ဘောလုံးကွင်း တစ်ဝက်စာလောက်သာ ရှိပေမယ့် ဝင်ငွေရှာရတာ လွယ်ကူတဲ့ ကျွန်း

//s9.kh1.co/af/afc951ff43a31b3afab030e092a4a687085c72a9.jpg
MPT

 ၀၁-လိုင်-၂၀၂၂ ၂pm · လွန်ခဲ့သော ၂ နှစ် က

ဘောလုံးကွင်း တစ်ဝက်စာလောက်သာ ရှိပေမယ့် ဝင်ငွေရှာရတာ လွယ်ကူတဲ့ ကျွန်း

ရေထွက်သယံဇာတများ ပေါကြွယ်ဝလို့ နှစ်နိုင်ငံ နယ်မြေအငြင်းပွားခဲ့ရပြီး အတူတူ အုပ်ချုပ်နေရတဲ့ ကျွန်းတစ်ကျွန်းရှိပါတယ်။ ဒီကျွန်းတော့ ကင်ညာနဲ့ ယူဂန်ဒါနိုင်ငံကြားက ဗစ်တိုးရီးယားရေကန်ကြီးထဲမှာ တည်ရှိတဲ့ မီဂျင်ဂိုကျွန်းပါ။ မီဂျင်ဂိုကျွန်းရဲ့ အကျယ်အဝန်းကတော့ မိတာ ၂၀၀၀ ဝန်းကျင်လောက်သာရှိပါတယ်။

https://s9.kh1.co/__image/w=650,h=400,q=100/9f/9fdfadc4e87eed1f4969427c5b172eab714c547a.jpg

ကျွန်းမှာ နေထိုင်သူများဟာ တံငါလုပ်ငန်းနဲ့သာ အဓီကလုပ်ကိုင်ပြီး အသက်မွေးဝမ်းကြောင်းပြုနေကြတာ ဖြစ်ပါတယ်။ဒီကျွန်းရဲ့ ပတ်ပတ်လည်မှာ ငါးများပေါတာကြောင့် နေထိုင်သူများက ငွေထုပ်ကြီးဖင်ခုထိုင်နေရသလို ဝင်ငွေရှာရတာလည်း လွယ်ကူကြပါတယ်။ ငါပေါချက်များလားမများလာဆိုရင် ဖမ်းယူရရှိတဲ့ ငါးများဟာ ဥရောပသို့ တင်ပို့ရောင်းချနေရတဲ့အထိ ပေါများပါတယ်။

https://s9.kh1.co/__image/w=650,h=384,q=100/fc/fcbbd9ef8a0457d53cec123c4c53c85715709948.jpg

ကျွန်းပေါ်မှာနေထိုင်သူများဟာ ခန့်မှန်းခြေအရ လူဦးရေ ၅၀၀ လောက်သာရှိပါတယ်။ ဘောလုံးကွင်းတစ်ဝက်လောက်သာရှိပေမယ့် ပြည်တွင်းနှင့် နိုင်ငံတကာမီဒီယာများရဲ့ အာရုံစိုက်မှုများစွာရရှိနေဆဲဖြစ်ပါတယ်။အချုပ်အခြာအာဏာ ထိန်းချုပ်မှုနှင့်ပတ်သက်ပြီး ကင်ညာနှင့် ယူဂန်ဒါတို့ကြား ခါးသီးသောအငြင်းပွားမှုမှာ နှစ်ပေါင်းများစွာ ဖြစ်ပွားနေခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=431,q=100/1f/1fb9741d1d75204fa57fc67e9e7e82703a526169.jpg

နှစ်နိုင်ငံစလုံးက အဆိုပါကျွန်းကို သူပိုင်တာ ၊ ငါပိုင်တာဆိုပြီး နယ်မြေအငြင်းပွားနေကြတာ ဖြစ်ပါတယ်။ကင်ညာနှင့် ယူဂန္ဓာတို့က ဒီကျွန်းကို ဘာကြောင့် လုနေရသလဲဆိုရင် ကျွန်းတစ်ဝိုက်မှာ အကျိုးအမြတ်များတဲ့ ငါးဖမ်းကုန်သွယ်မှုကို ထိန်းချုပ်လိုတဲ့ ဆန္ဒကြောင့်သာ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=418,q=100/d7/d787a94a43667c4d44163e43c6ec580521d0fa06.jpg

နှစ်များအတွင်းမှာ ဗစ်တိုးရီးယားကန်ရှိ ငါးများဟာ တံငါသည်တွေရဲ့ အလွန်အကျွံဖမ်းခြင်းနှင့် သဘာဝပတ်ဝန်းကျင် ပျက်စီးခြင်းတို့ကြောင့် ကုန်ခမ်းသွားခဲ့ပါတယ်။ဒါပေမယ့် ကျွန်းတဝိုက်မှာ ပင်လယ်ရပ်ခြားဈေးကွက်အတွင်း အမြင့်ဆုံးစျေး ဖြစ်တဲ့ Nile perch လိုမျိုး ငါးတွေ အမြောက်အမြား ရှိနေပါသေးတယ်။ ပရိသတ်တွေရော ဒီလိုငါးပေါတဲ့ကျွန်းမှာ စီးပွားမရှာချင်ကြဘူးလား။

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T