သေသွားတဲ့ကလေးကို ဆေးရုံကအမှိုက်ပုံးထဲပစ်လိုက်လို့ ကြေကွဲနေတဲ့ မိဘတွေ…

//s9.kh1.co/76/766dad4b30d37d0c6db4fc244b618cdc1700a606.jpg
MPT

 ၃၀-ဇွန်-၂၀၂၂ ၅pm · လွန်ခဲ့သော ၂ နှစ် က

သေသွားတဲ့ကလေးကို ဆေးရုံကအမှိုက်ပုံးထဲပစ်လိုက်လို့ ကြေကွဲနေတဲ့ မိဘတွေ…

လမစေ့သေးတဲ့ ကလေး‌လေး တစ်ဦးဟာ သေဆုံးပြီး ရက်ပိုင်းအကြာမှာ ညစ်ပတ်တဲ့အိတ်နဲ့ လွှတ်ပစ်ခံခဲ့ရကြောင်း သူ့မိဘတွေက ပြောလာပါတယ်။ Alana Ross နှင့် Daniel McCarthy တို့ရဲ့သမီး Everleigh ဟာ 2020 ခုနှစ် ဇူလိုင်လ 25 ရက်နေ့က Boston မှာမွေးဖွားခဲ့ပြီး သြဂုတ်လ 6 ရက်နေ့မှာမသေဆုံးမီ 12 ရက်သာနေထိုင်ခဲ့ရပါတယ်။ကိုယ်အလေးချိန် နှစ်ပေါင် ငါးအောင်စပဲရှိတဲ့ Baby Everleigh ဟာ မသေဆုံးခင်က အဆုတ်ဖောင်းနေပြီး ဦးနှောက်သွေးယိုစီးမှု ဝေဒနာကို ခံစားခဲ့ရကြောင်း Boston Globe ရဲ့ တရားရုံးမှတ်တမ်းများအရ သိရပါတယ်။

https://s9.kh1.co/__image/w=650,h=433,q=100/00/00f4ef857f35d28e9ab7f2e41698c787330ebd63.jpg

သူ့ကို ရေခဲတိုက်သို့ ခေါ်သွားခဲ့ပြီး သြဂုတ်လ ၁၀ ရက်နေ့က မိခင်ဖြစ်တဲ့ Ross ဟာ အသုဘပွဲလုပ်ဖို့ ကလေးရဲ့အလောင်းကို သွားရှာတာ ရှာမတွေ့တော့တဲ့အတွက် ရဲကိုတိုင်ကြားခဲ့ပါတယ်။ ကလေးလေးရဲ့ ရုပ်အလောင်းကို ညစ်ပတ်တဲ့ ပိတ်စတွေနဲ့ စွန့်ပစ်ခဲ့တယ်လို့ ဆိုပြီး တရားစွဲဆိုထားပါတယ်။ Ross က “သူ့က‌လေးကို အမှိုက်ပုံးထဲ အမှိုက်ပစ်သလို ပစ်တဲ့အတွက် ဒေါသအရမ်းထွက်တယ်။” လို့ပြောခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/5f/5f05eeec1da1bc084a85d3197690e762d11167c9.jpg

စုံစမ်းစစ်ဆေးရေးအရာရှိ Kevin Cook က‌တော့ Everleigh ကို “အမှိုက်ပစ်တဲ့ အပြာရောင် ပိတ်စအိတ်ထဲ ထည့်ထားခဲ့တယ်” လို့ အစီရင်ခံစာတစ်ခုတွင် ဖော်ပြခဲ့သည်။ အခုကိစ္စနဲ့ပတိသတ်ပြီး သူနာပြုနှစ်ဦးကို တရားစွဲဆိုထားပါတယ်။သူနာပြုတစ်ဦးက ကလေးငယ်ရဲ့ရုပ်ကြွင်းကို ဘယ်နေရာမှာ ထားလဲလို့ သယ်ယူပို့ဆောင်ရေးဝန်ထမ်းတစ်ဦးကို မေးမြန်းခဲ့တဲ့အခါ သယ်ယူပို့ ဆောင်ရေးဝန်ထမ်းက “ဘယ်နေရာမှာမဆို”လို့ ပြန်ဖြေခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=747,q=100/06/06f02d68e38a374b79bb57a8ae00a8cf9f970c22.jpg

CCTV မှတ်တမ်းများအရ ညစ်ညမ်းသောပိတ်စများကို အမှိုက်ကားထဲပစ်ဖို့ သယ်လာတဲ့ ဝန်ထမ်းတစ်ဦးကိုတွေ့ရပါတယ်။ ရဲတွေကတော့ Everleigh ကို ဆေးရုံက စွန့်ပစ်ပစ္စည်း‌တွေထဲ နာရီပေါင်းများစွာကြာအောင် မွှေနှောက်ရှာခဲ့ပေမယ့် မတွေ့ခဲ့ပါဘူး။ Boston25 News ရဲ့တင်ပြချက်အရ ကလေးငယ်ကို အမှိုက်ကားနဲ့ ပစ်လိုက်တာဖြစ်နိုင်တယ်လို့ အလုပ်သမားတစ်ဦးမှ ရဲကို ပြောပြခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=433,q=100/00/00f4ef857f35d28e9ab7f2e41698c787330ebd63.jpg

အခုကလေးဟာ Ross နဲ့ McCarthy တို့ရဲ့ တတိယောက်မြောက် ကလေးဖြစ်ပြီး အရင်ကလေးနှစ်ဦးတုန်းကလည်း အဖက်မတင်ခဲ့ပါဘူး။ အခုဖြစ်ရပ်နဲ့ပတ်သတ်ပြီး မိဘနှစ်ဦးလုံးကကျေကွဲနေကြပြီး စာချုပ်ဖောက်ဖျက်မှုနဲ့ Mass General Brigham နဲ့ Women's Hospital တို့ကို တရားစွဲထားပါတယ်။ အလုပ်သမားများက သမီးဖြစ်သူရဲ့ အလောင်းကို အကာအကွယ်ပေးရန် ပျက်ကွက်ခဲ့တယ်လို့လည်း ကျေကွဲဖွယ်ဆိုထားပါတယ်။ 

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T