ဒေါင်းဆင်ဒရုန်းရောဂါ ဘာကြောင့်ဖြစ်တာလဲ ?

//s9.kh1.co/47/47ae00031fbe35118ffbbfa387f4e3345c218967.jpg
ကျန်းမာရေးနှင့် အလှအပရေးရာ

 ၂၇-ဇွန်-၂၀၂၂ ၉am · လွန်ခဲ့သော ၄ နှစ် က

ဒေါင်းဆင်ဒရုန်းရောဂါကို ကုသနိုင်လား ?

ဒေါင်းဆင်ဒရုန်းဖြစ်စေတဲ့ အကြောင်းအရင်းတွေကို မပြောခင် ဒေါင်းဆင်ဒရုန်းက ဘာလဲဆိုတာကို အရင်ဆုံးပြောပြပါမယ်။

ဒေါင်းဆင်ဒရုန်းရောဂါဆိုတာ တစ်သက်တာရောဂါဖြစ်ပြီး ရောဂါခံစားရသူရဲ့ သက်တမ်းကိုလည်း တိုစေပါတယ်။ ဒေါင်းဆင်ဒရုန်းရောဂါရဲ့ ရောဂါလက္ခဏာတွေကတော့ မျက်နှာပြားခြင်း၊ ဦးခေါင်းနဲ့ နားရွက်သေးငယ်ခြင်း၊ လည်ပင်းတိုခြင်း၊ လျှာအပြင်ထွက်ခြင်း၊ မျက်လုံးအထက်ကိုစောင်းနေခြင်း၊ ပုံမှန်မဟုတ်တဲ့နားရွက်ရှိခြင်း နဲ့ ကြွက်သားများပျော့နေခြင်းတို့ပဲဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/1d/1deb788790ea6c177c73c18924c1364100cc72ef.jpg

ဒေါင်းဆင်ဒရုန်းရောဂါဖြစ်စေတဲ့ အကြောင်းကတော့ မိဘနှစ်ပါးရဲ့ မျိုးရိုးဗီဇတွေဆိုတာက သူတို့ရဲ့ သားသမီးတွေဆီကို လက်ဆင့်ကမ်းပါတယ်။ အဲ့ဒီ ဗီဇကိုတော့ ခရိုမိုဆုန်းက သယ်ဆောင်ပေးပြီး ကလေးရဲ့ ဆဲလ်တွေ ဖွံ့ဖြိုးလာတဲ့အချိန်မှာတော့ အမေဆီလာတဲ့ ခရိုမိုဆုန်းတစ်ဝက်နဲ့ အဖေကလာတဲ့ ခရိုမိုဆုန်းတစ်ဝက် စုစုပေါင်း ခရိုမိုဆုန်း ၄၆ ခုရှိသင့်ပါတယ်။

https://s9.kh1.co/__image/w=650,h=419,q=100/b1/b197929345c26062160da18f41d0ec7e3039315b.jpg

အဲ့ဒီခရိုမိုဆုန်းတွေထဲက ၂၁ ခုမြောက် ခရိုမိုဆုန်းက ပုံမှန်မဟုတ်တဲ့အခါမှာတော့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုနှောင့်နှေးခြင်း နဲ့ မသန်စွမ်းခြင်းတွေဖြစ်လာပြီး ဒေါင်းဆင်ဒရုန်းရောဂါဖြစ်လာပါတော့တယ်။ မိခင် အသက်ကြီးမှ မွေးတဲ့ကလေးတွေဟာ ဒေါင်းဆင်ဒရုန်းရောဂါ ပါလာနိုင်ခြေများပြီး တကယ်လို့ မိခင်ဖြစ်သူက ဒေါင်းဆင်ဒရုန်းရောဂါပါတဲ့ ကလေးမွေးဖူးခဲ့မယ်ဆိုရင်တော့ နောက်မွေးလာမယ့်ကလေးတွေကလည်း ဒေါင်းဆင်ဒရုန်းရောဂါပါလာနိုင်ခြေများပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/b6/b649d683df86ce54524caeae560fcdcb65fbb08a.jpg

ဒေါင်းဆင်ဒရုန်းရောဂါရှိတဲ့ မွေးကင်းစကလေးဟာ ပုံမှန်အရွယ်အစားနဲ့ မွေးဖွားလာနိုင်ပေမယ့် ခန္ဓာကိုယ် ဖွံ့ဖြိုးတိုးတက်မှုနှုန်းကတော့ သာမန်ကလေးတွေထက် နှေးကွေးပါတယ်။

https://s9.kh1.co/__image/w=650,h=431,q=100/3f/3fa0076e8df994b116f78f1e9cde82bb7d9c60ea.jpg

ဒေါင်းဆင်ဒရုန်းရောဂါဆိုတာ ကုသလို့မရတဲ့ ရောဂါဖြစ်ပေမယ့် ဆေးဘက်ဆိုင်ရာ တိုးတက်မှုတွေလည်း ရှိလာတာကြောင့် ဒေါင်းဆင်ဒရုန်း ရှိသူများနဲ့ သူတို့ရဲ့ မိသားစုတွေအတွက် ကူညီပံ့ပိုးမှုတွေပေးတဲ့ အဖွဲ့အစည်းများစွာရှိနေပါပြီ။ ဒါကြောင့် ဒေါင်းဆင်ဒရုန်း ရောဂါအခြေအနေရဲ့ စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ဖို့အတွက် အခွင့်အလမ်းများစွာရှိနေပြီ ဖြစ်ပါတယ်။

source - cdc

Rain
Rain

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T