှာ ကက်ဘိနက်အဖွဲ့ဝင်များနှင့် တွေ့ဆုံကာ လွတ်မြောက်ရေး ကြေငြာချက်အပါအဝင် စာရွက်စာတမ်းများကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T