မျက်နှာကိုစကန်ဖတ်လိုက်ယုံနဲ့ အသက်အတည်ပြုပေးနိုင်မယ့် နည်းပညာကို Instagram စမ်းသပ်အသုံးပြုနေ

//s9.kh1.co/6d/6dec9cbbf00e432c49191e3e0e13a48fd7fadd7f.webp
MPT

 ၂၇-ဇွန်-၂၀၂၂ ၁၀am · လွန်ခဲ့သော ၄ နှစ် က

မျက်နှာကိုစကန်ဖတ်လိုက်ယုံနဲ့ အသက်အတည်ပြုပေးနိုင်မယ့် နည်းပညာကို Instagram စမ်းသပ်အသုံးပြုနေ

Instagram ဟာအသုံးပြုသူတွေရဲ့ အသက်တွေကိုခန့်မှန်းနိုင်ဖို့ နည်းလမ်းတွေကိုဆက်တိုက်စမ်းသပ်လျက်ရှိပါတယ်။အဲ့ဒီနည်းလမ်းတွေထဲမှာ Yoti ဆိုတဲ့ Third-party ကုမ္ပဏီတစ်ခုက တီထွင်နေတဲ့ မျက်နှာကိုစကန်ဖတ်ပြီး အသက်ကိုခန့်မှန်းတာလည်း တစ်ခုအပါအဝင်ပါ။ခုဆိုအဲ့ဒီနည်းပညာကိုစမ်းသုံးနေပါပြီ။

https://s9.kh1.co/__image/w=650,h=650,q=100/a2/a229b2306a62153534241c71ad971bf2ffd73f67.jpg

ပုံမှန်ဆိုရင်တော့ Instagram အသုံးပြုသူတစ်ယောက်ဟာ အနည်းဆုံး အသက် ၁၃ နှစ်ရှိရမှာဖြစ်ပေမဲ့ အကောင့်ဖွင့်ရင် ဒီတိုင်းရိုးရိုးတန်းတန်း ခုနှစ်ကိုပဲဖြည့်ရတာဆိုတော့ ဘယ်သူမဆိုအသက်ကိုလိမ်လည်ပြီး ဖြည့်ထားနိုင်ပါတယ်။အဲ့ဒါကြောင့် ကလေးသူငယ်လုံခြုံရေးဆိုင်ရာတွေအတွက် အသက်အရွယ်ခွဲခြားတဲ့ နည်းပညာတွေကိုအသုံးပြုပြီး ကလေးတွေနဲ့ အရွယ်ရောက်ပြီးသူတွေကို ခွဲခြားဖို့ပြင်ဆင်နေတာပါ။

https://s9.kh1.co/__image/w=650,h=366,q=100/5e/5e30240c350c6decfeea91aa8448e39d115ef5bd.png

ခုလက်ရှိကတော့ Instagram ပေါ်မှာအသက်အတည်ပြုတော့မယ်ဆို Facebook ပေါ်မှာလိုပဲ မှတ်ပုံတင်ပုံနဲ့တွဲတင်ပြီး အတည်ပြုပေးရတာဖြစ်ပေမဲ့ ခုချိန်ကစပြီး မှတ်ပုံတင်ပြရတာအပြင် နောက်ထပ်ရွေးချယ်စရာနှစ်ခု ထပ်တိုးသွားပါပြီ။

https://s9.kh1.co/__image/w=600,h=450,q=100/e5/e57318cd568ba6fadaff6ca2fc6d3871fd3a7b94.png

အဲ့ဒါတွေကတော့ Social Voucher ကိုပြရတာနဲ့ AI နဲ့အသက်အတည်ပြုပေးရတာတို့ပါ။ခုလက်ရှိကတော့ Instagram ပေါ်မှာအသက်အတည်ပြုတော့မယ်ဆို Facebook ပေါ်မှာလိုပဲ မှတ်ပုံတင်ပုံနဲ့တွဲတင်ပြီး အတည်ပြုပေးရတာဖြစ်ပေမဲ့ ခုချိန်ကစပြီး မှတ်ပုံတင်ပြရတာအပြင် နောက်ထပ်ရွေးချယ်စရာနှစ်ခု ထပ်တိုးသွားပါပြီ။

https://s9.kh1.co/__image/w=650,h=342,q=100/6d/6dec9cbbf00e432c49191e3e0e13a48fd7fadd7f.webp

အဲ့ဒါတွေကတော့ Social Voucher ကိုပြရတာနဲ့ AI နဲ့အသက်အတည်ပြုပေးရတာတို့ပါ။Yoti ရဲ့ ID အတည်ပြုတဲ့နည်းပညာတွေက အရမ်းကောင်းပြီး အင်္ဂလန်နဲ့ဂျာမန်အစိုးရတွေကပါ ခွင့်ပြုပေးထားပြီး ကိုယ်တိုင်လည်းအသုံးပြုတဲ့နည်းပညာတွေပါ။လက်ရှိတော့ အမေရိကန်မှာအဲ့ဒီနည်းပညာကိုစသုံးနိုင်ပြီဖြစ်ပြီး တခြားနိုင်ငံတွေမှာတော့ ဘယ်ချိန်လောက်မှာထုတ်ပြမလဲဆိုတာ မသိရသေးပါဘူး။

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T