Justin Bieber ဘာလို့ လေဖြတ်သွားရတာလဲ၊ ဘယ်လိုကုသနေလဲ

//s9.kh1.co/eb/ebe1fa86db548b04bf7f674d41fd41b531209b39.jpg
ကျန်းမာရေးနှင့် အလှအပရေးရာ

 ၂၆-ဇွန်-၂၀၂၂ ၅pm · လွန်ခဲ့သော ၃ နှစ် က

Justin Bieber ဘာလို့ လေဖြတ်သွားရတာလဲ၊ ဘယ်လိုကုသနေလဲ

အားလုံးသိကြတဲ့ နာမည်‌ကြီး အဆိုတော် ဂျက်စတင်ဘီဘာဟာ သောကြာနေ့က မျက်နှာတခြမ်း လေဖြတ်ကာ ပါးရွဲ့သွားကြောင်း သူ့ပရိတ်သတ်တွေကို Instagram ကတဆင့်အသိပေးခဲ့ပြီး အားလုံးတအံ့တဩဖြစ်ခဲ့ရပါတယ်။ အဆိုတော် တယောက်အနေနဲ့ အခုလိုရောဂါမျိုးခံစားရ‌တာက သူ့ရဲ့အလုပ်အကိုင်အတွက် အများကြီးထိခိုက်စေပါတယ်။ ဂျက်စတင်ဘီဘာ ခံစားနေရတဲ့ မျက်နှာတခြမ်းလေဖြတ်တဲ့ Ramsay Hunt Syndrome ဆိုတာ ဘယ်လိုရောဂါလဲ၊ ဘယ်လိုကုသနိုင်လဲဆိုတာ ပြောပြပေးချင်ပါတယ်။

https://s9.kh1.co/__image/w=632,h=756,q=100/24/2479dd59d89c8a8e4a1797c0cc7622516dd76f26.jpg

Ramsay Hunt ဆိုတာ အာရုံကြောနဲ့ဆိုင်တဲ့ ရောဂါဖြစ်ပြီး variella ဆိုတဲ့ virus ပိုးကြောင့်ဖြစ်ပါတယ်။ အဲ့ဒိ variella ဆိုတဲ့ ဗိုင်းရပ်စ်ပိုးဆိုတာ ရေကျောက်ဖြစ်စေတဲ့ ဗိုင်းရပ်စ် ပိုးနဲ့အတူတူပဲဖြစ်ပြီး သူကခန္ဓာကိုယ်ထဲတခါရောက်ရင် တသက်လုံး နေထိုင်သွားနိုင်ပါတယ်။ ကိုယ်ခံအားနည်းတဲ့အချိန်တွေ မှာဗိုင်းရပ်စ်က မျက်နှာအာရုံကြော‌တွေ ကိုတိုက်ခိုက်ပြီး ရောင်းရမ်းပြီးယားယံစေပါတယ်။

https://s9.kh1.co/__image/w=650,h=270,q=100/9e/9e34c1e098e72a66a3a56bc8281afce518a73e08.jpg

မျက်နှာတခြမ်း‌ လေဖြတ်နိုင်ကာ ယောကျာ်းရော မိန်းမမှာပါဖြစ်တတ်ပြီး အသက်ကြီးတဲ့လူတွေမှာ ပိုပြီးဖြစ်နိုင်ပါတယ်။ ရောဂါဟာ မျက်နှာကိုပဲလေဖြတ်စေပေမယ့် ပြင်းထန်တဲ့အဆင့်မှာတော့ အကြားအာရုံကိုထိခိုက်စေပြီး တခါတရံမှာ အကြားအာရုံဆုံးရှုံးတဲ့အထိ ဖြစ်တတ်ပါတယ်။ ရောဂါကို အလွယ်တကူ ကုသပျောက်ကင်းနိုင်ပြီး လူတစ်ယောက်နဲ့ တစ်ယောက်သက်သာ ပျောက်ကင်းနိုင်တဲ့ အချိန်မတူပါဘူး။

https://s9.kh1.co/__image/w=480,h=252,q=100/f5/f5b4925e3b684e6c0674f509db260cab02efe3f9.webp

အချို့က ၁ပတ်လောက် ကုသပျောက်ကင်းနိုင်ပြီး၊ အချို့ကတော့ လနဲ့ချီကြာတတ်ပါတယ်။ ဆရာ၀န်တွေက ရောဂါဖြစ်လာရင် ဗိုင်းရပ်စ်သတ်ဆေးတွေ သောက်ခိုင်းပြီး၊ မျက်နှာလေ့ကျင့်ခန်းတွေ လုပ်ခိုင်းတတ်ပါတယ်။ ရှားပါးဖြစ်စဉ်တွေမှာတော့ ထာ၀စဉ်လေဖြတ်ပြီး အကြားအာရုံ လုံး၀ဆုံးရှုံးတတ်ပါသေးတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/eb/ebe1fa86db548b04bf7f674d41fd41b531209b39.jpg

ရောဂါဟာကာကွယ်နိုင်တဲ့ ရောဂါမဟုတ်တာကြောင့် အချိန်မရွေး အသက်အရွယ်မရွေး ဖြစ်နိုင်ပါတယ်။တိကျတဲ့ဆေးကုသမှု ခံယူလိုက်ရင်တော့ ခဏလေးနဲ့ပျောက်ကင်းနိုင်တဲ့ ရောဂါအမျိုးအစားလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဖော်ပြပါ လက္ခဏာတွေ ခံစားလာရပြီဆိုရင်တော့ ‌နီးစပ်ရာဆေးရုံကိုသွားပြီး ကုသမှူအမြန်ဆုံးခံယူသင့်ပါတယ်။ ကုသနိုင်တဲ့ ရောဂါဖြစ်တာကြောင့် ဂျက်စတင်ဘီဘာလည်း အမြန်ဆုံးသက်သာပြီး ရှိူးပွဲတွေပြန်လုပ်နိုင်ဖို့ဆုတောင်းပေးလိုက်ပါတယ်။

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T